Wednesday, April 29, 2015

နိုင်ငံရေးပါတီများစုပေါင်းပြီး ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲများ၊ လူထုအစည်း အဝေးများနှင့် ငြိမ်းချမ်းရေးအပေါ် လူထုသဘောထားလက်မှတ်ကောက်ခံ မှုများ အကောင်အထည်မဖော်နိုင်သေး


နိုင်ငံရေးပါတီများစုပေါင်းပြီး ငြိမ်းချမ်းရေးဆန္ဒထုတ် ဖော်ပွဲများ၊ လူထုအစည်းအဝေးများ နှင့်ငြိမ်းချမ်းရေး အပေါ်လူထုသဘောထားလက်မှတ် ကောက်ခံမှုများပြု လုပ်မည်ဆိုသော်လည်း အခက်အခဲအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်သေးကြောင်း သိရ သည်။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ဘားအံ၊ မကွေး၊ ပဲခူးနှင့်ပုသိမ် စသည့် မြို့ကြီးခုနစ်မြို့တို့တွင် အထက်ပါ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လုပ် ငန်းများဆောင်ရွက်ရန် ''ပါတီစုံငြိမ်း ချမ်းရေးပူးပေါင်းဆောင်ရွက်မှု အလုပ် ကော်မတီ''က ယခုနှစ် ဖေဖော်ဝါရီ လကပင် ဆုံးဖြတ်ထားကြခြင်းဖြစ် သည်။

ယင်းလုပ်ငန်းများစတင်ရန် ငွေကြေးမလုံလောက်ခြင်း၊ ဒေသ အချို့တွင် လူမှုအဖွဲ့အစည်းအချို့ ၏အကူ အညီမရရှိခြင်း၊ အချို့နယ် မြေများတွင် တည်ငြိမ်အေးချမ်းမှုမ ရှိသည့်အတွက်ဖြစ်ကြောင်း ပါတီစုံ ငြိမ်း ချမ်းရေးပူးပေါင်းဆောင်ရွက်မှု အလုပ်ကော်မတီတွင်ပါဝင်သူ ညီညွတ် သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး လှမြင့်က ပြောသည်။

''တချို့နယ်မြေတွေက မအေး ချမ်းသေးတော့ အဲဒီလိုငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး ပွဲတွေလုပ်မယ်ဆိုရင် အထင်လွဲမှုတွေရှိနိုင်တယ်ဆိုပြီး လုပ် ဖို့အဆင်မပြေသေးဘူး''ဟု ယင်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော် မတီနှင့်တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်(မူကြမ်း)ကို လက်မှတ်ရေး ထိုး ထားကြရာ ယင်းတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဟော ပြောခြင်း များကိုသာ လုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။

''ပါတီစုံငြိမ်းချမ်းရေးပူးပေါင်း ဆောင်ရွက်မှုအလုပ်ကော်မတီ'' ကို ညီညွတ်သောဒီမိုကရက်တစ် ပါတီ ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ် များအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုမြန် မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုး တက်ရေးပါတီနှင့်အမျိုးသားဒီ မိုကရေစီအင်အားစုပါတီတို့မှ တာ ဝန်ရှိသူများဖြင့် ၂ဝ၁၄ခုနှစ်ဒီဇင်ဘာ လအတွင်းက ဖွဲ့စည်းထားခြင်းဖြစ် သည်။

NTDW
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List