Monday, April 27, 2015

ယူရိုငွေဖြင့် ရောင်းချမည့် နေပြည်တော်ကျောက်မျက်ပြပွဲ ဇွန်လကုန်တွင် ကျင်းပမည်


ကျောက်စိမ်းကျောက်မျက်တွဲများကို ယူရိုငွေတစ်မျိုးတည်းဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲ ကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ဇွန်လ ၂၄ မှ ဇူလိုင် ၆ ရက်အထိ ပြုလုပ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးကော်မတီက(၅၂) ကြိမ် မြောက် ကျောက် မျက်ပြပွဲအဖြစ် ပြသရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းတွဲပေါင်း ခုနစ်ထောင်မှ ရှစ်ထောင်ခန့် အထိ ရောင်း ချဖွယ်ရှိပြီးတင်ဒါစနစ်၊ လေလံစနစ်များဖြင့် ရောင်းချပေးမည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဟန်ကပြောသည်။

ကျင်းပမည့် ကျောက်မျက်ပြပွဲသို့   လာရောက်ဝယ်ယူလိုသည့် ပြည်တွင်းပြည်ပ ကျောက်မျက်ကုန်သည်များ အတွက် တန်ဖိုး၅ရာခိုင်နှုန်း အာမခံစပေါ်ငွေ(Deposit) ပေးသွင်းရမည့်စနစ်သို့ ပြောင်းလဲထားသည်ဟုဆို သည်။ ကျောက် စိမ်းကျောက်မျက်များကို လေလံဆွဲဝယ်ယူမည့် ကုန်သည်များ အနေဖြင့် ၀ယ်ယူလို သည့်ပမာဏကို ခန့်မှန်းတွက်ချက်ကာ တန်ဖိုး၅ ရာခိုင်နှုန်းကို အာမခံစပေါ်ငွေ (Deposit) ကြိုတင်ပေး သွင်းထား ရမည်ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယခင်ကျင်းပပြီးစီးခဲ့သည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲများတွင် ကျောက်မျက်များ လေလံဆွဲဝယ်ယူလို သော ကုန်သည်များအနေဖြင့် ပြည်တွင်းကုန်သည်တစ်ဦးလျှင် ယူရိုငွေ နှစ်သောင်းနှင့် ပြည်ပကုန်သည်တစ်ဦး လျှင် ယူရိုငွေ ငါးသောင်းနှုန်းဖြင့် စပေါ်ငွေ ပေး သွင်းထားရန်     ပြပွဲကျင်းပရေး ကော်မတီက သတ်မှတ်ခဲ့ သည်။ သို့သော် ကုန်သည်အချို့က ကျောက်စိမ်းကျောက်မျက်တွဲအ မြောက်အမြားကိုအများထက် ဈေးပိုပေး ၍  လေလံဆွဲဝယ်ယူကာ ပြပွဲပြီးဆုံးချိန်၌ အာမခံစပေါ်ငွေအဆုံးခံပြီး  ကျောက်မျက်များ လာရောက်ထုတ် ယူခြင်းမရှိသည်များ ကြုံတွေ့ရပြီးနောက် ယခုကဲ့သို့ စနစ် ပြောင်းလဲခြင်းဖြစ်သည်ဟု ပြပွဲကျင်းပရေးကော် မတီမှ သတင်းရရှိသည်။

ယခုကျင်းပမည့် (၅၂)ကြိမ် မြောက် ကျောက်မျက်ပြပွဲတွင်မူ အာမခံစပေါ်ငွေပေးသွင်းထားသည့်ပမာဏပေါ် မူတည်ကာ ကျောက်မျက်ဝယ်ယူခွင့်ပြုမည် ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၄ အောက်တိုဘာတွင် ကျင်းပ ခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲမှစတင်ကာ အာမခံစပေါ်ငွေပေးသွင်းသည့်စနစ် ကို ပြောင်းလဲခဲ့သည်ဟု ဦးမြင့်ဟန်က ပြောသည်။

တရုတ်ကျောက်ကုန်သည် များ လာရောက်ဝယ်ယူမှုလျော့ နည်းသွားခြင်းနှင့် အတူ တရုတ် နိုင်ငံရေး အပြောင်းအလဲရိုက်ခတ် မှုကြောင့် လက်ရှိပြည် တွင်း ကျောက်မျက်ဈေးကွက်မှာ ၂၀၁၃ နှစ်ကုန်မှစတင်ကာ အရောင်း အ၀ယ်အေးနေသည်ဟု မန္တလေး မြို့ခံ ကျောက်မျက်ကုန်သည်များ က ပြောသည်။ ကျောက် မျက်ပြပွဲ ကျင်းပပြုလုပ်ပေးသော်လည်း ပြည်တွင်းဈေးကွက်ကောင်းမွန် လာဖွယ်မရှိသေးဘဲ ပြပွဲသို့ တရုတ် ကုန်သည်များသာ အများ ဆုံးလာရောက်ဝယ်ယူကြမည်ဟု မန္တလေးမြို့ခံကျောက်မျက်လုပ်ငန်းရှင်အချို့က ခန့် မှန်းပြောကြားသည်။

သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ကျောက်စိမ်း ၊ ကျောက်မျက်နှင့် ပုလဲများကို အရိုင်းအတိုင်း ရောင်းချ သည့် ကျောက်မျက်ပြပွဲများ နှစ်စဉ်ကျင်းပ လျက်ရှိပြီး ပြပွဲများကိုကျပ်ငွေဖြင့်ရောင်းချသည့်ပွဲ၊ နိုင် ငံခြားငွေဖြင့် ရောင်းချသည့်ပွဲဟူ၍ ခွဲခြားကျင်း ပသည်။ ယခုအကြိမ်သည်ယူရို ငွေဖြင့် ရောင်းချသည့်  ပြ ပွဲဖြစ်သည်။


7Day News Journal

No comments:

Post a Comment

My Blog List