Saturday, May 02, 2015

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ ဆိုးကျိုးများထည့်တွက်ဖို့ သမ္မတဦးသိန်းစိန် ပြော


အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ကြ ဖို့ နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ သတိပေးပြော ကြားလိုက်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြို့နယ် ခန်းမအားကစား ကွင်းမှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေး
ပို့တဲ့ သဝဏ်လွှာကို အလုပ်သမားအလုပ်အကိုင်နဲ့ လူမှု ဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"အလုပ်သမားများအတွက် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ပေးရာတွင် မြင့်မားစွာသတ်မှတ်ပေးပါက ကုန်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာပြီး ကုန်ဈေးနှုန်းများမြင့်မားလာနိုင်ခြင်း၊ အလုပ်သမားစရိတ် သက်
သာစေရန် အတွက် အလုပ်သမားအင်အားကိုလျော့ချပြီး စက်စွမ်းအားကို ပိုမိုအသုံးပြု လာနိုင်ခြင်းကြောင့် အလုပ်လက်မဲ့များ တိုးပွားလာနိုင်ခြင်းနဲ့ နောက်ဆုံး အခြေအနေတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိတော့
သဖြင့် စက်ရုံများ ပိတ်သိမ်းသွားသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်း စသည့် အလုပ်သမားထု
အတွက် မလိုလားအပ်သည့်ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သကဲ့သို့ လုပ်ခလစာမြင့်မားမှုကြောင့် နိုင်
ငံခြား ရင်းနှီးမြုတ်နှံမှုများ စီးဝင်နိုင်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးသက်ရောက်မှု များလည်း ရှိလာနိုင်ပါသည်"

ဒါ့အပြင် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခသတ်မှတ်ရေးကို အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဖက် မထိခိုက်အောင် နှစ်ဖက်သဘောတူညီမှု ရရှိရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း သမ္မတဦးသိန်းစိန် ရဲ့ သဝဏ်လွှာမှာပါရှိပါတယ်။

အစိုးရက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့နယ်ပေါင်း ၁ဝဝ ကျော်မှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခသက်မှတ်ဖို့ တစ်နေ့ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ရန်ကုန်တိုင်းဒေ
သကြီးက အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်ကုန်ကျနှုန်းဟာ ကျပ် ၃ ထောင်နှုန်း ကုန်ကျတယ်လို့ဆိုပြီး သတ်မှတ်ထားပါတယ်။

အလုပ်ရှင်တွေဖက်ကတော့ အလုပ်သမားတွေအတွက် တစ်ရက်ကျပ်တစ်ထောင့်ငါးရာလောက်သာ ပေးနိုင် မယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို မန္တလေးမြို့ စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List