Saturday, May 02, 2015

ပန်ဆန်းညီလာခံဖွင့်ပွဲ ပေါက်ယူချန် ဘာတွေပြောခဲ့သလဲ






တိုင်းရင်းသား ထိပ်သီးညီလာခံဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အဆုံးသတ်ဖို့ဖြစ်ပြီး တက်ရောက်လာတဲ့တိုင်းရင်း သားခေါင်းဆောင်တွေကြားမှာ အမြင်သဘောထားတွေ ဖလှယ်ဖို့ဖြစ်တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက် ယူချန်းက ပန်ဆန်းမှာကျင်းပတဲ့ မေလ ၁ရက်နေ့ ညီလာခံဖွင့်ပွဲမှာ ပြောဆိုလိုက်ပါတယ်။

သဘောထားအမြင်တွေဖလှယ်ပြီး တူညီတဲ့ သဘောထားတစ်ခုရဖို့နဲ့ အဲဒီသဘောထားတစ်ခုရခဲ့ရင်တော့ ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပြီး အဆုံးသတ်ကြမှသာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ထိုးမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့က မြန်မာအစိုးရနဲ့ NCCT ကြားစာချုပ်မူကြမ်း ကို သဘောတူခဲ့ပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒီစာချုပ်မူကြမ်းဟာစက္ကူပေါ်ကစာသားသက်သက်ပဲဖြစ် သွားမယ်လို့ ပေါက်ယူချန်က သတိပေးခဲ့ပါတယ်။

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ဝပြည်နယ်အဖြစ် အသိအမှတ်ပြုဖို့ နေပြည်တော်အစိုးရကို တင်ပြထားပြီးဖြစ်ပြီး အခုညီလာ ခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကလည်း ဝတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို စာနာ၊ နားလည်၊ ထောက်ခံဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ၆ရက်ကြာမယ့် ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ဝခေါင်းဆောင် ပေါက်ယူချန် က အလေးအနက် ပြောဆိုခဲ့ပါတယ်။

ဝပြည်နယ်ပေါ်ပေါက်ရေး ကျန်တိုင်းရင်းသားအဖွဲ့တွေအားလုံးက ထောက်ခံဖို့၊ အပစ်ရပ်ရေးလက်မှတ်ကို နိုင်ငံရေးဆွေးနွေး ပွဲတွေပြီးမှသာ အပြီးသတ်လက်မှတ်ထိုးဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ဘုံသဘောတူညီချက်တစ်ခု ပေါ်ပေါက်လာဖို့ အချက် ၃ချက်ကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီက အဓိကပြောဆိုခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List