Thursday, April 30, 2015

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပေါ် သုံးသပ်ချက်


မကြာခင်က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအပေါ် အမြင်အမျိုးမျိုး ထွက်ပေါ်လာတာ တွေ့ရပါ တယ်။ တချို့ကလည်း အ ကောင်းမြင် ကြတယ်။ တချို့ကလည်း ထင်ထားသလောက် လောက်လောက် လားလား ဖြစ်မလာဘူးဆိုပြီး စိတ်ပျက်တဲ့ သဘောပြောကြ ရေးကြတယ်။
ကျွန်တော်ကတော့ အစက တည်းက အများကြီး ထင်မထား ဘူး။ ဒါကြောင့် ဒီလို ရလဒ်မျိုး ထွက်လာတာ ကိုလည်း သိပ်တော့ မအံ့သြပါဘူး။ ပထမဆုံး ဘာ ကြောင့် သိပ် များများ မျော်လင့် မထားသလဲဆိုတာ တွက်ပြပါမယ်။

ကျွန်တော်ကတော့ ဒီခြောက်ပွင့်ကို ကြွေပစ်သလိုပဲ မျက်စိထဲမှာ မြင်နေမိတယ်။ ကြွေမှာလည်း တစ် စိတ်၊ တစ် ဗာယာ၊ တစ်ခြောက်၊ သုံးပေါက်၊ လေးပေါက် စသည် ဖြင့် ကြွေအမှောက် အလှန် ပေါ်မူ တည်ပြီး အပေါက်တွေ ရှိတယ် မဟုတ်လား။ အခု ခြောက်ပွင့် ကို ပဲ သင်္ချာနည်းနဲ့ Combination Permutation ပုံစံတွေ ဖွဲ့ပြီးတွက် ကြည့်မယ် ဆိုရင်လည်း ပုံစံအတွဲ အမျိုးမျိုး ထွက်လာပါလိမ့်မယ်။

တချို့တွေ တွက်ကြသလို Us Vs Them ပုံစံနဲ့ အစိုးရ၊ အတိုက် အခံဆိုပြီး ကြည့်ရင်တော့ လေး အချိုးနှစ် ပုံစံ ထွက်လာမှာပါ။ အဲဒီ အခါကျရင် အစိုးရ (အာဏာရ) အုပ်စု က အားများလို့ အတိုက်အခံ တွေ Voice မရှိတဲ့ အတွက် မျှော် မှန်းတဲ့ရလဒ် မထွက်တာ ဆိုတဲ့ ကောက်ချက် ထွက်လာနိုင်ပါတယ်။

အစိုးရနဲ့ လွှတ်တော်ဆိုတဲ့ ပုံ စံနဲ့ အစု ဖွဲ့ကြည့်ရင်တော့ ခုနကနဲ့ ပြောင်းပြန် နှစ် အချိုး လေး ပုံစံ ထွက်လာ ပါလိမ့်မယ်။ အဲဒီအခါ ကျ တော့လည်း အားမျှခြေမညီ လို့ အ ပိတ် ကစားသွားတာ ဆိုတဲ့ တွက် နည်းပေါ် လာဦးမှာပါ။

ကျွန်တော်ကတော့ ဒီပွဲကို နှစ်ယောက်တွဲ၊ သုံးအုပ်စု တြိဂံ ပုံစံနဲ့ မြင်တယ်။ ရွေးကောက်ပွဲ မလွတ်လပ် မှာကို စိုးရိမ်တာ မရှိနိုင်ပါဘူး။

ဒီ လောက် နိုင်ငံတကာ နဲ့ ပြည်တွင်း က မျက်လုံး ဒေါက်ထောက်ပြီး ကြည့်နေကြတာ မဟုတ်တာ လုပ်ဖို့ ခက်မယ် ဆိုတာ သိပြီးသားပါ။

