တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀နာရီတွင် မြန်မာ နိုင် ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဆက်လက်ပြီး သံအမတ်ကြီး H.E.Mr. Yang Houlan က တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေလိုပါကြောင်း ၊ MNDAA သောင်းကျန်းသူများ အနေဖြင့် နှစ်ဦးနှစ်ဘက်ကို ဒုက္ခပေး နေပါကြောင်း ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ အမြန်တည်ငြိမ်အေးချမ်း စေလိုပါကြောင်း ၊ အင်တာနက် လူမှုကွန်ယက်များတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့နေခြင်းမှာလည်း မိမိအစိုးရအပေါ် ဖိအားဖြစ်စေပါ ကြောင်း၊ နှစ်ဦးနှစ်ဘက် အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ယင်းဖိအား များကို လျော့ချ သွားမည် ဖြစ်ပါကြောင်း၊ နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေလိုကြောင်း ပြန် လည် ဆွေးနွေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူမှုကွန်ယက်များတွင် တရုတ်နိုင်ငံ သတင်းဌာန များ ၊ မြန်မာပြည်တွင်း သတင်းဌာနများသို့ အဓိက၀ါဒ ဖြန့်နေ သည်မှာ MNDAA သောင်းကျန်းသူအဖွဲ့ ပင် ဖြစ်ပါကြောင်း၊ မဟုတ်မမှန် ၀ါဒဖြန့် ခြင်းများကို မိမိတို့နှစ်ဦးနှစ်ဘက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ရန် လိုအပ် ပါကြောင်း ၊ တိုက်ပွဲနေရာမှ ဆုတ်ခွာသွားသည့် MNDAA သောင်းကျန်းသူများ တရုတ်နိုင်ငံအတွင်း မှ ဖြတ်သန်း သွားလာမှုမရှိရေး စစ်ဆေးကြပ်မတ် ပေးစေလိုကြောင်းနှင့် ကျည်ကျော်ကျရောက်မှု ထပ်မံ မဖြစ်ပွားရေး ကြိုးစားဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan နှင့်အတူ စစ်သံမှူး Senior Colonel Wang Jinbo တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment