Monday, May 18, 2015

လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်ထိ အရေးကြီးလဲ


မကြာခင်ကျင်းပဖို့ ရှိနေတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လူငယ်တွေနဲ့ ဘယ်လို ဆက်စပ်မှု ရှိနေလဲ၊ သူတို့ အနာဂတ်တွေက ဒီရွေးကောက်ပွဲကြီးနဲ့ ဘယ်လောက်တောင် တိုက်ရိုက် အကျိုးကျနိုင်လဲ။ လူငယ်တွေကကော ဒီရွေးကောက်ပွဲကြီးအပေါ် ဘယ်လိုသဘောထားတွေ ရှိနေကြလဲဆိုတာတွေကို မဇ္ဈိမသတင်းဌာနက တင်ဆက်ပေးနေပါတယ်။


ဒီတစ်ပတ်မှာတော့ လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်တောင်အရေးကြီးနေလဲဆိုတဲ့ အကြောင်းအရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ဗဟို တာဝန်ခံ ဒေါက်တာ စိုးမိုးသူ (Dr, SMT)၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ ရန်ကုန် ဥက္ကဋ္ဌ ကိုစိုင်းဦး (SO) နဲ့ ဘလော့ကာ ကိုနေဘုန်း လတ် (NPL ) တို့နဲ့ မဇ္ဈိမက ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်ထိ အရေးကြီးလဲ

မေး။ ။ အရင်ဦးဆုံး ဒေါက်တာစိုးမိုးသူက လူငယ်တွေအတွက် ၂၀၁၅ ရွေးကောက်ပွဲက ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ဆွေးနွေးပေးပါခင်ဗျ။
Dr, SMT။ ။ ၂၀၁၅ ရွေးကောက်ပွဲဟာ လူငယ်တွေသာမက၊ ပြည်သူတွေအတွက် အရေးကြီးပါတယ်။ မဲပေးခွင့်ရဖို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စတေးခဲ့ရပါတယ်။ တွန်းတိုက်၊ တော်လှန်ခဲ့ရတယ်။ အခုတော့ ရွေးကောက်ပွဲ ကျင်းပတော့မည်လို့ သိရတယ်။ အခုရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ စစ်မှန်ဖို့ အရေးကြီးတယ်။ ပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ဖို့အရေးကြီးတယ်။ အခုလူငယ်ဆိုတော့ မဲပေးခွင့်ရှိသူတွေရဲ့ သုံးပုံ တစ်ပုံက လူငယ်တွေဖြစ်တယ်။ ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်း၊ တောင် သူလယ်သမား လူငယ်မျိုးစုံ ရှိတယ်။ ဒီသုံးပုံတစ်ပုံသော လူငယ်ထုသာ မပါဝင်ဘူးဆိုရင် ဒီရွေးကောက် ပွဲကြီးက အဓိပ္ပါယ်ဟာ အများကြီး လျော့နည်းသွားနိုင်တယ်။ ပြည်သူကို ကိုယ်စားပြုမှုဟာလည်း အများ ကြီးလျော့နည်းသွားနိုင်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေလို့ပြောလေ့ရှိတယ် တစ်ပြိုင်တည်းကို လူငယ်တွေအနာဂတ်ကလည်း ရွေးကောက်ပွဲ ဖြစ်တယ်။ လူငယ်တွေကို ကိုယ်စားပြုမယ့် အစိုးရတွေ ဖြစ်ဖို့ ဒီရွေးကောက်ပွဲက လူငယ်တွေအတွက် အရေးကြီးတယ်လို့ ဒါကြောင့် လူငယ်တွေက အင်တိုက်အားတိုက် ပါဝင်သင့်တယ်လို့ ဆွေးနွေးချင်ပါတယ်။
