Thursday, April 30, 2015

အိုင်အက်စ်စစ်သွေးကြွ သံသယရှိသူ ၉၀ ကျော်ကို ဖမ်းဆီးထားဟု ဆော်ဒီပြော



အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အစွန်းရောက် အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၉၃ ယောက် ကို ဆော်ဒီ အာရေးဗီယားမှာ ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဌာန ပြောခွင့်ရသူက ဧပြီ ၂၈ ရက်နေ့ မှာ ပြောကြား လိုက်ပါတယ်။
သူတို့တွေထဲမှာ ၂ ယောက်က ဆော်ဒီအာရေးဗီယား မြို့တော် Riyadh မှာရှိတဲ့ အမေရိကန်သံရုံးကို အသေခံ ဗုံးခွဲဖို့ ကြံစည်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဗိုလ်ချုပ်ကြီး  မန်ဆော အယ် တာကီက ပြောပါ တယ်။

၉၃ ယောက်ထဲမှာ အမျိုးသမီးတဦးလည်း ပါဝင်ပြီး၊ ၅ ဦးကလွဲလို့ အားလုံးဟာ ဆော်ဒီ နိုင်ငံသားတွေ ချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံသား ၂ ဦးနဲ့ ဆော်ဒီနိုင်ငံသား ၁ ဦးတို့ဟာ မတ်လတုန်းက အမေရိကန် သံရုံးကို ကားဗုံးခွဲဖို့ ကြံစည်နေခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆီရီးယား ၂ ဦးထဲက ၁ ဦးကို ဖမ်းမိထားတယ်လို့ ပြောပါတယ်။

တခြား အဖွဲ့တဖွဲ့မှာ ဆော်ဒီ ၆၁ ဦး ပါဝင်ပြီး သူတို့ဟာ လူသစ်စုဆောင်းတာ၊ ရန်ပုံငွေစုဆောင်းတာ နဲ့ ဆော်ဒီ နိုင်ငံတွင်းမှာပဲ သင်တန်းပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အိုက်အက်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဆော်ဒီ အာဏာပိုင်တွေကို တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ဆီရီးယားနဲ့ အီရတ်ကို သွားပြီး အိုင်အက်အဖွဲ့နဲ့ မပေါင်းနိုင်ရင် ဆော်ဒီ မြေပေါ်မှာ ရှိတဲ့ နိုင်ငံခြားသားတွေနဲ့ ရှီယိုက်အနွယ်တွေကို တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List