Thursday, April 30, 2015

ဖမ်းဆီးခံကျောင်းသားများနှင့်ဝန်းရံသူများအတွက် ထောင်တွင်းသို့ ခြင်ထောင် သွင်းခွင့်ပြု


သာယာဝတီထောင်အတွင်းဖမ်းဆီးခံထားရသည့်သပိတ် မှောက်ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများ ညအချိန်တွင် ပိုးမွှားအန္တရာယ် ကာကွယ်ရန်   ခြင်ထောင်သွင်းခွင့်ပြုလိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသတင်း ရရှိသည်။
သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများအတွက်ခြင်ထောင်များ ကို သာယာဝတီ ထောင်သို့ ဧပြီ ၂၉ရက်တွင်စတင် သွင်းခွင့်ပြုလိုက်ပြီး လုံခြုံရေးအ ခြေအနေအရ ခြင်ထောင်အပါးကို သာ ခွင့်ပြု ထားကြောင်း ပဲခူးတိုင်း ဒေသကြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့ မှူးရဲမှူးကြီးဝင်းစိန်ကပြောသည်။

 ‘‘သူတို့အရင်ကတည်းက ခြင်ထောင်သွင်းခွင့်ပေးဖို့ သာယာဝတီထောင်ကို တင်ပြထားတယ်။ အခုလည်း မိုးရွာထားတော့ ခြင်ရော၊ တခြားပိုးကောင်တွေ လည်း ကိုက်တယ်ပြောတယ်။  အဲဒါကြောင့် သူတို့အစီ အစဉ်နဲ့သူတို့ ခြင်ထောင်သွင်းခွင့် ပေးထားတယ်။လုံခြုံရေးအခြေအနေအရ မြင်နိုင်တဲ့ခြင်ထောင် ပါး ပါးလေးတွေ ခွင့်ပြုထားတယ်’’ ဟု ရဲမှူးကြီးဝင်းစိန်ကပြောသည်။

 ကျောင်းသားပင်မသပိတ် စစ်ကြောင်းကို လက်ပံတန်းမြို့၌ မတ်လ ၁၀ရက်တွင် ရဲများက အကြမ်းဖက်ဖြို ခွင်းပြီးနောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ များကို သာယာဝတီထောင်အတွင်း ဖမ်းဆီးထားပြီး ညအိပ် ချိန်တွင် ခြင်နှင့် အခြားပိုးမွှားများကိုက်ခဲမှုများကြောင့် ၎င်းတို့တွင်ယားနာအဖုများဖြစ်နေကြောင်း ကျောင်း သား များက မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

‘‘သာယာဝတီထောင်မှာမိုး ရွာလိုက်တော့  ညဘက်ကျရင် အကောင်တွေများတယ်။  အဲဒါ ကြောင့် ညအိပ်ရတာနည်းနည်း ခက်တယ်။ ခြင်ထောင် လည်းမရ တော့ ညအိပ်တဲ့အခါကျရင်ပန်း လိုက်ရင် အရေပြားကိုလောင် သွားတဲ့  မီးပန်းကောင်လို  အ ကောင်တွေလာပြီး ကိုက်တယ်။ ညအိပ်တဲ့အခါကျတော့ ကုတ်ရင်း ဖဲ့ရင်းနဲ့ပဲ ယားနာလေးတွေဖြစ်ကြ တယ်’’ဟု ကျောင်းသားခေါင်း ဆောင်ကိုနန္ဒာစစ်အောင်က ဧပြီ ၂၃ရက် ရုံးချိန်းတွင် လက်ပံတန်း မြို့နယ် တရားရုံး၌ မီဒီယာများနှင့် တွေ့ဆုံ စဉ်ပြောကြားသည်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည် သူများ ၊ အာမခံဖြင့် ပြန်လွှတ် သည့်ဝန်းရံပြည်သူ ၁၁ဦးတို့ကို ဧပြီ၃၀ရက်တွင် သာယာဝတီမြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး ရန် ခွင့်ပြုထားကြောင်း ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။

လက်ပံတန်းမြို့နယ်တရားရုံးက သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့်ကျောင်းသား နှင့် ၀န်းရံပြည် သူ ၆၉ဦးနှင့်ရန်ကုန် မြို့၌ ဖမ်းဆီးခံရသည့်ကျောင်း သားခေါင်းဆောင် နန္ဒာစစ်အောင် တို့ကို ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ် မ ၁၄၇၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ၀န်းရံပြည်သူ ၁၁ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့် တရားစွဲ၍ အာမခံဖြင့်  ပြန်လွှတ်ပေးခဲ့ကာ  ဖမ်းဆီးမခံရဘဲ လွတ်မြောက်နေ သည့် ကျောင်းသားခေါင်းဆောင်ကျော်ကိုကို၊ ရဲရင့်ကျော်၊ နန္ဒာစစ် အောင် တို့နှင့် မြတ်သူတို့ကိုဖမ်း ဆီးရန် ကြေညာခဲ့သည်။


7Day daily

No comments:

Post a Comment

My Blog List