Thursday, April 30, 2015

မြန်မာ ၂၆ ဦးကို ဗင်ကားငယ်အတွင်း တရားမ၀င် သယ်ဆောင်လာသည့် သူ အား ထိုင်းရဲ ဖမ်းဆီး


ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီဒေသ၊ မောင်ခရိုင်တွင် ဗုဒ္ဓဟူးနေ့၊ နံနက် အစောပိုင်းက အလုံပိတ် ထရပ်ကားငယ် တစ်စီးအတွင်း တရားမ၀င် မြန်မာရွှေ့ပြောင်းလာသူ ၂၆ ဦးကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည် ။ မောင်ခရိုင်အတွင်း ဘန်ကောက်ရှိ လမ်းတစ်ခုမှ တရားမ၀င် ခိုးဝင်လာသူများဖြတ်သန်းမည်ဆိုသည့် သတင်းတစ်ခုအရ စစ်ဆေးမှုပြုလုပ်နေသည့် အဝေးပြေးလမ်း ရဲတပ်ဖွဲ့က ယနေ့ နံနက် ၅ နာရီခန့်တွင် Isuzu MU 7 ယာဉ်တစ်စီးကို တားဆီးခဲ့သည်ဟု စစ်ဆင်ရေးအဖွဲ့ ခေါင်းဆောင် ရဲမှူး ပီတက်ဝေါင်ဝါနစ် က ပြောကြားသည်။

အဆိုပါ ယာဉ်မှာ ရပ်တန့်ခြင်းမပြုဘဲ အရှိန်မြှင့်မောင်းနှင် ဖြတ်သန်း သွား သဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးခဲ့ရသည်ဟု ဆိုသည်။ ထရပ်ကား ယာဉ်မောင်းက ဘန်ကောက်လမ်းဆုံတွင် ကားရပ်၍ ထွက်ပြေး ခဲ့သော် လည်း နောက်ပိုင်းတွင် ပြန် လည်ဖမ်းဆီးရမိခဲ့သည်။

ထရပ်ကားအတွင်းတွင် မြန်မာနိုင်ငံသား ၂၆ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၇ ဦးပါဝင် သည်။ ၄င်းတို့အားလုံးတွင် ခရီး သွားလာခွင့် စာရွက်စာတမ်းများမပါရှိဘဲ နယ်စပ်ဒေသရှိ တစ်ပူနမ်ရွန် စခန်းမှ ခိုးဝင် လာခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုမီ တရားမ၀င် ခိုးဝင်မှုဖြင့် ဖမ်းဆီးထားမည်ဖြစ်သည်။ ထရပ်ကား ယာဉ်မောင်းဖြစ်သူ ကန်ချနာဘူရီဒေသမှ အသက် ၄၂ နှစ်အရွယ် ဆွမ်ခန်ဆီဒါက ခိုးဝင် လာသူများအား နယ်စပ်ဒေသရှိ သာမာခခရိုင်သို့ ပို့ဆောင်ပေးရန် ဘတ် ၅၀၀ ဖြင့် ငှားရမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခင်က နှစ်ကြိမ်ပို့ဆောင်ဖူးသည် ဟု ပြော ကြားခဲ့သည်။

သို့သော် ၄င်း၏ ပြောကြားမှုကို ရဲတပ်ဖွဲ့က ယုံကြည်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List