Friday, May 22, 2015

ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ မှတ်ပုံတင်ကျ


ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းမျိုးနွယ်စုတွေအပေါ်အခြေခံတဲ့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၀ ရက်နေ့ နေ့စွဲနဲ့ မှတ်ပုံတင်ခွင့်ပြုပါတယ်။
ခုရက်ပိုင်းအတွင်း အစည်းအဝေးတရပ်ခေါ်ယူပြီး ပါတီဖွဲ့စည်းပုံ၊ ပါတီအလုပ် အမှုဆောင်တွေ ရွေးချယ် တင်မြှောက်ဖို့ ရှိတယ်လို့  ပါတီဥက္ကဋ္ဌ ဦးစောဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

‘ပါတီမှတ်ပုံတင်ကျပြီဆိုတော့ကာ ပထမဆုံးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် သွားဖို့ ပြင် ဆင်မှာဖြစ်ပါတယ်။

ကျနော်တို့ မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ နေထိုင်ရာဒေသတွေမှာ ၀င်ပြိုင်ပါမယ်။ ပါတီအလုပ်အမှုဆောင် အဖွဲ့တွေရွေး ချယ်တင်မြှောက်ပြီးရင် ပါတီစည်းရုံးရေး ဆက်လုပ်မယ်။ အဲဒီနောက် ဒေသငြိမ်းချမ်းရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ ဒေသ ဖွံ့ဖြိုးရေးစတာတွေကို ကျနော်တို့ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း တွင်းမှာရှိတဲ့ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီး၊ တိုင်းလုံ စတဲ့ ရှမ်းမျိုးနွယ် ပူးပေါင်းဆောင်ရွက် သွားဖို့။ နောက်တချက်ကတော့ အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်သွားဖို့ ဖြစ်ပါတယ်။”

ပါတီရုံးချုပ်ကိုတော့ ဆက်သွယ်ရ လွယ်ကူတဲ့ မန္တလေးမြို့မှာ ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ် မြစ်ကြီးနား၊ မံစီ၊ မိုးမောက်၊ ဗန်းမော်၊ ဖားကန့်၊ တနိုင်းနဲ့ စစ်ကိုင်းတိုင်း မော်လိုက် ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး  အစရှိ တဲ့ နယ်မြေတွေကို အဓိကထား စည်းရုံးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ရှမ်းမျိုးနွယ်စုများပါတီထူထောင်သူ ပုဂ္ဂိုလ် ၁၃ ဦးရှိပြီး အများစုဟာ ယခင်ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီကနေ ခွဲထွက်ခဲ့တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List