Monday, May 18, 2015

အလုပ်အကိုင်ရှားပါး၍ မြန်မာလူငယ်များ နိုင်ငံခြားထွက်ခွာနေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ် ကိုင်နေ ရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့်ဗိုလ်ချုပ်အောင် ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ် လမ်းကြောင်းတွင် ၎င်းကို ကြိုဆိုကြသူများသည်လည်း လူငယ်၊ လူလတ်ပိုင်းများထက် ကလေးသူငယ် ပိုမိုများပြားကြောင်း၊ မြန်မာပြည်သူ၊ ပြည်သားများအတွက် လုံလောက်သည့် အလုပ်အကိုင် ဖန်တီးပေးရေးသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ကိစ္စတစ်  ခု ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒါဖြင့် ကျွန်မစဉ်းစားတယ်။ ကလေးလေးတွေက အများကြီးပဲပေါ့နော်။ လူငယ်၊ လူလတ်တွေ သိပ်မများဘူး ဘယ်များရောက်နေလဲ ဆိုတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ အဖြေက ထွက်သွားတယ်။ ဒါက ကျွန်မတို့ နိုင်ငံအတွက် ဝမ်းသာစရာ မဟုတ်ဘူး။ အလုပ်ရှိတယ် ဆိုတာက အလုပ်မရှိတာထက် သာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ အလုပ်မရနိုင်လို့ အခြားမှာ သွားပြီးတော့ အလုပ်လုပ်ရ တယ်ဆိုတာ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ” ဟု NLD ဥက္ကဋ္ဌက မှတ်ချက်ပြုသည်။

လူငယ်များသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရသဖြင့် မိသားစုများနှင့် အတူမနေရသည့် အပြင် ကျေးရွာများသည်လည်း စိုပြည်သင့်သလောက် မစိုပြည်ရကြောင်းနှင့် ကော့မှူးမြို့နယ်သည်လည်း မွန်ပြည်နယ်နှင့် နှိုင်းယှဉ်ပါက နယ်စပ်ဒေသနှင့် ဝေးကွာသော်လည်း ယင်းဒေသမှ လူငယ်များသည် ပြည် ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒါပေမဲ့ နောက်ဆုံးကျတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အဓိက ရတနာ၊ အဓိက သယံဇာတပစ္စည်းလို့ ဆိုရမယ့် တန်းဖိုးအရှိဆုံးကတော့ ပြည်သူ၊ ပြည် သားတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေ ရဲ့ အရည်အချင်းမြင့် မှ၊ အရည်အချင်းမြင့်အောင် လုပ်ပေးနိုင်မှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ကျွန်မတို့ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ နိုင်ငံတွေ၊ကျွန်မတို့ရဲ့ ပြည် သူတွေ သွားပြီးတော့ အလုပ်ရှာနေရတဲ့ နိုင် ငံတွေဟာ ကျွန်မတို့နိုင်ငံနဲ့ ယှဉ်လို့ရှိရင် သယံဇာတ ဘာမှသာတာ မရှိပါဘူး။ ဒါပေမဲ့ စနစ်အရသာလို့ တိုးတက်ခဲ့တာ ဖြစ်တယ်။ စနစ်အရသာသွားလို့ စီးပွားရေးအရ ကောင်းတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို မော်လမြိုင်၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်၊ လှိုင်ဈေးလမ်းရှိ အ.ထ.က (၂) အားကစားကွင်း (ဘာဘူဝင်းကွင်း) တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် အောင် ဆန်းလမ်းရှိ ဓနသဟာယ စစ်သင်္ချိုင်း အပိုင် ကြာကန်ဘောလုံးကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဆက် လက်ဟောကြားမည် ဖြစ်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List