ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားချောင်းကျေးရွာအနီး မြောက်ဘက် တောင်ကြောတွင် AA သောင်းကျန်းသူ တစ်ဦးခိုအောင်းလျက် ရှိကြောင်း ဧပြီ ၂၅ ရက်တွင် ဒေသခံပြည်သူများ၏ သတင်းပို့ ချက်အရ သိရှိခဲ့ရသည်။
ထိုသို့သတင်းရရှိခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက စပါးဆိပ်-ကုလားချောင်းနယ်မြေအတွင်း အသေးစိတ်ဖြန့်ခွဲ ရှင်းလင်းရှာဖွခေဲ့ရာ ကုလားချောင်း ကျေးရွာ၏မြောက်ဘက် မီတာ ၁၀၀၀ ခန့်တွင် AA သောင်းကျန်းသူအဖွဲ့မှ တပ်သား အဆင့်ရှိ ထွန်းထွန်းဝင်း ၃၁ နှစ်(ဘ)ဦးထွန်းခိုင်အား အမ်(၂၂)ပုံစံသေ နတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ချပ်ဝတ်တန်ဆာ ၁ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ သတင်းများဖော်ထုတ်၍ ရခိုင်ပြည် နယ်အတွင်း AA သောင်းကျန်းသူများ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေး အသေးစိတ်နယ်မြေရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Popular Myanmar News Journal

No comments:
Post a Comment