Monday, May 18, 2015

တောင်တရုတ် ပင်လယ်တွင် အငြင်းပွားကျွန်းများ ပြဿနာရှိနေသော်လည်း အမေရိကန်နှင့် ဆက်ဆံရေးမှာ တည်ငြိမ်ဟု တရုတ် သမ္မတ ရှီပြောကြား


 တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ပိုင်နက်ပြောဆိုချက်များနှင့် ပတ်သက်၍ လိပ်ခဲတင်းတင်း အခြေအနေရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးမှာ တည်ငြိမ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က တနင်္ဂနွေနေ့ကပြောကြားခဲ့သည။်

''သမ္မတ အိုဘားမားနဲ့ ဒီဆက်ဆံရေးကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်လင့်ပါတယ်။ အမေရိကန် -တရုတ် ဆက်ဆံရေးကို ပုံစံသစ် လမ်းကြောင်းပေါ်မှာ အဆင့်သစ်တစ်ခုကို ဆောင်ကျဉ်းလိုပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ နှစ်ရက်တာပေကျင်းခရီးစဉ် အတွင်း ရှီက ပြောကြားသည် ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။

အမေရိကန် မဟာမိတ် ဖိလစ်ပိုင်အပါအဝင် အခြား ၅ နိုင်ငံကလည်း အစိတ်အပိုင်းများကို အသီးသီးပိုင် ဆိုင်ကြောင်း ပြောဆိုနေကြသည့်တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ထုနှင့်ထည်နှင့် မြေယာဖော် မှုနှင့် ပတ်သက်၍ ဂျွန်ကယ်ရီက တိုက်ပွဲကို ရွေးချယ်ရန် အသင့်ပြင်ထားပုံရသည်ဟု တရုတ်မီဒီယာက အစောပိုင်းက သတိပေးထားသည်။

ဒေသတွင်းတွင် တရုတ်တည်ဆောက်နေသည့် ကျွန်းတုတန်းများမှာတရုတ်က လေကြောင်းနှင့် ရေကြောင်း သွားလာမှုများကို ကန့်သတ်ဖို့ ကြိုးစားရာ စစ်အခြေစိုက် စခန်းများအဖြစ်လည်း အသုံးပြုလာနိုင်ဖွယ်ရှိ သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားကြသည်။ သို့ရာတွင် ပြီးခဲ့သည့် စနေနေ့က နိုင် ငံခြားရေး ဝန်ကြီး ဝမ်ယီက တရုတ်နိုင်ငံအနေဖြင့် လမ်းကြောင်းကို ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

''တရုတ်ဖက်က ၎င်း၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကို ကာကွယ်ရန် သန္နိဌာန်မှာ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလွန်းလှပြီး လှုပ်ခါချ၍မရနိုင်''ဟု ဝမ်ကကယ်ရီနှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်ဟုလည်း အေပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကယ်ရီမှာ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပြဿနာများကို ဆွေးနွေးရန် ပေကျင်း သို့ ရောက်ရှိနေခြင်း ဖြစ်သော် လည်း ကမ္ဘုာပေါ်တွင် အလုပ်အများဆုံး လေကြောင်းနှင့် ရေကြောင်းလမ်းများ တည်ရှိရာဖြစ်သည့် တောင် တရုတ်ပင်လယ်အရေးသည်ပင် အစည်းအဝေးကို လွှမ်းမိုးသွားပုံရပါသည်။ တောင်တရုတ် ပင်လယ်တွင် စတုရန်းမိုင် ၁.၃၅ သန်း ကျယ်ဝန်းသည့် ရေလမ်းကြောင်း တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းပိုင် ဆိုင်ကြောင်း ပြောဆိုနေသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List