NPL။ ။ အရေးကြီးဆုံးကတော့ နှစ်ပိုင်းပေါ့၊ နံပါတ် ၁ကတော့ ရွေးကောက်ပွဲတန်ဖိုးကို လူငယ်တွေနားလည် ဖို့ လိုတယ်။ အဲဒီလိုနားလည်မှလဲ မဲရုံသွားပြီး မဲပေးသင့်ပါလား ဆိုတာဖြစ်လာမယ်။ နံပါတ် ၂ ဘယ်လို လူမျိုးကို မဲပေးမှာလဲပေါ့။ အားလုံးရွေးကောက်ပွဲ သွားပေမယ့် မှားယွင်းတဲ့ မဲဆွယ်မှုတွေကို ယုံကြည် ပြီးတော့ မှားယွင်းတဲ့ မဲပေးမှုတွေကို လုပ်ရင်တော့ အဲဒါက ကောင်းတဲ့ဖက်ကို ရွေ့မှာမဟုတ်ဘူး။ ဒီနှစ်ခုကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်လို့ ထင်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာရွေးကောက်ပွဲက အရမ်းကိုအရေး ကြီးတယ်၊ ရွေးကောက်ပွဲက တစ်ခုတည်းသော ညွှန်ကိန်းမဟုတ်ပေမယ့် ဒီမိုကရေစီကို တိုင်းတာတဲ့အခါ မှာ ရွေးကောက်ပွဲ က ညွှန်ကိန်းတစ်ခုအနေနဲ့ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် ရွေးကောက်ပိုင်ခွင့်ရှိပြီ လားပေါ့။ အဲဒီတော့ ရာနှုန်းပြည့် ရွေးကောက်ခွင့်မရသေးရင်တော့ စစ်မှန်ပြည့်ဝတဲ့ ရွေးကောက်ပွဲ မဟုတ်သေးဘူးလို့ ထင်ပါတယ်။
SO။ ။ ပြောရရင်တော့ ရွေးကောက်ပွဲအတွက် လူငယ်တွေကို ပညာပေးဖို့လိုတယ်။ အားပေးမှုအားနည်းလို့ လူငယ်တွေ ဘယ်နေရာမှာ ပါဝင်ရမယ်ဆိုတာကို တိတိကျကျ မသိကြဘူး။ မဲယူတယ်၊ မဲလိမ်တယ်ဆိုတာ ထက် နည်းစနစ်တွေကို သေချာသိလာတာကပိုကောင်းမယ် ဒါတွေကိုလည်း ကျွန်တော်တို့တော့လုပ်နေ တယ်။ အစွန် အဖျားတွေထိ သိဖို့လိုမယ်။ ဒါမှတရားမှတမယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက ဘယ်လိုကွားခြားချက်တွေရှိတယ်ဆိုတာကို လူငယ်တွေအတွက် ဆွေးနွေးချင်လဲ။
SO။ ။ ၂၀၁၀တုန်းက ကြောက်ရွံ့မှု ပေါင်းများစွာနဲ့ လူငယ်တွေက နိုင်ငံရေးဆိုတာကို ကြောက်ရွံ့ နေကြ တယ်။ ၀င်လာဖို့ကို မနည်းစွဲခေါ်ရတယ်။ မံရုံ စောင့်ဖို့တောင် အရမ်းကြောက်ကြတယ် အခု ၂၀၁၅ မှာ ကြောက်ရွံ့မှုတွေ ရှိနေသေးပေမယ့် အများကြီးပါဝင်လာနိုင်မယ်ထင်တယ်။ ရှမ်းပြည်နယ်အနေနဲ့လည်း အရမ်းအားရစရာ ကော င်းမယ်လို့ ယုံကြည်ထားတယ်။ မျှော်လင့်တယ်။
NPL။ ။ ၂၀၁၀ ကတော့ မြင်သာပါတယ်။ ပြိုင်ဖက်ကို ခြေထောက်ရိုက်ပြီး ကျင်းပတဲ့ ပွဲပဲ။ ပြိုင်ဖက်မရှိ နိုင် သွားတယ်။ ပြိုင်ဖက်ထက် တော်လို့မဟုတ်ပဲ၊ ပြိုင်မယ့်သူကို မရှိတာ။ အခု ၂၀၁၅ မှ အဓိက ကွာခြားချက်က အဲဒါဖြစ်မယ်ထင်ပါတယ်။
အကြောက်တစ်ရားလို့ ပြောတယ်။ အဲဒီ အကြောက်တစ်ရားဆိုတာ ဘာလည်း ဆိုတာကို ပြောပြပေးပါ။
