Wednesday, April 29, 2015

မြန်မာဘက်ခြမ်းတွင် စိတ်ကြွဆေးများဖြင့် ဖမ်းမိသည့် ထိုင်းလူငယ် ၂ ဦးကို လွှဲပြောင်း







ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့ တဘက်ကမ်း မြန်မာ ပိုင်နက်ထဲမှာ ထိုင်းလူငယ် ၂ ဦးကို စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့အတွက် ကရင်နယ်ခြားစောင့်တပ်ကနေ ထိုင်းအာဏာပိုင်တွေ လက်ထဲကို ဧပြီ ၂၈ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မှာ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသား နိုင်းဆုမ် ဘွန်း အိန်တ (အသက် ၂၂ နှစ်) နဲ့ နိုင်းဝိနိုင်း ဖလူမ်းမား (အသက် ၁၅) နှစ်တို့ ၂ ဦးကို ဒဗလျူဥိုင် အင်္ဂလိပ် စာလုံးပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၆ ပြားနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်နဲ့ မျက်နှာချင်းဆိုင် မြ၀တီမြို့မှာ ဖမ်းမိတဲ့အတွက် ကရင်နယ်ခြားစောင့်တပ်က ပြန်လည်အပ်နှံပေးခဲ့တာလို့ အမှတ် ၃၅၃၆ ထိုင်းခြေလျင်တပ် တပ်ရင်းမှူး ဗိုလ်မှူး ဆုဖချိုင်း ဆိန်ပဆစ်က သတင်းထောက်တွေကို ပြော ပါတယ်။

ထိုင်းစစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ တာဝန်ရှိသူတွေဟာ တရားခံ ၂ ဦးကို လှေနဲ့ သွားကြိုခဲ့ပြီး စစ်ဆေးမေးမြန်းရာမှာ သူများအတွက် သွားဝယ်ပေးတာဖြစ်ပြီး ၀ယ်ခ ဘတ် ၂၀၀ ရတယ်လို့ ထွက်ဆို ခဲ့ကြောင်း၊ သူတို့ ၂ ဦးကို လိုအပ်သလို ဆက်လက်အရေးယူသွားမယ်လို့ တပ်ရင်းမှူးက ပြောသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List