Tuesday, April 28, 2015

"ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟုဒေါ်အောင်ဆန်းစုကြည်ပြော


မဲဆန္ဒနယ်တူနေသည့် အာဏာရပါတီမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သောဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ ကူညီပံ့ပိုးသမျှ အားလုံးကိုယူပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို သာ မဲပေးရန် NLD၏ ဥက္ကဋ္ဌဖြစ်သူ အတိုက်အ ခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ကကော့မှူးဒေသခံ များကိုပြောဆို လိုက်သည်။
ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အေင်ဆန်း စုကြည်က ကော့မှူး မဲဆန္ဒရှင်ပြည်သူ များနှင့် ဧပြီ ၂၇ရက်က သွားရောက် တွေ့ဆုံခဲ့သည်။

ကော့မှူးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များအပါအ၀င် ပါတီဝင်မဟုတ်သူ စုစုပေါင်း ၁၅၀ဦးခန့်နှင့် ဧပြီလ ၂၇ရက်၊ မွန်းလွှဲပိုင်း ကတွေ့ဆုံ စဉ် အထက်ပါ အတိုင်းပြော ဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့တွေ့ ဆုံစဉ်ကော့မှူး မြို့နယ်၊ အဖျောက်ကျေးရွာ မှဒေသခံ တစ်ဦးက ၎င်းတို့ကျေးရွာတွင် လူနာများ အားဆေးရုံသို့ အခမဲ့ ပို့ဆောင်နိုင်ရန် ကားတစ်စီး ထူထောင်ထားကြောင်း၊ ထိုကားအတွက် အောက်စီဂျင် ဗူးများလို အပ်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အထောက်အပံ့နှင့် အကြံဥာဏ်ပေး ရန်ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့သည်။

၎င်းတို့၏ လူနာတင်ကားအတွက် လိုအပ်ချက်များကို ငွေကျပ် သိန်း(၅၀)လှူဒါန်းသွားမည်ဟု ကော့မှူးမြို့နယ် အပါအဝင် မြို့နယ် ၃ခု၏ အမျိုးသား လွှတ်တော် အမတ်ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဧပြီလ ၂၆ရက်တွင် ကတိပေးခဲ့ကြောင်းလည်း အဆိုပါ ဒေသခံက တင်ပြခဲ့သည်။

အဆိုပါဒေသခံ၏ တင်ပြချက် အပေါ်ကော့မှူးမြို့နယ် မှပြည်သူ့ လွှတ်တော် အမတ်လည်းဖြစ် သူဒေါ်အောင် ဆန်းစုကြည်က " ဒီမှာ အားလုံး ရှိတုန်း၊ သတင်းထောက်တွေလည်း ရှိတုန်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ် ။ ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟုပြောဆို ခဲ့ခြင်းဖြစ်သည်။

လူနာတင်ကားတွင် လိုအပ်သည့် အောက်စီဂျင်ဗူးအတွက်ကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်းမာရေး ကွန်ယက်ကိုပြော လိုက်မည်ဟုဒေါ်အောင် ဆန်းစု ကြည်ကပြော ဆိုသွားသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သပိတ်မှောက် ခဲ့သည့် ၂၀၁၀ရွေးကောက် ပွဲ တွင်ပြည်ခိုင် ဖြိုးပါတီ ကိုယ်စားပြု ကာကော့မှူး၊ တွံတေး စသည့်မြို့နယ်သုံးခုတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ အမျိုးသား လွှတ်တော် အမတ်ဖြစ်လာ သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိ ကာပြည်သူ့ လွှတ်တော် အမတ်ဖြစ် လာသည့် အတိုက်အ ခံခေါင်းဆောင် တစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLDကိုသာ မဲပေးရန် အထက်ပါ အတိုင်းပြောဆို ခဲ့သော်လည်း ၎င်းတို့ ပါတီ အနေဖြင့် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ရန် တရားဝင်ကြေငြာ ထားခြင်း မရှိသေးပေ။

ထို့ပြင် ၂၀၁၅အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ရန် နည်းလမ်းတစ်ခုအဖြစ် သုံးနိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းပိုင်း ကနိုင်ငံခြား သတင်းဌာန ရိုက်တာနှင့်တွေ့ ဆုံစဉ်ပြောဆို ထားသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List