Wednesday, May 20, 2015

စတုတ္ထနှင့်အဋ္ဌမတန်းဘာသာစုံကျရှုံးသူများ ကုစားပြန်ဖြေသော်လည်း အောင်မြင်နိုင်ခြေနည်းပါး


စတုတ္ထတန်းနှင့်အဋ္ဌမ တန်းအစိုးရစစ် ကုစားစာမေးပွဲ တွင်ကျရှုံးဘာသာရပ် အနည်းငယ်ကို ပြန်လည်ဖြေ ဆိုရသူများအောင် မြင်နိုင်မှုများပြီး ဘာသာစုံပြန် လည်ဖြေဆိုရသူများမှာ အောင် နိုင်ခြေနည်းပါးနိုင်ကြောင်း အခြေ ခံပညာ ဦးစီးဌာနမှ သတင်းရရှိ သည်။
အဆိုပါကု စားစာမေးပွဲ အောင်စာရင်းကို မေလ ၂၅ ရက်တွင် သက်ဆိုင်ရာ စာစစ်ဌာနများ နှင့် မြို့နယ် ပညာရေးမှူးရုံးများ၌ ထုတ်ပြန် ကြေညာမည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြော သည်။

‘‘ကုစားစာမေးပွဲမှာ ၀င်ဖြေ တဲ့ကျောင်းသားအရေအတွက် တော့ မသိရသေးဘူး။ ကုစားဖြေ ဆိုတဲ့ ဘာသာမှာ ဒီအဆင့်ရတယ် ဆိုရင် အဲဒီအတန်းမှာပဲ တစ်နှစ် ပြန်တက်ရမှာပါ။ကလေးကျောင်းထွက်နှုန်း နည်းစေဖို့အတွက် သုံး ဘာသာလောက်ပဲ ကျတယ်ဆိုရင် အတန်းတင်ပေးမယ်။ ဘာသာစုံ ကျတဲ့ကလေး ကတော့ တစ်နှစ် ပတ်လုံး ပြန်ကုစားမှရတော့မယ်’’ ဟု အခြေခံပညာဦးစီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။

မတ်လအတွင်းက ထုတ်ပြန် ခဲ့သည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်အစိုးရစစ်စာမေးပွဲ အောင် စာရင်း၌ ၃၉ မှတ်အောက် ဖြင့် ဒီအဆင့်ရရှိကာ ကျရှုံးခဲ့သော ဘာသာရပ်အလိုက် ကုစားစာမေးပွဲကို မေလ ၁၄ မှ ၁၆ ရက်အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်စာရင်းအဆင့် (Grade) များကို သတ်မှတ်ရာတွင် ဖြေဆိုရ သည့် ဘာသာရပ်အလိုက် ရမှတ် ၁၀၀ မှ ၈၀ မှတ်ကို အေအဆင့် (GradeA)၊ ရမှတ် ၇၉ မှ ၆၀ မှတ် ကို ဘီအဆင့်(Grade B) ၊ ရမှတ် ၆၉ မှ ၄၀ မှတ်ကို စီအဆင့် (Grade C) နှင့် ရမှတ် ၃၉ မှတ် အောက်ကို ဒီအဆင့် (Grade D) ကျရှုံးအဖြစ် သတ်မှတ်၍ အောင် စာရင်း ထုတ်ပြန်ပေးမည်ဖြစ် သည်။

ကျရှုံးခဲ့သော ကျောင်းသားများ ပြန်လည်ကုစားဖြေဆိုရမည့် စာမေးပွဲတွင် သက်ဆိုင်ရာဒေသ၏ ပညာရေး အဆင့်နှင့်လိုက်လျော ညီထွေမှုရှိသည့် မေးခွန်း၊ အမှတ် ပေးစည်းမျဉ်းများနှင့် စစ်ဆေးခဲ့ ကြောင်း အဆိုပါ
အဆင့်မြင့်အရာ ရှိက ဆက်လက်ပြောကြားသည်။

‘‘မေးခွန်းက လွယ်တယ်။နမူ နာမေးခွန်းရယ်၊ အရင်မေးထား တဲ့ မေးခွန်းကိုပဲ ပြန်မေးတာဆို တော့ အကုန်ဖြေနိုင်ခဲ့တယ်’’ဟု ကုစားစာမေးပွဲတွင် ပါဝင်ဖြေဆို ခဲ့သည့် ဗဟန်းမြို့နယ်မှ အဋ္ဌမ တန်းကျောင်း သား မောင်ကောင်း စံကပြောသည်။

အဆိုပါပြန်လည်ကုစားစာ မေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် စတုတ္ထတန်းကျောင်းသား နှစ်သိန်း တစ်သောင်းကျော် နှင့် အဋ္ဌမတန်းကျောင်းသား နှစ် သိန်းငါးသောင်းကျော် ပြန်လည် ဖြေဆိုရမည်ဖြစ်သော် လည်း ပြည် နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့ ကြီးများရှိ ကျောင်းသား၊ ကျောင်း သူများသာ စိတ်ဝင်တစား ပါဝင် ဖြေဆိုခဲ့ကြပြီး ဝေးလံသည့်မြို့ များနှင့် ကျေးလက်ဒေသ အများစုတွင်လာရောက်ဖြေဆိုသည့် ကျောင်း သား နည်းပါးခဲ့ ကြောင်း အဆိုပါဒေသများရှိ အခြေခံပညာ ကျောင်းမှ ဆရာများကဆိုသည်။

အစိုးရစစ်စာမေးပွဲစနစ်ဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင်  စ တင်ဖြေဆိုခဲ့ ရသည့် စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင်စာ မေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအ တာအနေဖြင့် စတုတ္ထတန်းအောင် စာရင်း အောင်ချက် ၇၅ ဒသမ၈၆ ရာခိုင်နှုန်းကျော်နှင့် အဋ္ဌမတန်း  အောင်စာရင်းအောင်ချက် ၅၄ ဒ သမ ၁၁ ရာခိုင်နှုန်းရှိကြောင်း အ ခြေခံပညာဦးစီးဌာနမှ သိရသည်။


7Day News Journal


No comments:

Post a Comment

My Blog List