Monday, April 27, 2015

တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူများ လက်တစ်ကမ်းတိုက်ပွဲများ ဖြစ်ပွား


ကိုးကန့်သောင်းကျန်းသူများအခြပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်ကထိုးစစ်ဆင် တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် သောင်းကျန်းသူများသည် နယ်မြေ ကျဉ်းမြောင်း လာပြီး ၎င်းင်းဒေသမှအင်အားများကို စုစည်းကာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၉) တည်ရှိသည့် တောင်ကြောအနီး မြင့်မားမတ်စောက်သောကျောက်တောင်တစ်ခုဖြစ်သည့်ပွိုင့်-၂၂၀၂ တောင် ကုန်းတွင် အခြေပြု ခံစစ်ဆင်ရန်စီစဉ်လာခဲ့သည်။
ကိုးကန့်သောင်းကျန်းသူများသည် မြေအနေအထားအရ အသာစီးရရှိထားသော ပွိုင့်-၂၂၀၂ တောင် ကုန်းပေါ်တွင်အခိုင်အမာ ဘန်ကာများဆောက်လုပ်ထားပြီး ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့်အတား
အဆီးများပြုလုပ်ထား၍ တပ်မတော်၏ထိုးစစ်ဆင် တိုက်ခိုက်မှုများအားအဆင့်ဆင့်ခုခံတိုက်ခိုက်လျက်ရှိ သည်။

ထိုသို့ကိုးကန့်သောင်းကျန်းသူများ၏ အဆင့်ဆင့်ခုခံတိုက်ခိုက်မှုများကို တပ်မတော် စစ်ကြောင်းများက ပွိုင့်-၂၂၀၂သို့ စစ်ကြောင်း တစ်ကြောင်းဖြင့်လည်းကောင်း၊ ဟိုထိုလင် ကျေးရွာအနီးတောင်ကြောများသို့ စစ်ကြောင်းတစ်ကြောင်းဖြင့်လည်းကောင်း၊ စီတုံးဆွကျေေးရွာ အနီးတောင်ကုန်းသို့ စစ်ကြောင်း တစ်ကြောင်းဖြင့် လည်းကောင်းအသီးသီးဖြန့်ခွဲ၍ တိုက်ခိုက် ချမှေုန်းခဲ့ရာ တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူများ လက်တစ်ကမ်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ယင်းသို့လက်တစ်ကမ်းတိုက်ပွဲများဖြစ်ပွားချိန်တွင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် မြေအနေအထား အရ အသာစီးရယူကာပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ရာသီဥတုအနေဖြင့် ဆိုးရွားလျက်ရှိသော်လည်း တပ်မတော်
သားများက ရဲဝံ့စွန့်စားစွာဖြင့် အဆင့်ဆင့်ထိုးဖောက် တိုက်ခိုက်ချမှေုန်းခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများ သည်နှစ်နိုင်ငံနယ်နိမိတ်မျဉ်း၏ မီတာ ၅၀၀ နှင့် ၁၅၀၀ ကြားတွင်ရှိခြင်းကြောင့် တစ်ဖက်နိုင်ငံ အတွင်းသို့ မိမိကျည်များကျရောက် ပေါက်ကွဲခြင်းမရှိစေရေးအတွက် အလေးထားထိန်းသိမ်း
ဆောင်ရွက်ရသဖြင့် စစ်နည်းဗျူဟာ ကျင့်သုံးမှုအပိုင်းတွင်ကန့်သတ်ချက်နှင့် အခက်ခဲများစွာရှိခဲ့ပြီး စစ်ဆင်ရေးအား အလွန်ခက်ခဲစွာ ဆောင်ရွက်ခဲ့ရသည်။

ထို့အပြင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် တစ်ဖက်မှအကူအညီအထောက်အပံ့များ ကောင်းစွာရယူပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် မှအရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အချို့ပျောက်ဆုံးခဲ့ကာထိခိုက် ဒဏ်ရာများလည်းရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးလျက်ရှိသည်။လောက်ကိုင်ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက်ကိုးကန့် သောင်းကျန်းသူ အကြွင်း အကျန်များ ဒေသအတွင်းအခြေပြုနထိုင်လှုပ်ရှားမှုများ နှင့် ခုခံတိုက်ခိုက်မှုများ မပြုလုပ်နိုင်စေရေးအ တွက် တပ်မတော်သားများကအသက်ကိုပဓာန မထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် ဆက်လက်တိုက်ခိုက်ချေမှုန်း
သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List