Saturday, May 02, 2015

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦး၏ ဒီအင်န်အေကို ပြန်လည် စစ်ဆေးရန် ထိုင်းတရားသူကြီး ဆုံးဖြတ်


လိပ်ကျွန်းလူသတ်မှု တရားခံဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ ဒီအင်န်အေ (မျိုးရိုးဗီဇ)ကို အမှီအခိုကင်းပြီး လွတ်လပ်စွာ ပြန်လည်စစ်ဆေး ရန် ကော့စမွီခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။


ဧပြီ ၃၀ ရက်က လိပ်ကျွန်း လူသတ်မှုကို တတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာလုပ်သားနှစ်ဦး ၏ရှေ့နေများ တင်ပြ တောင်းဆိုထားသော ဒီအင်န်အေပြန်လည်စစ်ဆေးခြင်းကို ကော့စမွီခရိုင်တရား
သူကြီးက လက်ခံလိုက်ပြီး အမှီအခိုကင်း၍ လွတ်လပ်စွာ ပြန်လည်စစ်ဆေးရန် အမိန့်ချခဲ့ခြင်း ဖြစ် သည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၈ ရက်သို့ ချိန်းဆိုလိုက်ပြီး တစ်ပတ်လျှင် သုံးကြိမ်ရုံးထုတ်စစ်ဆေး မည်ဖြစ်ရာ စက်တင်ဘာတွင် အမှုကို အပြီးသတ်အမိန့်ချမည်ဟု ကော့စမွီခရိုင် တရားသူကြီးက ပြောကြား သွားကြောင်း မြန်မာလုပ်သားနှစ်ဦးအတွက် စကားပြန်အဖြစ် ဆောင်ရွက်ပေးသော လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) မှ ဒေါ်အေးမာချိုက ပြောသည်။

‘‘အမှုနဲ့ ပတ်သက်တဲ့ ဒီအင်န်အေအဖြေကို လွတ်လွတ်လပ် လပ် ပြန်စစ်ဆေးဖို့ တရားရုံးက သဘောတူ လိုက်ပါတယ်။ တရား ခံဘက်ရော၊ တရားလိုဘက်ကို ရော လိုအပ်ချက်တွေရှိရင် ပြော ပါ။ ကူညီပါ့မယ်လို့ တရားသူကြီး က ပြောတယ်။ နောက်အမှုကို စက်တင်ဘာမှာ အပြီးသတ်အ မိန့်ချမယ်လို့ ပြောသွားတယ်။

ဝင်း ဇော်ထွန်းနဲ့ ဇော်လင်းကလည်း သူတို့လုပ်တာ မဟုတ်လို့အမှုကို ယုံ ကြည်တယ်လို့ ပြောတယ်။ သူ့ အဖေနဲ့ အမေတွေကိုလည်း သတိရတယ်လို့ ပြောလိုက်တယ်’’ ဟု ၎င်းက ပြောသည်။

လိပ်ကျွန်း အမှုကို ကိုင်တွယ်ဖြေရှင်းပေးနေသော မြန်မာ သံရုံးအထူးအဖွဲ့သည် ဧပြီ ၃၀ ရက်က မြန်မာ လုပ်သားနှစ်ဦး၏ ရုံးထုတ်စစ်ဆေးခြင်းကို သွားရောက်ခြင်း မရှိခဲ့ပေ။

‘‘ကျွန်တော်တို့ အဖွဲ့ရဲ့ နာယကကြီးက မြန်မာသံအမတ် ကြီးပါ။ သူက ဘာမှအကြောင်း မပြန်လို့ မသွားရ တာပါ။ ရှေ့ဆက်ပြီး ကူညီလုပ်ပေးဖို့တော့ ရှိပါ တယ်။ မေလထဲမှာ အစည်းအဝေးလုပ်ပြီး တိုင်ပင်ဖို့တော့ ရှိပါတယ်။ အမှုကလည်း အရေးကြီးလာပါပြီ။ DNA ကို ပြန်စစ်ရမယ်ဆိုတော့ ၀မ်းသာစရာပါ’’ဟု မြန်မာ သံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုး သန်းက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီး ခံမြန်မာလုပ်သား ဇော်လင်း၏ ဆီး၊ ၀င်းဇော်ထွန်း၏ တံတွေးနှင့် ဆီးတို့ကို ဒီအင်န်အေ စစ်ဆေးခဲ့ရာ သေဆုံးသူ ဟန်နာ၏ကိုယ် ပေါ်တွင် တွေ့ရသော ဒီအင်န်အေနှင့် ကိုက်ညီသည် ဟု ထုတ်ပြန်ခဲ့ သည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာ လုပ်သားနှစ်ဦးကို တရားခံဟု စွပ်စွဲရာတွင် သက်သေအဖြစ် ဒီအင်န်အေ တူညီ သည့်အချက်တစ်ခုသာရရှိထားပြီး အခြားမျက် မြင်သက်သေအပါအ၀င် လူသတ်မှုကျူးလွန်ကြောင်း ခိုင် လုံသော အချက်အလက်များရရှိထားခြင်း မရှိပေ။

ထိုင်းရဲတပ်ဖွဲ့သည် လိပ် ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အဆိုပါကျွန်းရှိ ဘားဆိုင်ပိုင်ရှင်၏သားကို ၂၀၁၄ အောက်တိုဘာ ၃၀ ရက်က ဒီအင်န်အေစစ်ဆေးခဲ့ပြီး သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်တွင် တွေ့ ရသော ဒီအင်န်အေနှင့် ကိုက်ညီမှုမရှိကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

လိပ်ကျွန်း လူသတ်မှုဖြင့် အမှုတွဲတင်ပြီးနောက် ၂၀၁၄ ဒီဇင်ဘာ ၈ ရက်က မြန်မာလုပ်သားနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာကော့စမွီခရိုင်တရားသူကြီးက အပြစ်ရှိကြောင်း ၀န်ခံလျှင် ပြစ်ဒဏ် ထက်ဝက် သက်သာမည်။ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါကအပြစ်အတိုင်းခံရမည် ဟု ပြောကြားရာ မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟု ပြန်လည်ပြောကြားထားသည်။

ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီ လာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ (၂၃) နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List