Wednesday, April 29, 2015

မည်သည့်ပါတီဝင်မဆို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကူညီမည်ဟုဆို


ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတည်ထောင်ထားခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာ မဟုတ် ဘဲ မည်သည့် ပါတီဝင်များကိုမဆိုအကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
ကော့မှူးမြို့နယ်တွင် တည် ထောင်ထားသော ဒေါ်ခင်ကြည် ဖောင်းဒေးရှင်းသည် ပြည်သူများအား ကူညီပေး ရန် တည်ထောင်ထားခြင်းဖြစ်ကာ နိုင်ငံအတွက် အထောက်အကူပြုမည့် လုပ်ငန်းများ အကောင်အ ထည်ဖော်နေ ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော သည်။

‘‘ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ပြည်သူတွေကို ကူတဲ့အခါမှာ ဘယ်ပါတီဝင်ဆိုတာ ကျွန်မတို့ ကြည့်တာ မဟုတ်ဘူး။ ဒါနဲ့ ဘာမှမဆိုင်ဘူး။ ပြည်သူတွေအတွက် အထောက်အကူဖြစ်မယ့် ကျွန်မတို့ နိုင်ငံတိုး တက်ရေးအတွက် အထောက်အကူ ဖြစ်မယ့် လုပ်ငန်းကိစ္စတွေကို ကျွန်မတို့အ ကောင်အထည်ဖော် တာ’’ဟု ဧပြီ ၂၇ ရက်တွင် ကော့မှူးမြို့နယ် ဒေသခံများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၂၇ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်း စုကြည်သည်၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်သို့သွားရောက် ကာ ဒေသခံပြည်သူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ဧပြီအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဖွဲ့စည်းထူထောင်ခဲ့ကာ လူငယ်များအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဟိုတယ်လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းများ၊ ရွေ့လျား စာကြည့် တိုက်များနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ - NLD Chairperson)
7Day Daily


No comments:

Post a Comment

My Blog List