Wednesday, May 20, 2015

ဘင်္ဂါလီများအရေးကို နုတ်ဆိတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနှင့် မထိုက်တန်ကြောင်း မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ပြောကြား


ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပေါ် စိတ်ပျက် မိကြောင်း ဒေါက်တာ မဟာသီယာက ဆိုသည်။ “နိုဘယ်ဆုဆိုတာ ဘာလဲ။ သူ (ဒေါ်အောင်ဆန်းစုကြည်) အဖမ်းခံထားရ တုန်းက ကျွန်တော်တို့ သူ့ကို ကူညီခဲ့ဖူးပါတယ်။ သူ့နိုင်ငံက မူဆလင်တွေ အသတ်ခံနေ ရတာ ဘာကြောင့်နှုတ်ဆိတ်နေတာလဲ။ သူက နိုဘယ်ဆုနဲ့ မထိုက်တန်ပါဘူး။ နိုဘယ်ဆုကလည်း တန်ဖိုး မရှိတော့ပါဘူး။ အိုဘားမားလို လူမျိုးတောင် နိုဘယ်ဆုရနေပါပြီ”ဟု ၎င်းက ပြောကြား ခဲ့သည်။
ဒေါက်တာ မဟာသီယာက ဆက်လက်ပြီး “ကျွန်တော့်ကို နိုဘယ်ဆုပေးဖို့ သူတို့ကိုပြောပေမယ့် သူတို့က မပေးချင်ပါဘူး။ သူတို့က မသင့်တော်တဲ့ သူကို ပေးခဲ့ပါတယ်”ဟု ဆိုသည်။

ဘင်္ဂါလီဒုက္ခသည် ထောင်ပေါင်းများစွာက ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြား တွင် လှေ များဖြင့်ရောက် ရှိနေပြီး မလေးရှားနိုင်ငံမှာ ၄င်းတို့အား လက်ခံရေးနှင့် ပတ်သက်ပြီး အကျပ် အတည်းနှင့် ရင်ဆိုင်နေရသည်။

ဝန်ကြီးချုပ်ဟောင်းက ၎င်း၏ စာအုပ်သစ် “ကမ္ဘာ့ခေါင်းဆောင်များသို့ လက်ရွေးစင်ပေးစာများ၊ အတွဲ ၂” မိတ်ဆက်ပွဲတွင် ထိုသို့ပြော ကြား ခဲ့ခြင်းဖြစ်သည်။ ၎င်းက ဘာသာရေးမှာ ပြဿနာ ၁ ခု မဖြစ်သင့် ဘဲ မြန် မာနိုင်ငံမှ ဗုဒ္ဓဘာသာများအနေဖြင့် ဘင်္ဂါလီများကို ဘာသာမတူခြင်းကြောင့် နှင်မထုတ်သင့်ဟု ဆိုသည်။

ဒေါက်တာမဟာသီယာက “ဂျူးတွေတောင် သူတို့နိုင်ငံမှာ အာရပ်မူဆလင်အချို့ကို နေခွင့်ပေးထားပါတယ်။ ဗုဒ္ဓဘာသာတွေက ဘာလို့ ဘင်္ဂါလီတွေကို နှင်ထုတ်ချင်ရတာလဲ”ဟု ပြောကြားခဲ့သည်။

http://www.themalaymailonline.com/…/malaysia-cant-solve-mya…
KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List