Friday, May 22, 2015

သမ္မတ၏ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်


နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူရသည့် အထူးရဲတပ်ဖွဲ့ရဲမှူးကြီးသည်အစာအိမ် ရော ဂါဖြင့် မေလ၁၉ရက်က ကွယ်လွန်သွား၍ ၎င်းနေရာတွင် အခြားရဲမှူးကြီးတစ်ဦး အမြန်ဆုံးအစားထိုး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။


အထူးရဲတပ်ဖွဲ့(Special Tast Force)တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ထွန်းထွန်းလွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းသည် ဦးသိန်း စိန်သမ္မတတာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ၏ လုံခြုံရေး တာဝန်ယူရန် ပထမဆုံး ခန့်ထား ခြင်းခံရသည့် ရဲမှူးကြီးဖြစ်သည်။ မေလ ၁၉ ရက် ည ၉ နာရီ ၄၅ မိနစ်က ထိုင်းနိုင်ငံဘန်ကောက် မြို့ရှိ အထူးကုဆေးရုံတစ်ရုံတွင် သေဆုံးသွားခြင်းဖြစ်ပြီး ကွယ် လွန်ချိန်၌ အသက်(၅၄) နှစ်ရှိပြီ ဖြစ်သည်။
‘‘သူ့နေရာမှာလုပ်နိုင်မယ့်သူ တစ်ယောက်ကိုတော့အမြန်ဆုံး အစားထိုးပါလိမ့်မယ်။ ဒီနေရာ တွေက အစား မထိုးလို့ မရဘူး လေ။ ချက်ချင်းအစားထိုးမယ့်အ နေအထားရှိပါတယ်’’ဟု မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး တစ်ဦးကပြောသည်။

ရဲမှူးကြီးအောင်ထွန်းထွန်း လွင်သည် စစ်တက္ကသိုလ်အပတ် စဉ် (၂၃) ဆင်း တစ်ဦးဖြစ်ပြီး ခလရ ၅၈ (၀ိုင်းမော်)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် လေထီးတပ်သို့ရောက်ရှိခဲ့ပြီး တပ်မတော် ထိပ်တန်းတာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၃တွင် အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ကျောင်းအုပ်ကြီး တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

ဦးသိန်းစိန်သမ္မတတာဝန်ထမ်းဆောင်ချိန်တွင် ၎င်းအား အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့ကခေါ်ယူကာ သမ္မတလုံခြုံရေးအနီးကပ်တာဝန်ယူရသည့်အထူးရဲတပ်ဖွဲ့၏ရဲမှူးကြီးတာဝန် ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။

ရဲမှူးကြီးအောင်ထွန်းထွန်း လွင်၏ ရုပ်အလောင်းကို မေလ၂၁ရက်တွင် ထိုင်းနိုင်ငံမှ ထိုင်းလေ ကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူမည်ဖြစ်ပြီး မေ လ ၂၃ရက်၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ် မည်ဖြစ်ကြောင်း သ တင်းရရှိသည်။


7Day Daily

No comments:

Post a Comment

My Blog List