Wednesday, April 29, 2015

သြစီ၂ဦး ကွပ်မြက်ခံရပြီးနောက် အင်ဒိုရောက် သံအမတ်ကို ပြန်ခေါ်


သြစတြေးလျနိုင်ငံသား Andrew Chan နဲ့ Myuran Sukumaran တို့ကို အင်ဒိုနီးရှားက ကွပ်မြက်လိုက်တာ ကို သြစတြေးလျက ကန့်ကွက်တဲ့အနေနဲ့ သြစတြေးလျ အစိုးရက သံအမတ်ကို ပြန်လာဖို့ ညွန်ကြားလိုက် ပြီ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံသား နှစ်ဦးနဲ့အတူ တခြား လူ ၆ ယောက်လည်း မူးယစ်ဆေးဝါး ကုန်ကူး မှုနဲ့ ကွပ်မြက်ခံခဲ့ရတာပါ။
ဒီမနက် အစောပိုင်းမှာပဲ အသက် ၃၁ နှစ်အရွယ် Andrew Chan နဲ့ အသက် ၃၄ နှစ်အရွယ် Myuran Sukumaran တို့ ပစ်သတ်ခံခဲ့ရတာပါ။

အင်ဒိုနီးရှားနိုင်ငံကနေ သြစတြေးလျနိုင်ငံကို မူးယစ်ဆေးဝါး ၈ ကီလို တင်သွင်းဖို့ ကြိုးစားတုန်း ဖမ်းဆီးခံခဲ့ ရတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသား နှစ်ဦး ကွပ်မြက်ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံသားတွေအကြား အမြင် အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

တချို့ကလည်း မူးယစ်ကြောင့် လူတွေ အများကြီး သေဆုံးရတဲ့အတွက် ဒီနှစ်ယောက်ကို သေဒဏ် ပေးသင့် တယ်လို့ ယူဆကြပါတယ်။

တချို့ကတော့ သေဒဏ်ပေးရုံနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက်ဖျက်ရေးကို မစွမ်းဆောင်နိုင်ဘူးလို့ ပြောပါ တယ်။

တချို့ကလည်း အဲဒီ လူတွေဟာ အကျဉ်းထောင်မှာ ၁၀ နှစ်ကြာ နေထိုင်လာခဲ့ပြီး နောင်တရလို့ လူကောင်း ပြန်ဖြစ်လာချိန်မှာ သေဒဏ် မပေးသင့်တော့ဘူးလို့ အမျိုးမျိုး ပြောဆိုကြပါတယ်။

သြစတြေးလျနိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို အင်ဒိုနီးရှားက သြစတြေးလျ အာဏာပိုင်တွေရဲ့ လက်ထဲကို လွဲအပ်လိုက်ပြီး သြစတြေးလျကို ပြန်သယ်လာပြီး မြေမြုပ် သဂြိုလ်ဖို့ ရှိပါတယ်။

ကွပ်မြက်ခံရမယ့် စာရင်းမှာ လူ ၉ ဦး ပါဝင်ခဲ့ပေမယ့် ဖိလစ်ပိုင်နိုင်ငံသူ တစ်ဦးကိုတော့ အင်ဒိုနီးရှားက အသက်ချမ်းသာခွင့် ပေးလိုက်ပါတယ်။

လောလောဆယ် ကွပ်မြက်ခံရမယ့် လူတွေရဲ့ စာရင်းထဲက လွတ်မြောက် သွားတဲ့ ဖိလစ်ပိုင် အမျိုးသမီးရဲ့ မိသားစုကတော့ ဒါဟာ ဘုန်းအာဏုဘော် ပြသမှုပဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ကွပ်မြက်ခံရသူထဲမှာ ပြင်သစ်နိုင်ငံသားလည်း ပါဝင်ပြီး ပြင်သစ်အစိုးရ ကလည်း သူ့နိုင်ငံသားကို ကွပ်မြက် ရင် အင်ဒိုနီးရှားနဲ့ သံတမန် ဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ABC


No comments:

Post a Comment

My Blog List