 ပြည်ခိုင်ဖြိုး မှာက လာမယ့် ရွေးကောက်ပွဲ အတွက် ဂူတစ်ခု တည်း ခြင်္သေ့က နှစ်ကောင် ဖြစ် နေပြီ။ ဒါ့အပြင် ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုး မဲ ဘယ်လောက်ရ မယ်၊ မရ ဘူး ဆိုတာကလည်း သိပ် သေချာလှ တာ မဟုတ်ဘူး ဆိုတော့ ရေရာ သေချာဖို့အတွက် ဆိုရင် စစ် တုရင် ကစားကွက်နဲ့ ”ခွချက်” လုပ် ထား ဖို့တော့ လိုမှာပါ။ ဒီတော့ နိပါတ်တော်ထဲက ဆိတ် နဲ့ ခွေးတို့ မြက်ထုံးနဲ့ အမဲသားလဲ စားသလို အပြန် အလှန် မှီခို ပူးပေါင်း ဆောင်ရွက်ရတော့မှာပေါ့။ ဘယ်ပါတီ နဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြော ထားတာလည်း ရှိတယ်လေ။

သို့သော်လည်း ဇာတ်ညွှန်းအ ရ လိုက်ပြီး ကကြဖို့ ဆိုရင် လိုနေ တာလေးတွေ ရှိလိမ့်မယ်။ ဘာတွေ လဲဆိုတော့ ဆွဲဆောင်မှု  Incentive ပေါ့။ လွှတ်တော်မှာ တပ်က ယူ ထားတဲ့ ၂၅ ရာခိုင်နှုန်းကို ဖြုတ်ပြီး တပ်မတော်သားတွေ စစ်တန်းလျား ပြန်စေချင်တယ်ဆိုရင် သူတို့ အေးအေးဆေးဆေး စိတ်ချလက်ချ ပြန် ချင်အောင် အခြေအနေ ဖန်တီးပေးဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ လစ်ဘရယ် ဒီမိုကရေစီ စံနှုန်း အပြည့်ကို အတင်း အကျပ် ချက်ချင်း လက်ငင်း မရမနေ ပေး ကိုပေးရမယ် ဆို ပြီး တောင်းဆိုနေ မယ်ဆိုရင်တော့ ဈေးတည့်ဖို့ မလွယ်ဘူးလို့ပဲ မြင်မိ ပါတယ်။

အင်ဒိုနီးရှားလို တပ်နဲ့ လူထု အကြားမှာ ယုံကြည်မှု တည် ဆောက်ရေး ပြဿနာ ကြီးကြီးမား မား မရှိတဲ့ နိုင်ငံ၊ လက်နက်ကိုင် ပဋိပက္ခ များများစားစား မရှိတဲ့ နိုင်ငံတောင်မှ လွှတ်တော်ထဲက တပ်ခွဲတမ်း ကို ဖြုတ် ဖို့ ခြောက်နှစ် ကြာခဲ့သေးတယ်။ ဒါတောင်မှ ၂ဝဝ၄ ခုနှစ် မှာ အာချေးဒေသ ပဋိပက္ခဟာ ဆူနာမီ ရေဘေး ဒဏ် ကြောင့် နှစ်ဖက်စလုံးက မလွှဲ မရှောင်သာ လျှော့ကြရပြီး ငြိမ်း ချမ်းရေး ရသွားတော့မှ တပ်အတွက် စိတ်ချ လက်ချ ဖြစ် သွားစေခဲ့တာပါ။ ဒါ့အပြင် အရပ် ဘက်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်ဘက် အကြား မှာလည်း ဆက်ဆံရေးက အတော် ကောင်းခဲ့တာ တွေ့ရပါ တယ်။ ကိုယ့်နိုင်ငံရဲ့ လက်ရှိ အခြေ အနေ ကတော့ သိတဲ့အတိုင်းပါပဲ။ အရှိကို အရှိအတိုင်း ထည့်သွင်း စဉ်းစားမှလည်း ဈေးတည့်အောင် ညှိလို့ရကြ လိမ့်မယ် ထင်ပါတယ်။

ပထမ အကြိမ် ဆွေးနွေးပွဲမှာ ဘာတွေရခဲ့သလဲ လို့ ပြန်ကြည့်ရင် ပထမဆုံး ကတော့ ဒီလို ခြောက်ဦး ဆုံဖြစ်တာ ကပဲ အတော် ဟုတ်နေပြီ လို့ ပြောရမှာပါ။ ဒုတိယ ကတော့ ဒီ ဆွေးနွေးပွဲကို ဆက်ပြီး ပုံမှန်လုပ် သွားဖို့ အစီအစဉ် ရှိတယ် ဆိုတာ ပါပဲ။ ဒီလိုပြော ရတာက သူများ တွေအတွက် လွယ်လွယ်လေး နဲ့ လုပ်လို့ရတဲ့ ကိစ္စတွေ ဟာ မြန်မာ နိုင်ငံမှာတော့ အတော်ကို ခက်နေ တာတွေ ရှိတတ်လို့ပါ။ ဆွေးနွေး ရမယ့် အကြောင်းအရာတွေ က လည်း တစ်ခုမှ လွယ်လွယ် နဲ့ ဖြေ ရှင်းနိုင်စရာ မ ရှိလေတော့ ချက် ချင်း ရလဒ် မထွက် လာနိုင်ရင်လည်း စိတ်ပျက်စရာ မရှိဘူးလို့ ထင်ပါ တယ်။

