Saturday, May 02, 2015

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ သဘောထားထုတ်ပြန်ရန်ရှိ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၏ သဘောထားကို ပန်ဆန်းထိပ်သီးအစည်းအဝေး ဒုတိယနေ့ (မေလ ၂ ရက် )တွင် တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးအစည်း အဝေးကို UWSPဗဟိုဌာနချုပ်ရှိရာ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့ တွင် မေလ ၁ ရက်မှ စတင်၍ ပြုလုပ်နေသည်။

အစည်းအဝေး ပထမနေ့ တွင် အစိုးရတပ်မတော်နှင့် တိုက် ပွဲများ ဖြစ် ပွားနေသော ကေအိုင် အို၊ မြန်မာ့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(ကိုးကန့်အဖွဲ့)၊ ရက္ခိုင့်တပ်မတော် (AA)  အပါအ၀င် အဖွဲ့ခြောက်ဖွဲ့က သဘောထားများ တင်ပြခဲ့ကြောင်း တိုင်းရင်းသားကိုယ် စားလှယ်များ က ပြောသည်။

UWSP ၏ သဘောထားကို အစည်းအဝေး ဒုတိယနေ့တွင် တင်ပြမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

‘‘မနက်ဖြန်လောက်မှ အကုန်ပြန်ပေါင်းချုပ်ပြီး ဘယ်အချက်က ဆွေးနွေးသင့်တယ်၊ ဘယ်အချက်က အားလုံး သဘောတူလက်ခံ တယ်၊ ဘယ်ဟာက ညှိနှိုင်းသင့် တယ်ဆိုတာ နည်းနည်းခွဲရမယ်။ ခုချိန်ထိတော့ အဖွဲ့ တစ်ဖွဲ့စီရဲ့ သဘောထားတင်ပြတဲ့ အဆင့်ပဲရှိသေးတယ်’’ဟု ၎င်းကပြောသည်။

‘၀’ပြည် သွေးစည်းညီညွတ် ရေးတပ်မတော် စစ်သေနာပတိ ချုပ် ဦးပေါက်ယူချန်က အစည်းအဝေးကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်း သား ခေါင်းဆောင်များနှင့် အတွေးအမြင် ညှိနှိုင်းဖလှယ်ကာ တူသည်များကို ရှေ့ထား၊ မတူသည်များကို ထိန်းသိမ်းရေး အမြင်သဘောထား ရရှိရန်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးစာချုပ်တစ်ခု ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း အဖွင့်အမှာ စကား တွင် ပြောကြားသည်။

‘‘ခေါင်းဆောင်တွေ အကုန် လုံး ပြဿနာတွေကို ဖြေရှင်းပေးဖို့ အဆုံးအဖြတ်ပေးမယ့် အင်မတန်အရေးကြီး တဲ့ အစည်းအဝေးတစ်ခုလို့ ပြောချင်တယ်’’ဟု ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကပြော သည်။

7Day News Journal


No comments:

Post a Comment

My Blog List