Friday, May 22, 2015

လှေစီးပြေး ဒုက္ခသည်တွေ သြစတေးလျ လက်ခံမည်မဟုတ်


သြစတြေးလျား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို အခြေချ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Tony Abbott ကပြောကြားလိုက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းခံဖို့ လှေတွေနဲ့ လာရောက်သူတွေကို သြစတြေးလျား နိုင်ငံလို အနောက်နိုင်ငံတခုမှာ ဘဝသစ်ထူထောင်ဖို့ အခွင့်ပေးမှာ မဟုတ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းတွေကို ထောင်နဲ့ချီပြီး ရောက်လာတဲ့ဘင်္ဂလာဒက်ရှ် နိုင်ငံသားတွေ နဲ့ မြန်မာ နိုင်ငံမှာ အဖိနှိပ် အနှိပ်စက်ခံရလို့ ထွက်ပြေးလာတယ်လို့ ဆိုတဲ့ ရိုဟင်ဂျာ တွေကို သြစတြေး လျ နိုင်ငံက အခြေချ နေထိုင်ခွင့် ပေးဖို့ ရှိမရှိ မေးမြန်းချက်ကို မစ္စတာ Abbott က လက်မခံကြောင်း ဒီကနေ့ပဲ ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်မှာ ကမ်းပေါ်ခေါ်တင်ခဲ့တဲ့ ရွေ့ပြောင်းအခြေချသူ ၄၀၀ ကျော်ရဲ့ အခြေနေ ဟာ သိပ်ကိုဆိုးဝါးနေတယ်လို့ IOM နိုင်ငံတကာ အရွှေ့ပြောင်း အခြေချသူများ အရေးဆိုင်ရာ ဆောင် ရွက်နေတဲ့ အဖွဲ့ပြောခွင့်ရ Joe Lowry က ပြောကြားနေချိန်မှာပဲ မစ္စတာ Abbottက အခုလို ပြောကြားလိုက် တာပါ။

ဒီ ရွှေ့ပြောင်းအခြေချသူတွေဟာ ပင်လယ်ပြင်မှာ လနဲ့ ချီနေခဲ့ရတာမို့ မျှော်လင့်ထားတဲ့အတိုင်း အခြေနေက ဆိုးဝါးနေပေမယ့် သူတို့ထဲက သေဆုံးသူတော့တယောက်မှ မရှိ ဘူးလို့ပြောပါတယ်။ သူတို့ဟာ Aceh ပြည် နယ်ထဲက လူသူအရောက်အပေါက်နဲတဲ့ နေရာကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ရောက်လာတာလာ ဖြစ်ပါတယ်။

VOA


No comments:

Post a Comment

My Blog List