Thursday, April 30, 2015

ချင်းကျောင်းသားများ၏ ပထမဆုံး ညီလာခံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား သမဂ္ဂဖွဲ့စည်း


ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပသော ပထမဆုံးအကြိမ် ချင်းကျောင်းသားများ၏ ညီလာခံတွင် မြန် မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ (Chin Student Union ,Myanmar)ကို စတင်ဖွဲ့စည်းလိုက် သည်။
ဧပြီ ၂၇ နှင့် ၂၈ ရက်ထိ နှစ်ရက်ကြာ ချင်းပြည်နယ် ထန်းတလန်မြို့တွင် ပခုက္ကူ၊ စစ်တွေ၊ မုံရွာ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကလေးစသည့် တက္ကသိုလ် အသီးသီးမှ ချင်းကျောင်းသားကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်သော ညီလာခံတွင် အလုပ်အမှုဆောင်အဖွဲ့ ၂၅ ဦးခန့်ပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်း သားသမဂ္ဂကို ဖွဲ့စည်းရန် သဘောတူ ဆုံးဖြတ်လိုက်ခြင်း ဖြစ် သည်။

“ကျွန်တော်တို့ ညီလာခံမှာ သမဂ္ဂဖွဲ့စည်းနိုင်ဖို့ အဓိက ဆွေးနွေးတယ်။ ရည်ရွယ်ချက်က ချင်းကျောင်းသား အချင်းချင်း ချစ်ကြည်ရေး၊ ညီညွတ်ရေး၊ တယောက်နဲ့တယောက် ရင်းနှီးမှု ပိုရရှိရေး၊ ကျွန်တော်တို့ ကျောင်း သား အရေးနဲ့ ပတ် သက်တဲ့ ကဏ္ဍတွေမှာ ပါဝင်နိုင်ဖို့၊ ချင်းအမျိုးသားရေး ကိစ္စတွေမှာ တဖက်တလှမ်းမှာ ပါဝင်ကူညီနိုင်ဖို့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်”ဟု သမဂ္ဂ ဥက္ကဋ္ဌ ဆလိုင်းဟာလ်တူးထန် (ပခုက္ကူ)က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးတွင် ပညာဆည်းပူးနေကြသော ချင်းကျောင်းသားများ အချင်းချင်း ချစ်ကြည်လေးစားမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန်၊ ချင်း ကျောင်းသားများ၏ ပညာရေး၊ လူမှုရေး အဆင့်အတန်းမြှင့်တင်ပြီး ကျောင်းသားထု၏ အခွင့်အရေးများ အပြည့်အဝ ရရှိရန်နှင့် ချင်း အမျိုးသားရေးတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမဂ္ဂသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတယောက်၏ လွမ်းမိုးချုပ်ကိုင်မှု မရှိဘဲ ကျောင်း သားထုအား ကိုယ်စားပြုသည့်လွတ်လပ်သောအဖွဲ့အစည်း ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

မကွေးတိုင်း ပခုက္ကူမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂကို အဓိက အခြေချ၍ လုပ်ဆောင် ရမည့် လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ပြီး ဒုတိယ အကြိမ်မြောက် ချင်းကျောင်းသားထု ညီလာခံကို လာမည့် ၂၀၁၇ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်က ချင်းကျောင်းသားများသမဂ္ဂ(ယာယီ)ကို ဖွဲ့စည်းထားရာမှ မြန်မာနိုင်ငံလုံးမှ ချင်းကျောင်းသား များ စုစည်း၍ ညီလာခံ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List