Tuesday, April 28, 2015

သြစီ ၂ ဦးရဲ့ နောက်ဆုံးချိန်မှာ ဝိဥာဉ်ရေး အားပေးမှု မရ


အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ် ကုန်ကူးမှုနဲ့ သေဒဏ် ပေးခံရတဲ့ Andrew Chan နဲ့ Myuran Sukumaran တို့ဟာ သူတို့ရဲ့ နောက်ဆုံးအချိန်မှာ ဝိဥာဉ်ရေးရာအတွက် အားပေးမှု တောင်းခံခဲ့ပေမယ့် အင်ဒိုနီးရှား က ငြင်းပယ်ထားတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ် ကျခံနေရတဲ့ သြစတြေးလျနိုင်ငံသား နှစ်ယောက်နဲ့ တခြား နိုင်ငံသား ၇ ယောက်တို့အတွက် ဒီကနေ့ဟာ အသက်ရှင်ရဖို့ နောက်ဆုံးရက် ဖြစ်ဖို့ အလားအလာ ပိုများလာပြီ ဖြစ်ပါ တယ်။

သူတို့ကို ကွပ်မြက်မယ်ဆိုတဲ့ အသိပေးစာကို ပေးပို့တာ ၇၂ နာရီ ရှိသွားပြီမို့  ဒီညသန်းခေါင် နောက်ပိုင်း ကစပြီး အချိန်မရွေး ကွပ်မြက်ခံရတော့မယ့် အနေအထားမှာ ရှိနေတာပါ။

သူတို့နှစ်ယောက်ကို အားပေးမယ့် သင်းအုပ်ဆရာတွေက ထောင်ထဲကို ဝင်ခွင့် ပေးဖို့ တောင်းဆိုထားပေ မယ့် ငြင်းပယ်ခံနေရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ အဲဒီ အကျဉ်းသားတွေ ၉ ယောက်ကို ဘယ်အချိန် ပစ်သတ်မလဲ ဆိုတာကို တရားဝင် ပြောဆိုထားခြင်း မရှိသေးပေမယ့် ကွပ်မြက်မယ့် အချိန် နီးကပ်ပြီလို့ ခံစားကြရတဲ့ အတွက် မိသားစုဝင်တွေကလည်း အကျဉ်းသားတွေ ရှိရာကို လည်ပတ်နေကြပြီ ဖြစ်ပါတယ်။

ကွပ်မြက်မယ့် အချိန်မတိုင်ခင်မှာတော့ မိသားစုတွေ အားလုံး အကျဉ်းထောင်ကနေ ထွက်ခွာရမှာ ဖြစ်ပြီး ဘာသာရေး ဆရာတွေကသာ အကျဉ်းသားတွေနဲ့ နောက်ဆုံး နေခဲ့ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဥပဒေမှာလည်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကို နောက်ဆုံးအချိန် မတိုင်ခင် ဝင်ခွင့်ပေးပေမယ့် အခုအခါမှာ ဘာကြောင့် ဝင်ခွင့် ပိတ်ပင်သလဲ ဆိုတာ မသိရသေးပါဘူး။

သေဆုံးရမယ့်အချိန် နီးကပ်လာတာနဲ့အမျှ သေမိန့်ကျခံနေရတဲ့ သြစတြေးလျ နိုင်ငံသား Andrew Chan က သူ့နဲ့ စေ့စပ်ထားတဲ့ Feby ကို အင်ဒိုနီးရှား အကျဉ်းထောင်ထဲမှာပဲ လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ကတော့ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပြီး အကြောင်းရင်းကတော့ Feby နဲ့ Andrew တို့က လက်ထပ် ခဲ့ကြတဲ့အတွက် ဖြစ်တယ်လို့ Andrew နဲ့ ညီအစ်ကို တော်သူ မိုက်ကယ်က ပြောပါတယ်။

အကျဉ်းထောင်မှာ လက်ထပ်တယ်ဆိုပေမယ့်လည်း ပျော်စရာ ကောင်းတဲ့ အချိန်ဖြစ်ပြီး ဒီလို ပျော်စရာ အချိန်မျိုး အနာဂတ်မှာလည်း ဒီဇနီး မောင်နှံ နှစ်ယောက်ကို ရရှိစေချင်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် Andrew အပေါ် ညှာတာတဲ့အနေနဲ့ မကွက်မြက်ဖို့ အင်ဒိုနီးရှား သမ္မတကို ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List