Friday, May 22, 2015

နျူကလီးယားကိစ္စ စုံစမ်းစစ်ဆေးခွင့် မပြုဟု အီရန်အကြီးအကဲပြော





အီရန်အကြီးအကဲ အယာတိုလာ အလီ ခါမေနီက ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အငြင်းပွားဖွယ် နျူကလီး ယား အစီအစဉ်ကိစ္စကို ဆွေးနွေးညှိနှိုင်းနေတဲ့ကာလအတွင်း ကျိုးကြောင်း မသင့်လျော်တဲ့ တောင်းဆိုမှုတွေ ကို တီဟီရန်အစိုးရက လက်ခံမှာ မဟုတ်ဘူးလို့ မေလ ၂၀ ရက်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးမှူးတွေကိုလည်း အဏုမြူဆိုင်ရာ သိပ္ပံပညာရှင်တွေကို အင်တာဗျူး မေးမြန်း တာတွေကို တားမြစ်လိုက်ပါတယ်။

ဆယ်စုနှစ်ချီ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အီရန်ရဲ့ နျူကလီယာအရေးကို ဖြေရှင်းဖို့ မကြာခင် ရောက် လာတော့မယ့် ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး စုံစမ်းစစ်ဆေးရေးနဲ့ပတ်သက်လို့ နိုင်ငံပိုင်ရုပ်သံ ကနေ တိုက်ရိုက်လွှင့်ထုတ်တဲ့ အစီအစဉ်ကနေ မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အီရန်နိုင်ငံရဲ့ စစ်ရေးဌာနတွေကို ဘယ်နိုင်ငံခြားသားတွေကိုမှ ဘယ်လို စစ်ဆေးခွင့်မျိုးမှ ပြုမှာမဟုတ်ဘူး၊ ဘယ်လိုအရေးကြီးတဲ့ကဏ္ဍထဲက နျူကလီးယား ပညာရှင်ဖြစ်ဖြစ်၊ သိပ္ပံပညာရှင်ဖြစ်ဖြစ် မေးမြန်းခွင့် ပေးရ မယ်ဆိုတဲ့ စော်ကားမှုမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ခါမေနီက ပြောပါတယ်။

ကုလသမဂ္ဂ စစ်ဆေးသူတွေကတော့ အီရန်ဘက်က ကြေညာထားတဲ့ နျူကလီးယားဆိုင်ရာတွေကို ပုံမှန် စောင့်ကြည့်နေပါတယ်။

ဒါပေမယ့် အီရန်ဘက်ကတော့ အဲဒါတွေကို သက်သေပြနိုင်ဖို့ သက်ဆိုင်ရာ နေရာတွေ၊ ပစ္စည်းကိရိ ယာတွေ၊ အထောက်အထားတွေနဲ့ လူတွေကို ထုတ်ပြပေးဖို့ နှစ်ပေါင်းများစွာ ပျက်ကွက်နေတယ်လို့ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) အဖွဲ့က စောဒက တက်ထားပါတယ်။

အီရန်နိုင်ငံအနေနဲ့ စီးပွားရေးယိမ်းယိုင်နေတာတွေနဲ့ ရေနံထုတ်လုပ်ရေးတို့ကို ပိတ်ဆို့မှုတွေ တဖြည်းဖြည်း အဆုံးသတ်သွားအောင် ကမ္ဘာ့အင်အားကြီးနိုင် ငံတွေနဲ့ သံတမန်ဆက်ဆံရေးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ချင်ရင် အိုင်အေအီးအေနဲ့အတူ ပူးပေါင်းဆောင်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောထားပါတယ်။

အီရန်နိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုကနေ ကင်းလွတ်မယ့် အချိန်ဇယားနဲ့ အီရန်ရဲ့ အဏုမြူ သုတေသနနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ အနာဂတ်အရေးတွေ အပါအ၀င် ကျန်ရှိနေသေးတဲ့ မပြေလည်မှုတွေကို အချောသတ် ပြီးစီးအောင် လုပ်ဆောင်ဖို့ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေက ညှိနှိုင်းသူတွေဟာ ရက်ပိုင်းအတွင်း ဗီယင်နာ မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List