ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ
ပြုပြင်ပြောင်းလဲမှု နဲ့ ပြင် သင့် ပြင်ထိုက်တဲ့ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင်
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပါအဝင် စနစ်တစ်ခု လုံးကို
ပြောင်းလဲနိုင်မှာ မဟုတ် တဲ့အတွက်
မိမိတို့ အလေးထားရမယ့်ကိစ္စ က ဥပဒေများ ကာလဒေသ အချိန်အခါနဲ့ ကိုက်ညီမယ့်
ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ
မှုတွေ ဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။
တစ်နည်းအားဖြင့်
ပြောမယ်ဆိုရင် ပါးစပ်နဲ့ စိတ်ကူးနဲ့ ပြုပြင်ပြောင်းလဲလို့ မရ နိုင်ပါဘူး။
ပြုပြင်ပြောင်းလဲနိုင် တဲ့ ပြုပြင် ပြောင်းလဲရမယ့် ဥပဒေတွေကို ပြဋ္ဌာန်းဖို့
လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးကို အနှောင့် အယှက်ဖြစ်နေတဲ့ ဥပဒေများကို
ပယ်ဖျက် ဖို့လိုပါတယ်ဟု မေ ၁၄ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်
(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၆ ရက်မြောက်နေ့ အစီအစဉ်တွင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသွားခဲ့သည်။ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၄၆ ရက်မြောက် နေ့ အစီအစဉ်တွင် သင်္ဃန်း ကျွန်း မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကာကွယ်စောင့် ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဆက်လက်ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ် များအေ
ယင်းအပြင် သူရဦးရွှေမန်းက ''ဒီ နေ့ ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေ စီနဲ့ ဈေးကွက်စီးပွားရေးစနစ် ကို ထူထောင် ပြီး နိုင်ငံ တိုးတက်ဖွံ့ဖြိုးအောင် ရည်မှန်းချက် ထားပြီး ဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုပြောကြားနေတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်တကယ့်ကို အောင်မြင်အောင် ဆိုလို့ရှိရင
ဒါကြောင့်မို့ ဒီနိုင်ငံရေးအသိ၊ နိုင်ငံရေးသတိများ ရှိပြီးတဲ့အခါမှာ တကယ် ကျွန်တော်တို့နိုင်ငံကို ပါတီစုံဒီမို ကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်နိုင် ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ် ဆိုလို့ရှိရင် ဒီတာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်ဖို့ အမြဲသတိပြု ဆောင်ရွက်ဖို့လိုပါ တယ်။ ဒီအတိုင်းပဲ ဒီလိုဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ နိုင်ငံ၊ ကိုယ့်လူမျိုးတွေအတွက် ဒီလိုဆောင်ရွက်တယ် ဆိုရင် တကယ်လိုအပ်တဲ့ အချိန် မှာ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ဖို့ လိုပါ တယ်။
ဘာပဲလုပ်လုပ် အပြောတစ်ခုနဲ့ မရ ပါဘူး။ အပေးရယ်၊ အပြောရယ်၊ အလုပ် ရယ် ညီညွတ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေထဲမှာ ဖော်ပြထားတဲ့ ပါတီစုံဒီ မိုကရေစီ နဲ့ ဈေးကွက်စီးပွားရေးစနစ် အောင် မြင်စွာ တည်ဆောက်ဖို့ဆိုရင် ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေ မှာ တာဝန် ရှိတယ်ဆိုတဲ့ အသိနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ ဒီလိုဆောင်ရွက်ပေး တဲ့နေရာ မှာလဲ ဘယ်လိုအခက်အခဲတွေ တွေ့ ကြုံစေကာမူ မိမိတို့ အောင်မြင်အောင်ဆောင်ရွက်ဖို့ သတ္တိတွေမွေးဖို့ ရဲဝံ့စွာဆောင်ရွက်ဖို့ လိုပါကြောင်း ဆက်လက် ဆွေးနွေးတင်ပြ ပါတယ်''ဟု ပြောကြားခဲ့သည်။
Yangon Media Group
No comments:
Post a Comment