Monday, May 18, 2015

အစိုးရအဖွဲ့ပံပိုးကျင်းပသည့် ရှင်ပြုပွဲ မိုးသည်းသဖြင့် သမ္မတတက်မည့် အစီအစဉ်ပျက်





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပသော မြောင်မြို့နယ်မှ သာမဏေ ငါးထောင် ရှင်ပြုအလှူပွဲသို့ မေလ ၁၆ ရက်နေ့တွင် သမ္မတဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ယင်းနေ့နံနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မဏ္ဍပ်များအတွင်း ရေဝင်ရောက်ခဲ့သောကြောင့် သမ္မတခရီးစဉ် ပျက်ပြယ်ခဲ့ကြောင်း အလှူပွဲတွင်တာဝန်ကျနေသည့် အစိုးရဝန်ထမ်းများနှင့်အလှူပွဲသို့ ရောက် ရှိနေသူများထံမှ သိရသည်။

“မိုးက မနက်အစောပိုင်းမှာ သည်းသည်းမည်းမည်းကို ရွာတာ။ အချို့မဏ္ဍပ်တွေမှာ မိုးကာရှိပေမယ့် အချို့မဏ္ဍပ်တွေက ထန်းလက်တွေနဲ့ မိုးထားတော့ မိုးမလုံဘူး။ ကိုရင်တွေကလည်း ငါးထောင်ဆိုတော့ မိုးရွာတဲ့အချိန် နေရာရွှေ့ဖို့ အခက်အခဲဖြစ်တော့ မဏ္ဍပ်တွေ ဆောက်ထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ အထုပ်တွေဆွဲပြီး ဟိုပြေးဒီပြေးနဲ့ပေါ့” ဟုအဆိုပါအလှူပွဲသို့ ရောက်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး က ဆိုသည်။

မေလ ၁၆ ရက်နေ့က ရေစက်ချရန် စီစဉ်ထားခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မေလ ၂၄ ရက် နေ့မှသာ ရေစက်ချတော့မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြော ကြားသည်။ “ရက်ရွှေ့လိုက်တာ ဟုတ်ပါတယ်။ နေရာကတော့ ဘူးကိုင်းစံပြကျေးရွာ အနီးမှာပဲ ပြန်လုပ် မှာပါ”ဟု သူကဆိုသည်။

ရှင်ငါးထောင်ကျော် အလှူတော်ပွဲကို မေလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဘူးကိုင်း စံပြကျေးရွာ မုခ်ဦးဖွင့်ပွဲနှင့်အတူ ကျင်းပခဲ့ရာ ယင်းနေ့တွင် ဆင်ကိုးကောင်၊ မြင်း ၁၀၈ ကောင်နှင့် နွား လှည်းပေါင်း ၉၀ ဖြင့် ခုနစ်မိုင်ခန့် ဝေးကွာသည့်ခရီးကို ရှင်လောင်း လှည့်လည်ခဲ့သည်။

အဆိုပါ ရှင်ပြုပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးက ဦးဆောင်ကော်မတီ ဖွဲ့စည်းကာ ရွှေသံလွင်ကုမ္ပဏီ မိသားစုက မတည်လှူဒါန်းပြီး နိုင်ငံတော် အစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List