Monday, April 27, 2015

တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေး၊ ကျေးရွာ အုပ်စု အဆင့်ရွေးကောက်ပွဲကော်မရှင်များ အဓိကကျဟုဆို


ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပအမဖ ပါတီမှ ရွေးကောက်ပွဲကော်မတီ ဖွဲ့စည်းရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲအား တောင်ကြီးမြို့ ပအမဖ ရုံးချုပ်တွင် ၂ ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။ ဧပြီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်ကညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ပအမဖ ပါတီအနေနှင့်အမျိုးသား လွှတ်တော် တွင် ၃ နေရာ၊ ပြည်သူ့ လွှတ်တော်တွင် ၈ နေရာ ပြည်နယ် လွှတ်တော်တွင် ၁၂ နေရာ စုစုပေါင်း ၂၃ နေရာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်လျာထားလျှက်ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ ဒသနှင့် တောင်ကြီး မြို့နယ် တွင်လည်းအမျိုး သား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော် စသည့် မဲဆန္ဒနယ် ၃ နေရာတွင်လည်း ဝင် ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင် အထွေထွေအတွင်းရေးမှူး ခွန်မျိုးမြင့် ကပြောသည်။

ပအမဖ ပါတီအနေနှင့် ဝင်ရောက်ယှဉ်ပြိုင် မည်မဲဆန္ဒနယ်များအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီနှင့် ညှိနှိုင်းဆောင်ရွက်ရန် ရှိ ၊ မရှိနှင့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမြင်သဘောထားမေးမြန်းခဲ့ရာ -
“ မတ်ခ်ျလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ကျနော်တို့ (ပအမဖ)အနေနဲ့ ရှေ့လုပ် ငန်းစဉ်တွေ ၂၀၁၅ မှာဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် တွေလုပ်ဆောင်ချက်တွေ သဘော ထားတွေ (PNO) ပါတီကိုချပြပြီးပြီ။ (PNO) ပါတီဘက်ကတော့ သူတို့သဘောထားတွေကို ပြော မပြခဲ့ဘူး။ ကျနော့ အထင် ( PNO) နဲ့ ရှေ့လျှောက်ညှိနှိုင်းနိုင်ဖို့ သိပ်မမြင်ဘူး။ ဒါကြောင့် သီးခြားလွတ် လပ်စွာ ဝင်ရောက်ယှဉ် ပြိုင်သွားဖို့ဘဲရှိတယ်” ဟု ဖြေဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်သေးသရွေ့ လွတ်လပ်ပြီးတရား မျှတေ သာ ရွေးကောက်ပွဲဖြစ် ရေး မဖြစ်ရေး စောင့်ကြည့်ရန်လိုအပ်ကြောင်းနှင့်တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန် ကျေးရွာအုပ်စုအ ဆင့်ရှိ ရွေးကောက်ပွဲကော်မရှင် များ၌ အဓိက ကျသည်ဟု ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ပြော ဆိုသည် ။

ပအမဖ ပါတီအနေနှင့် မြို့နယ်အလိုက် အမတ်လောင်းများရွေးချယ်ထားသော် လည်းမြို့နယ် ကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူလူထုအများစုမှထောက်ခံသော အမတ်လောင်းများကိုသာ ဦးစားပေးရွေးချယ်သွားမည် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၁၉၅၀ ခုနှစ် ဩဂတ်စ်လ ၂ ရက်နေ့တွင် စတင် တည်ထောင်ပြီး ၁၉၅၂ ၊ ၁၉၅၆၊ ၁၉၆၀ တို့ တွင် ရွေးကောက်ပွဲအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ပါတီမှတ်ပုံ တင်နိုင်ခြင်း မရှိ သည့်အတွက် ၂၀၁၃ ခုနှစ်တွင် ပါတီမှတ်ပုံတင်အသစ်ဖြင့် ၂၀၁၅ ရွေးေ ကာက် ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု သိရသည်။

ဓါတ်ပုံ - မတ်ခ်ျလက PNO မှ ကျင်းပသော ရွေးကောက်ပွဲစည်းရုံးရေးနှင့် မဲဆန္ဒရှင် ပညာပေးလှုံ့ဆော်ခြင်း အလုပ်ရုံဆွေးနွေးပွဲ
Panglong(Burmese)

No comments:

Post a Comment

My Blog List