Wednesday, April 29, 2015

ရန်ကုန်အဝေးသင်တက္ကသိုလ်အနေဖြင့် တက္ကသိုလ်ဝင်ခွင့်ပြောင်းလဲရာတွင် နေ့တက်(Day)တက္ကသိုလ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်း လဲသွားမည်


ရန်ကုန်အဝေး သင်တက္ကသိုလ်အနေဖြင့် တက္ကသိုလ်များကို အခြေပြုပြီးရွေးချယ်ခေါ် ယူမည့်ဝင်ခွင့်စနစ်များ ကို ပြောင်းလဲပါက နေ့တက်(Day) တက္ကသိုလ်များမှ ပြောင်းလဲသတ်မှတ်မည့်ဘာသာ ရပ်ရမှတ်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်ပြောင်းလဲသွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်အနေဖြင့် အဝေးသင်တက္ကသိုလ်များ၏ ဝင်ခွင့်များကို ပြောင်းလဲသွားမည် မဟုတ်သော်လည်း အဝေးသင် တက္ကသိုလ်များမှ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများသည် နေ့တက် တက္ကသိုလ်များနှင့် တန်းတူသင်ကြား ပေးနေသည့် တက္ကသိုလ်ဖြစ်သည့် အတွက် အခြားတက္ကသိုလ်များနှင့် ညှိနှိုင်းပြီး ဘာသာရပ်ရမှတ်များကို လိုက်လျောညီထွေဖြစ်စေရန် ပြောင်း လဲသတ်မှတ်မည်ဖြစ်ကြောင်း၊ ဝင် ခွင့်စာမေးပွဲများကိုလည်း စစ်ဆေးမည်မဟုတ်ကြောင်း ရန်ကုန်အဝေး သင်တက္ကသိုလ်မှ သိရသည်။

''ဆရာတို့ တက္ကသိုလ်အနေနဲ့ အခြားတက္ကသိုလ်တွေဝင်ခွင့်ပြောင်းလဲပေမယ့် အရင်နှစ်တွေကအတိုင်း ပဲ ခေါ်ယူမှာဖြစ်ပါတယ်။ ဝင်ခွင့်စာ မေးပွဲတွေ ဘာတွေတော့ မစစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဆရာတို့ တက္ကသိုလ်က နိုင်ငံတကာလို Open University ဖြစ်တယ်လို့ ကြော်ငြာထားတာဖြစ်တဲ့ အတွက် သင်ယူသူ တိုင်းတက်လို့ရအောင် ဒီအတိုင်းပဲ ဆက်သွားမယ်။ ဒါပေမဲ့အခြားတက္က သိုလ်တွေနဲ့တော့ ညှိနှိုင်းရဦးမယ်။Day နဲ့ အဝေးသင်က တန်းတူသင် ကြားပေးနေတာဖြစ်လို့ အခြားတက္က သိုလ်တွေ ဝင်ခွင့်ပြောင်း လိုက်လို့ ဘာသာရပ်ရမှတ်တွေ ပြောင်းရင် တော့ ဆရာတို့ဘက်က လိုက်ပြောင်း ပေးရမယ့် အနေအထားတော့ရှိတာ ပေါ့''ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့် က ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အဝေးသင်တက္ကသိုလ်ကို တက်ရောက်သော ကျောင်းသား၊ကျောင်းသူ များမှာ နေ့တက်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများထက် နှစ်စဉ်များပြားလျက်ရှိပြီး နှစ်စဉ် တက္ကသိုလ် ဝင်တန်းအောင်မြင် သော ကျောင်းသား၊ ကျောင်းသူများထဲမှ အဝေးသင်တက္ကသိုလ်များသို့ ဝင်ရောက်သော ကျောင်းသား၊ ကျောင်းသူမှာ ခြောက်သောင်းဝန်း ကျင်ခန့်ရှိကြောင်း သိရသည်။

''ဆရာတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ခပ်မြန်မြန်ဆွေးနွေးကြဖို့ ရှိပါ တယ်။ ဆွေးနွေးကြတဲ့အခါမှာ အဝေးသင်တက္ကသိုလ်ဝင်ခွင့်နဲ့ပတ် သက်ပြီး ဘယ်လိုလုပ်ကြမလဲ၊ နယ် ကျော်အပ်ခွင့်တွေရကြမှာလား ဆို တဲ့ပြဿနာတွေ၊ ကျောင်းသားတွေ လာလျှောက်တဲ့ဘာသာရပ်တစ်ခု အပေါ်မှာ ဘယ်လိုစံနှုန်းတွေနဲ့ရွေး ကြမလဲဆိုတာတွေကို ဆွေးနွေးကြမှာပါ''ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြား သည်။

ရန်ကုန်အဝေးသင်တက္ကသိုလ် သည် ကမ္ဘာ့အဝေးသင်တက္ကသိုလ် များအဖွဲ့ (ICDE) သို့ဝင်ရောက်ထား ကာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ရရှိစေရန် ဆောင်ရွက် ထားပြီး၊ အာရှနိုင်ငံများ၏ Open University (AAOUE) အဖွဲ့ဝင် နိုင်ငံ အဖြစ်လည်း ဝင်ရောက်ထား ကြောင်း သိရသည်။

ATK
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List