အမှန်ပြော ရရင်တော့ ပြေ လည်ချင်ဇောနဲ့ မြန်မြန်စဉ်း စားပြီး ချက်ချင်း ဆုံးဖြတ် လိုက်ကြမှာ တောင် စိုးရိမ်မိပါသေးတယ်။ ကမ္ဘာ ကျော် သိပ္ပံပညာရှင်ကြီး အိုင်းစ တိုင်း ပြောတာ ကြားဖူးပါတယ်။ သူ့အနေ နဲ့ပြဿနာ တစ်ခုကိုဖြေ ရှင်းဖို့ အချိန် တစ်နာရီ ရမယ်ဆိုရင် မိနစ်ငါးဆယ် ကိုပြဿနာရဲ့အကြောင်း ရင်းမြစ်ရှာဖွေ ရာမှာ သုံးပြီး ဆုံး ဖြတ်ချက် ချဖို့အတွက်တော့ ဆယ် မိနစ်ပဲ သုံးမယ်လို့ ဆိုပါတယ်။ ဒီ မှာ တော့တော်တော် များများက အိုင်း စတိုင်း သီအိုရီရဲ့ ပြောင်းပြန်ကိုပဲ သုံးတတ်ကြတာ များလို့ပါ။ ဖြစ်တတ် ကြတာကပြဿနာရဲ့ အကြောင်းရင်းကို ဘယ်တော့မှ အချိန်ပေးပြီး မရှာဖွေ မစဉ်းစားဘူး။ စိတ်ထဲပေါ်လာတဲ့အတိုင်း ကောက် ဆုံးဖြတ်ပြီး ကျန်တဲ့ အချိန်အားလုံးကို အဲဒီ ဆုံး ဖြတ်ချက် အမှားကြောင့် ပေါ်လာ တဲ့ နောက် ထပ်ပြဿနာေ တွကို မဆုံးနိုင်အောင် လိုက်ရှင်းနေ ကြရ တော့တာပါပဲ။

 ခြောက်ပွင့်ဆိုင်ရဲ့ အလားအလာကို မှန်းဆရမယ် ဆိုရင်-

၁။ ကြီးကြီးမားမား ရလဒ်တွေ ချက်ချင်း ထွက်လာဖို့ မလွယ်နိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ ပြဿနာ တွေက နက်နဲ ရှုပ်ထွေးလှပြီး လူ တိုင်း ကိုယ်စီမှာ နောက်ကွယ်က ရည်မှန်း ချက်တွေ အကျိုးစီးပွား တွေ ရှိနေနိုင် လို့ပါ။
၂။ ရွေးကောက်ပွဲက နီးလာပြီ ဆို တော့ ရွေးကောက်ပွဲ ငန်းဖျားရောဂါ Election Fever က ဆွေးနွေး မယ့်ကိစ္စ အားလုံး အပေါ်မှာ လွှမ်း မိုးနေဖွယ် ရှိပါတယ်။ ရွေးကောက် ပွဲရဲ့ သဘောက သူနိုင်ရင် ကိုယ်ရှုံး ရစမြဲ zero-sum game ဆိုတော့ တစ်ဖက်နဲ့ တစ်ဖက်အလျှော့ ပေး ညှိနှိုင်းဖို့ ပိုခက်ခဲနိုင်ဖွယ် ရှိပါ တယ်။ အချင်းချင်း တစ်ဦး နဲ့တစ်ဦး ယုံကြည်မှု အားနည်းတဲ့ Low Trust Society တွေမှာ ပိုဆိုးဖို့ပဲ ရှိပါတယ်။ မြန် မာ့သမိုင်းအစဉ် အလာကို ပြန်ကြည့်ရင် ဘယ်တုန်း ကမှ ညီညွတ်တဲ့ Team Work နဲ့ မလုပ်ဆောင်နိုင်ခဲ့ တဲ့ အတွက် ဒီအ ချိန်က မြန်မာ့ သမိုင်းမှာ သည်းခံမှု တွေနဲ့ အကောင်းဆုံး စုပေါင်း ဆောင်ရွက်မှုကို ပြသ သင့်တဲ့ အချိန် ရောက်ပါပြီ။
၃။  ဘာပဲဖြစ်ဖြစ် ဒီလို အရေးပါ တဲ့သူတွေ ပုံမှန် တွေ့ဆုံနိုင်တာဟာ ကောင်းတဲ့ ကိစ္စပါ။ အနည်းဆုံး တော့ အားလုံး သဘောတူဖို့ လွယ်ကူတဲ့ ကိစ္စတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာနိုင်မယ်လို့ မျှော်လင့် ပါတယ်။

