Thursday, April 30, 2015

လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများ စစ်ဆေးမည်


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွီ တရားရုံးက တရားလိုပြသက်သေတွေ စစ်ဆေးဖို့ရှိနေပါတယ် ။ကော့စမွီခရိုင်တရားသူကြီး အပြောင်းအလဲရှိတဲ့အတွက် ဧပြီလ ၃၀ ရက် မနက် ၉ နာရီ မှာ တရားလိုနဲ့ တရားခံ နှစ်ဘက်သက်သေများ အခြေအနေကို စစ်ဆေးမယ်လို့ တရားခံ မြန်မာလူငယ် ၂ ဦးဘက်ကနေ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ် က ဒီဗွီဘီကို ပြောပါတယ်။
“တရားသူကြီးအသစ်ရောက်လာလို့ မနက်ဖြန် ကော့စမွီတရားရုံးမှာ ရုံးချိန်းရှိပါတယ်။ ၀င်း နဲ့ ဇော်တို့ဘက် က ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် ရှေ့နေတွေ သွားကြမယ်၊ အစိုးရရှေ့နေဘက်ကလည်း လာကြမယ်။ အမှုစစ်တာတော့ မဟုတ်ပါဘူး၊ အမှုအတွက် နှစ်ဘက်ရှေ့နေတွေရဲ့ ပြင် ဆင်ချက်၊ သက်သေတွေကို စစ်ဆေးဖို့ပါ။ ၀င်း နဲ့ ဇော်တို့ကိုလည်း ခေါ် ထုတ်မှာပါ။”

ကော်စမွီမှာ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌရော အဖွဲ့ဝင်တွေပါ စုစုပေါင်း ၇ ဦး ကြိုတင် ရောက်ရှိနေပြီး ချုပ်နှောင်ခံနေရတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော် ထွန်းတို့ကို ဒီကနေ့မနက်က တွေ့ဆုံ အားပေးစကားပြော ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာလက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆုရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့က မြန်မာ အလုပ်သမား လူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို တရားခံအဖြစ် စွပ်စွဲ တရားစွဲထားခဲ့တာပါ။

လူငယ် ၂ ဦးကတော့ ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ထိုင်းရဲများရဲ့ ခြိမ်းခြောက်မှုကြောင့် ၀န်ခံခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

DVB

No comments:

Post a Comment

My Blog List