Monday, May 18, 2015

လောက်ကိုင်တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းကိုးခုနှင့် ဆွေမျိုးမိတ်ဆွေများ နေအိမ်တွင် နေထိုင်နေသည့် စစ်ဘေးရှောင် ကိုးကန့်ပြည်သူ ၈၈,၀၀၀ ကျော် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား


လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ကိုးခုနှင့် ဆွေမျိုးမိတ်ဆွေများနေအိမ် တွင် နေထိုင်နေသည့် စစ်ဘေးရှောင် ကိုးကန့်ပြည်သူ စုစုပေါင်း  ၈၈,၀၀၀ ကျော်ရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က  ပြောကြားသည်။
 
နေပြည်တော်တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင် စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)အရေးပေါ်အခြေ အနေကြေညာခြင်းအပေါ် ထပ်မံ၍ ရက်ပေါင်း ၉၀ အထိ ဆက်လက် အတည်ဖြစ်ရေးနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု များအပြီး ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ပြန်လည်ရှင်းလင်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“စစ်ဘေးရှောင်ပြည်သူများ အင်အားစာရင်းကို ကျွန်တော်တင်ပြသွား ချင်ပါတယ်။တစ်ဖက်နိုင်ငံမှာ  အိမ်နီး ချင်းနိုင်ငံမှာ ဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပါတယ်။ ကျိန်ခမ်းခရိုင်မှာ ငါးခု၊ ကိန်းမခရိုင်မှာ စခန်းလေးခု ရှိပါတယ်။ အားလုံးစုစုပေါင်းအားဖြင့် ဆွေမျိုးမိတ်ဆွေတွေ အိမ်မှာနေတဲ့သူတွေပါ အပါအ၀င် စုစုပေါင်း စစ်ဘေးရှောင်တဲ့ ပြည်သူပေါင်း ၈၈,၁၆၆ ဦးရှိပါတယ်။

ကျွန်တော်တို့  လောက်ကိုင်နယ်မြေကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သကို ပြန်လည်ရောက်ရှိလာတာ ၁၀,၈၇၂ ဦးပဲ ရောက်ရှိလာပြီးတော့ ကျန်တာတွေက ၇၇,၂၉၄ ဦးက ရောက်ရှိဖို့ ကျန်ပါသေးတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ရှင်းလင်းပြောကြားသည်။

“ရောက်ရှိဖို့ကျန်သေးတဲ့ သက်သေက ဘာလဲဆိုတော့ ကျွန်တော်တို့နယ်မြေ အေးချမ်းဖို့ လိုအပ်နေသေး တယ်လို့ ကျွန်တော်အနေနဲ့ ဖော်ထုတ်တင်ပြချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ လောက် ကိုင် စစ်အုပ်ချုပ်ရေးဒေသတွင် အမှတ်(၁)စစ်ခုံရုံးနှင့် အမှတ်(၂) စစ်ခုံရုံးတို့ကို ဖွဲ့စည်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က လွှတ်တော်၌ ရှင်းလင်းပြော ကြားသည်။

တရားစီရင်ရေးနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က အမှတ် (၁) စစ်ခုံရုံး စီရင်ပိုင်ခွင့်နယ်မြေ အတွင်း တရားခံ ၁၃၉ ဦးအား  စစ်ဆေးစီရင်ခဲ့သော ပြစ်မှုများမှာ  မူးယစ်ဆေးဝါးမှု ၉၅ မှု၊ လုယက်မှု နှစ်မှု၊ လုယက်၍ရရှိသော ပစ္စည်းများလက်ခံမှု ၃၉ မှု၊ မတရားအသင်းများ အက်ဥပဒေအရ အရေးယူမှု နှစ်မှု၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ် လက်နက်အမိန့်ကို ဖောက်ဖျက်ကျူးလွန်မှု တစ်မှုတို့ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

အမှတ် (၂) စစ်ခုံရုံး စီရင်ခွင့်နယ်မြေအတွင်း ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ရာ တရားစွဲဆိုနိုင်သည့် အခြေအနေမရှိ၍မှုခင်းများ စစ်ဆေးစီရင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လိုအပ်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဆိုသည်။

မှုခင်းများမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်း မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များ၏ တန်ဖိုးမှာ ကာလပေါက်ဈေးဖြင့် တွက်ချက်ပါက စုစုပေါင်း ကျပ် ၂၈ ဒသမ ၂၄၉ ဘီလျံရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဆက်လက် ပြောကြား သည်။

Eleven Media Group


No comments:

Post a Comment

My Blog List