Tuesday, April 28, 2015

ဂျပန်နဲ့ ကန်တို့ သမိုင်းဝင် သဘောတူညီချက်ရ


အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က သမိုင်းဝင်တဲ့ သဘောတူညီမှု တစ်ခုကို ချမှတ်နိုင်ခဲ့ပြီး ဂျပန် စစ်တပ်ကို လုပ်ကိုင်ခွင့် အာဏာ ပိုပေးတဲ့ သဘောတူ ညီချက် ဖြစ်ပါတယ်။ သဘောတူညီချက်အရ အမေရိကန် ကို နိုင်ငံတစ်ခုခုက ခြိမ်းခြောက် တိုက်ခိုက်လာပြီဆိုရင် ဂျပန်က သူ့ရဲ့ စစ်သင်္ဘောတွေကို အသုံးပြုပြီး အမေရိကန်ကို ကူညီခွင့် ရမှာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ကာကွယ်ရေးဝန်ကြီး Ashton Carter တို့က ဂျပန်နိုင် ငံခြားရေး ဝန်ကြီး Fumio Kishida နဲ့ ကာကွယ်ရေးဝန်ကြီး Gen Nakatani တို့နဲ့ နယူးယောက်မြို့မှာ တွေ့ ဆုံပြီး သဘောတူခဲ့ကြတာပါ။

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေ များလာတဲ့နောက်ပိုင်း အခုလို အမေရိကန်နဲ့ ဂျပန်တို့ သဘောတူကြတာ ဖြစ်ပါ တယ်။

တရုတ်ကို ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြောဆိုကြ ပေမယ့် တောင်တရုတ်ပင်လယ် နဲ့ အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ်က နယ်ချဲ့နေတာတွေက စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောဆိုနေ ကြပါတယ်။

ဒီသဘောတူညီချက်က ဂျပန်လုံခြုံရေးအတွက် ကောင်းမွန်သလို အာရှ-ပစိဖိတ်ဒေသမှာ တည်ငြိမ် အေးချမ်း မှု ပိုဖြစ်စေမှာ ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရက ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List