SO။ ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးလို့မြင်ကြတယ်။ နိုင်ငံရေးဆိုတာက ကိုယ့်အလုပ်မဟုတ်ဘူး ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်ကြတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ သူတို့ အမြင်ပေါ့လေ။ အခုတော့ နိုင်ငံရေး က ကိုယ်က မပက်သက်ပေမယ့် သူက ကိုယ့်ကို ပက်သက်လာတယ်။ ဒါက မီဒီယာတွေမက ဘက်ပေါင်းစုံ က ပိုပြီးပြောလာကြတဲ့အခါကျတော့ အခု ၂၀၁၅ မှာ ပိုပြီးတော့ ပါဝင်လာနိုင်မယ်လို့ ထင်တယ်။
၂၀၁၅ ရွေးကောက်ပွဲ ပြီးသွားရင်ကော လူငယ်တွေ အနာဂတ်အတွက် အကျိုးဘယ်လောက်ရှိနိုင်လဲ၊ ကိုနေဘုန်းလတ်ကော ဘယ်လိုတွေ မျှော်လင့်ထားလဲ။ လူငယ်တွေ အနာဂတ် အပြောင်းအလဲအ တွက် ပေါ့။
NPL။ ။ ရွေးကောက်ပွဲက ဘာကိုရွေးတာလည်းဆိုတာကိုလည်း သိထားဖို့လိုမယ်။ ဒါတောင် ၇၅ ရာခိုင်နှုန်း ပဲ ရွေးနိုင်တာ ကျန်တာက တပ်က ၂၅ ရာခိုင်နှုန်း၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ဥပဒေပြုရေးပဲ လုပ်နိုင်မယ်။ အုပ်ချုပ်ရေးပိုင်းကို ရောက်သွားတာလည်း ရှိတာပေါ့။ အဲဒီတော့ ဒီမိုကရေစီ အင်အားစုတွေ က အနိုင်ရတဲ့အခါ ဥပဒေပြုရေး အပိုင်းမှာတော့ အထိုက်အလျောက်ပြောင်းလဲမှုရှိနိုင်တယ်။ ၀န်ကြီးအားလုံး က လွှတ်တော်က ရွေးတာမဟုတ်တဲ့အတွက် အများစုတော့ ပြုပြင်မှုမလုပ်နိုင်တာရှိနိုင်မယ်လို့ မမျှော်လင့် ဘူး။
Dr, SMT။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဟာ ကိုနေဘုန်းလတ်ပြောသလို ပြိုင်ဘက်ကို ခြေထောက်ချိုးပြီးတော့ လုပ်သွားတယ်။ တစ်ပြိုင်တည်းမှာပဲ လူငယ်တွေ ၂၀၁၀ ရှေ့က ရွေးကောက်ပွဲက ၁၉၉၀ ရွေးကောက်ပွဲ ဆိုလိုချင်တာက အသက် ၂၀ အထိ ရွေးကောက်ပွဲ အတွေ့အကြုံမရှိကြဘူး။ နံပတ် ၁ ဘယ်လိုမဲပေးရမလဲ မသိကြဘူး။ ၂ မဲပေးခြင်းအားဖြင့် ဘာတွေဖြစ်လာမယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့ ဘာအတွက် မဲသွားပေးတာလဲ လက်ရှိ ဒီအစိုးရ မဲပေးလို့ ဘာတွေပြောင်းလဲလာမလဲ။ နောက်တစ်ခု စကားလုံနည်း နည်းတော့ကြမ်းမယ်။ နိုင်ငံရေး သင်းသတ်ခံထားရတယ် ကျွန်တော်တို့လူငယ်တွေ။ ကျွန်တော်တို့ ဖြစ်စေ ချင်တာက ကျွန်တော်တို့ကျောင်းမှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို မသင်ရဘူး။ နိုင်ငံရေးအကြောင်းပြောရင် ဒါက မိဘတွေကိုယ်တိုင်က အန္တာရယ်ရှိတယ်လို့ ယူဆပြီး လုံးဝမပြောခိုင်းဘူး။ နိုင်ငံရေးလုံးဝ မပတ်သက် နဲ့ နိုင်ငံရေးဟာအန္တရာယ်။ နိုင်ငံရေးကို ပတ်သက်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ကျိုးကို ထိခိုက်နိုင်တယ်ဆို ပြီးတော့ မှာခဲ့ကြတယ်။ အဲလိုမျိုး နိုင်ငံရေးဆိုတဲ့စကားကို ကျယ်ကျယ်မပြောဝံ့တဲ့အခြေအနေ မှာ ရွေးကောက်ပွဲဆိုတာကို ကျင်းပခဲ့တယ်။
ရွေးကောက်ပွဲ ကျင်းပတော့လည်း လုံလောက်တဲ့ အသိပညာတွေ ဝေမျှမှု မရှိဘူး။ ