Friday, May 22, 2015

ကြံ့ခိုင်ရေးပါတီမှ တာဝန်ခံထားသည့် လယ်မြေများ ပြန်မရသဖြင့် ပါတီဝင်များနှုတ်ထွက်



ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အနီးရှိ သိမ်းယူထားသော လယ်ယာ မြေ ဧက ၁၀၀၀ ခန့်ကို နိုင် ငံတော်မှ ၂၀၁၃ ခုနှစ်လယ်ပိုင်းခန့်တွင် ပြန်လည်ပေးအပ်ခဲ့သော်လည်း ဧက ၄၅၀ ခန့်ကို တောင်သူများမှ မရရှိသေးကြောင်း သိရသည်။

လယ်မြေများ ပြန်လည်ရရှိသည့် တောင်သူများကို ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြန်လည် ရရှိအောင် လုပ်ဆောင်ပေးမည်ဆိုကာ တောင်သူများကို ပါတီဝင်ခိုင်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် မရရှိသေးသဖြင့် ယခုနှစ် မေလ ၂၁ ရက်နေ့တွင် ပါတီဝင်ထားသည့် တောင်သူများ ပါတီဝင်အဖြစ်မှ ပြန် လည်နှုတ်ထွက်ခဲ့ကြောင်း နတ်တလင်းမြို့နယ်မှပြည်သူ့အကျိုးဆောင် ကိုတင်မောင်လင်းက ပြောသည်။

“ပါတီရဲ့ အကျိုးနဲ့ နိုင်ငံရဲ့အကျိုးဆိုရင် နိုင်ငံရဲ့အကျိုးကိုပဲ လုပ်မယ် ဆိုပြီးတော့ အခုကျတော့ ပါတီအကျိုး ပဲလုပ်နေတယ်။ အဲဒါကြောင့် ပါတီဝင် ထားတဲ့တောင်သူ ၁၅၀ လောက်က ဒီနေ့မနက် ကိုးနာရီလောက်မှာ နတ်တလင်းမြို့နယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကိုသွားပြီး နှုတ်ထွက်တယ်”ဟု နတ်တလင်းမြို့နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ကိုသိန်းလင်းစိုးက ဆိုသည်။

အဆိုပါ လယ်ဧက ၄၅၀ကို ခမရ ၄ တပ်ရင်းမှ ဧက ၁၀၀၊ နတ်တလင်းမြို့နယ် သာယာဝတီခရိုင် စိုက် ပျိုးရေးနှင့် ညှိနှိုင်းရေးမှ ဧက ၁၀၀၊ နတ်တလင်းမြို့နယ်မြေစာရင်း ဦးအေးချိုနှင့်အဖွဲ့မှ ဧက ၂၅၀ ကြားဖြတ် ယူထားကြောင်း ကိုတင်မောင်လင်း က ပြောသည်။

ကျော်သက်ခိုင်
The Myanma Age 


No comments:

Post a Comment

My Blog List