Friday, May 22, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထွက်ခွာလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါသည့် စက်လှေတစ်စီးနှင့် အခြားစက်လှေတစ်စီးအား မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိ








မေလ(၂၁)ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက် ဘက် ရေမိုင်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင် ၌ တပ်မတော်စစ်ရေယာဉ်အမှတ်(၅၆၈)မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေစဉ် ဘင်္ဂလီလူမျိုး(၂၀၀)ခန့် တင်ဆောင်လာသော စက်လှေ တစ်စီးနှင့် လူလိုက် ပါခြင်းမရှိသော စက်လှေတစ်စီးတို့ကို စစ်ဆေးတွေ့ရှိ သဖြင့် ထိန်းသိမ်း ခေါ်ဆောင်ခဲ့ရာ အငူမော်ကျေးရွာ သို့ မေလ(၂၂)ရက်နေ့ နံနက် ၂နာရီခွဲခန့်တွင် ရောက်ရှိပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

သက်ဆိုင်ရာမှ စစ်ဆေးရာ လူများတင်ဆောင်လာသော စက်လှေမှာ အလျား(၈၀)ပေ၊ အနံ(၂၀ . ၅) ပေ၊ ရေစူး (၆)ပေ၊ အင်ဂျင် (EK-100) မြင်းကောင်ရေ (၁၅၀)တပ် တံကေးစက်လှေဖြစ်ပြီး ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဆိုသူဖြစ်ကြောင်း၊ ရနောင်းမြို့မှ ဧပြီလ (၈)ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ကို ဧပြီလ(၁၃) ရက်နေ့တွင် ရောက်ရှိပြီး ဧပြီလ(၂၀)ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင် နက် အုန်းကျွန်း အနောက်ဘက် (၄)မိုင်ခန့်အကွာတွင် ရပ်တန့်ထား ခဲ့ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများမှ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့ကြောင်း၊ အုန်းကျွန်း မှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့တွင် ပင်လယ်ပြင် စစ်ဆေးမှုများ ရှိနေသဖြင့် မေလ(၁၅)ရက်နေ့တွင် နောက်ကြောင်း ပြန်လှည့် မောင်းနှင်လာစဉ် မြန်မာ့ ရေပိုင်နက်သို့ ရောက်ရှိပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၀၈)ဦးပါရှိရာ အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြားဖြစ်ကြောင်း၊ ၎င်းတို့မှာ ကော့ ဘဇား ၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ လှေသမား(၉)ဦးနှင့် စကားပြန် ဘင်္ဂလီ (၂)ဦး ပါဝင်ပြီး စုစုပေါင်း (၂၁၉)ဦး ပါဝင်ကြောင်း၊ ကျန်စက်လှေ တစ်စီးပေါ်တွင် ဘင်္ဂလီ (၁)ဦး ၊ လှေသမား(၈)ဦး ပါရှိပြီး အလျား(၆၈)ပေ၊ အနံ(၁၆ .၉) ပေ၊ ရေစူး(၅)ပေ အင်ဂျင် (TWK-6) ဖြစ်ပြီး ပိုင်ရှင်မှာ မြိတ်မြို့မှ ကိုခိုင် ဆိုသူဖြစ်ကြောင်း၊ ၎င်းစက်လှေမှာ အထက်ပါ ထိုင်းလူမျိုး အုမင့် ပိုင်သော စက်လှေသို့ ရိက္ခာ လိုက်ပို့ခြင်းဖြစ်ကြောင်း၊ မေလ(၄)ရက်နေ့တွင် ကော့သောင်းမှ ထွက်ခွာခဲ့ ရာ မေလ (၁၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် သို့ ရောက် ရှိခဲ့ ကြောင်းသိရသည်။

၎င်းတို့အား အငူမော် ကျေးရွာတွင် တာဝန်ရှိသူများမှ နွေးထွေးစွာ ကြိုဆို လွှဲပြောင်းလက်ခံပြီး အလယ် သံကျော်ကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ခေါ်ဆောင်၍ အာရ်ဗီကျောင်းတွင် ရခိုင်ပြည်နယ် အစိုးရမှ ယာယီ စခန်းဖွင့်ကာ လိုအပ်သော လူသားချင်းစာနာမှု အကူအညီ များ ဆောင် ရွက်ပေးခြင်းနှင့် လိုအပ်သော စိစစ်မှုများ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်း-ဓာတ်ပုံ
MOI

No comments:

Post a Comment

My Blog List