Monday, April 27, 2015

စစ်မှန်သော ရွေးကောက်ပွဲကြီး ဖြစ်ပေါ် လာစေရန် အထူးကြိုးစား လုပ်ဆောင်ကြဖို့ ဦးဝီရသူ တိုက်တွန်း


စစ်မှန်သော ရွေးကောက်ပွဲကြီး  ဖြစ်ပေါ် လာစေရန် အထူးကြိုးစား လုပ်ဆောင်ကြစေ လိုကြောင်း အစိုးရ အား ဆရာတော် ဦးဝီရသူက တိုက်တွန်း မိန့်ကြား လိုက်သည်။ နိုင်ငံရေး အရှုပ်အထွေးများ၊ ကျောင်းသား သပိတ်စစ်ကြောင်းအား အကြမ်းဖက် ခံရမှုများနှင့် အတူ နိုင်ငံရေး အခြေအနေများ မတည်မငြိမ် ဖြစ်နေ ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲကြီးအား ပြည်သူများ မျှော်လင့် တောင့်တနေသည့် စစ်မှန်၍ တရား မျှတသော ရွေးကောက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာရန် ကြိုးစားသင့်ကြောင်း ဆရာတော်မှ တိုက်တွန်း ထားသည်။ ၂၀၁၂ တုန်းကထက် စာရင်တော့ ပိုကောင်းမွန် လာမယ်။ 


ပိုပြီး တရားမျှတလာမယ်လို့တော့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီတုန်းကထက် စောင့်ကြည့် လေ့ လာရေး အဖွဲ့တွေက ပိုများလာတယ်။ အရင်တုန်းက သိပ်မှမရှိတာ။ ဦးပ္တွင်းတို့ အနေနဲ့ ကတော့ ဘယ်ပါတီ ကိုမှ ပေးရမယ်။ ဘယ်ပါတီ ကိုတော့ မပေးရဘူး ဆိုတာ မရှိပါဘူး။

ဒါပေမဲ့ ကိုယ့်နိုင်ငံကို တကယ် အကျိုးပြုမယ့် ပါတီ၊ အကျိုးပြုနိုင်မယ့် ပါတီနဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းနိုင်မယ့် ပါတီမျိုးကို ရွေးသင့်တယ်လို့တော့ အကြံပြုချင်ပါတယ်ဟု မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကြီးတွင် မဲလိမ်မှုများ၊ မဲပေးမသမာမှုများ၊ တရားမ၀င် မဲဆွယ် စည်းရုံးမှုများအပြင် ဘာသာရေး ဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ် လာခြင်း မရှိစေရန် အတွက် ရွေးကောက်ပွဲ ဆိုင်ရာ စောင့် ကြည့် လေ့လာရေးအဖွဲ့များမှ ပြည်တွင်း ပြည်ပများ နှင့်အတူ စောင့်ကြည့် လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။

လာမယ့် ရွေးကောက်ပွဲကို ယုံကြည်မှု ရှိခြင်း မရှိခြင်း ဆိုတာထက် တစ်သက်မှာ တစ်ခါမရဘူး သေးတဲ့ ဒီလိုအခွင့်အရေးမျိုး အတွက် အထူး ကြိုးစားပြီး လေ့လာ သွားမယ်။ ရွေးကောက်ပွဲကြီးက ဖြူချင် ဖြူမယ်၊ မည်းချင် မည်းမယ်၊ ဒါပေမဲ့ က၊ွန်တော်တို့ အနေနဲ့ ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ဖို့ အတွက်ကိုပဲ ဦးတည်ထားပါတယ်ဟု မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့် လေ့ လာရန် ကွန်ရက်မှ ဦးဆောင် လှုပ်ရှားသူ ကိုညီညီကျော်က ပြောသည်။

Messenger News Journal

No comments:

Post a Comment

My Blog List