Thursday, April 30, 2015

အကယ်ဒမီပြေတီဦးနှင့် အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစု ကဆုန် လပြည့်နေ့တွင် စတုဒိသာနှင့် တရားအလှူပွဲကြီး ပြုလုပ်မည်


အကယ်ဒမီပြေတီဦးနှင့်အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစုတို့သည်မေ၂ရက်တွင်ကျ ရောက်သည့် ကဆုန် လပြည့်နေ့(ညောင် ရေသွန်းပွဲတော်နေ့)တွင် တရားအလှူ နှင့်စတုဒိသာအလှူပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အလှူနှင့်ပတ်သက်၍ အကယ်ဒမီပြေတီဦးက . . .


''ကျွန်တော်တို့မိသားစုက တရားအလှူပွဲကြီးကို အရမ်းကိုလုပ်ချင်နေခဲ့တာပါ။ ခုနစ်ရက်သားသမီးတွေ အားလုံးအတွက် တရားအလှူပွဲကြီးကို လုပ်ချင်ခဲ့တာနှစ်နှစ်ကျော်သုံးနှစ်နီးပါး ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ တုန်းက မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော် တို့နဲ့အတူတူ တစ်နိုင်ငံလုံးမှာရှိတဲ့ ခုနစ်ရက်သားသမီးတွေအားလုံး တစ်ခါ တည်းရရှိမယ့် တရားအလှူပွဲကြီးကို အခုတော့ ကျွန်တော်တို့ဆန္ဒရှိသလိုမျိုး လုပ်ဖြစ်တော့မယ်။ စတုဒိသာအလှူ မှာတော့ ကျွန်တော်တို့ကတစ်မျိုးတည်း မဟုတ်ဘဲ အမျိုး၂၅မျိုး၃ဝနီးပါးလောက်ကို ခုနစ် ရက်သားသမီးတွေအားလုံး ကို ကျွန်တော်တို့ကျွေးမွေးသွားမှာ ပါ။

ဘာဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရွေးပြီးတော့လုပ်တာလဲဆိုတော့ တခြား ကြောင့် မဟုတ်ပါဘူး။ တရား အလှူ ကိုလုပ်ချင်နေတဲ့အတွက် ဒီနှစ်ထဲမှာ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ဆုံး ဖြတ်ပြီးတော့ ပထမ တုန်းကတော့ နှစ်ဆန်းနှစ်ရက်နေ့ကိုလုပ်ဖို့စဉ်းစား တယ်။ ဒါပေမဲ့နှစ်ဆန်းနှစ်ရက်နေ့ ဆိုရင် မအားကြ တာတွေဖြစ်မှာစိုးတဲ့ အတွက် အနီးကပ်ဆုံးရက်ကိုရွေးလိုက် တော့ ကဆုန်လပြည့်နေ့ဖြစ်နေတာ ပါ။ ကျွန်တော်တို့က ရက်တွေဘာ တွေကြည့်ပြီးတော့ ရွေးတာမဟုတ်ဘဲ တရားအလှူလုပ်ဖို့အဆင်ပြေတဲ့နေ့ ကို ရွေးလိုက်တာနဲ့ကဆုန်လပြည့်နေ့ နဲ့တိုက်ဆိုင်သွားတာပါ။

ကျွန်တော် တို့မိသားစုကပြုလုပ်မယ့်တရားအလှူ ပွဲကြီးကို ဘယ်သူမဆိုလာရောက်စား သောက်နိုင်ပါတယ်။ တရားအလှူကို လဲ ကျွန်တော်တို့နဲ့အတူတူပါဝင် တရားနာစေချင်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိနေတဲ့သူတွေ အားလုံးလာ ရောက်ကြဖို့ ကျွန်တော်ကတော့ မျှော် လင့်ထားပါတယ်''ဟု ပြောသည်။

အဆိုပါတရားအလှူပွဲကြီးနှင့် စတုဒိသာအလှူပွဲကြီးအား မေလ ၂ရက်တွင် Sky Sta ဟိုတယ် အနီးတွင် ပြု လုပ်သွားမည်ဖြစ်ပြီး စတုဒိသာ အလှူအား ညနေ ၄နာရီခွဲအချိန်မှစ တင်၍ စတုဒိသာအမျိုးပေါင်း ၃ဝ ခန့်ကို ခုနစ်ရက်သားသမီးများအား ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး ည ၇ နာရီခွဲ အချိန်တွင် ဆရာတော် အရှင် ဆေကိန္ဒ၏ တရားအလှူပွဲကြီးကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားအလှူပွဲကြီးအား ကိုယ်တိုင်ကိုယ်ကျတရားမနာယူနိုင်သည့် ပြည်သူများအတွက် Sky Net ရုပ်သံလိုင်း တွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
NN
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List