၎။ အရေးကြီးပြီး အကဲဆတ်တဲ့ ကိစ္စကြီးတွေ မှာတော့ နှစ်ဦး နှစ် ဖက် သဘောထား ကြီးမှု၊ မိမိအ ကျိုး၊ မိမိပါတီ၊ အစုအဖွဲ့ အကျိုး ထက် ပြည်သူ လူထု အကျိုး၊ တိုင်းပြည် အကျိုးကို ပိုပြီး ဦးစား ပေး နိုင်မှု၊ ပုဂ္ဂိုလ်ရေးတွေကို ခဏ ဖြစ်ဖြစ် မေ့ထားနိုင်ပြီး စိတ်ရှည် သည်းခံနိုင်မှု၊ ရှေ့တွင်ရော နောက် ကွယ်ပါ အဖြောင့်အတိုင်း ပြောဆို လုပ်ကိုင်ခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက် ခိုင်မာအောင် တည် ဆောက်နိုင် မှုတွေ ကပဲ အောင်မြင်မှုကို ဆောင်ကြဉ်းနိုင် ပါလိမ့်မယ်။

ကျွန်တော်တို့ သာမန်ပြည်သူ တွေ ကတော့လူကြီးတွေ ဒီလောက် စုံစုံညီညီ တွေ့ကြတဲ့ ခက်ခက်ခဲခဲ ပွဲမျိုးကို အလဟဿတော့ ဖြစ်မ သွားစေချင်ဘူး။ ဒါက နောင်မှာ သမိုင်း ဥဒါန်း တွင်မယ့် ကိစ္စပါ။ ဒီလူကြီးတွေ မညီညွတ်နိုင်လို့ ဘာမှ ဖြစ်မလာဘူး ဆိုရင်လည်း သမိုင်းက ဒီအတိုင်းပဲ မှတ်တမ်း ဝင်သွားမှာပါ။ လူကြီးတွေပီပီ သဘောထား ကြီးကြီး နဲ့ ညီညီညွတ် ညွတ် ညှိနှိုင်းပြေလည် ကြမယ်ဆိုရင် လူကြီး အားလုံးကို ပြည်သူအားလုံးက လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ဝမ်းမြောက်ကြမှာပါ။ သမိုင်း တစ်လျှောက် လုံး အကွဲအပြဲ ဇာတ်လမ်းတွေ၊ ပဋိပက္ခတွေနဲ့ဖုံးလွှမ်း နေတဲ့ ဒီနိုင်ငံမှာ ညီညွတ်ရေး စံနမူ နာတစ်ခု ပြနိုင် ခဲ့မယ် ဆိုရင် ဒီလူ ကြီးတွေ အားလုံးပြည်သူ့ သူ ရဲကောင်း တွေအဖြစ် မော်ကွန်းထိုးခံ ကြရမှာပါ။

ညှိမရလို့ လမ်းပေါ်ထွက်လိုက်၊ အဓိက ရုဏ်းတွေဖြစ်၊ စစ်တပ်က အာဏာပြန်သိမ်းလိုက် နဲ့ အဆိုး သံသရာလည်ပြီး နေဦးမယ်ဆိုရင် ကျွန်တော်တို့ တစ်တွေ ကျောက်ခေတ်ကို ပြန်ရောက်သွားဖို့ပဲ ရှိတော့ တယ်။ ဒီလောက်ဆို တော်လောက် ပါပြီဗျာ။ လူကြီးတွေ ကို ကျေးဇူးတင်ဖို့ပဲ စောင့်နေပါမယ်။ ။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List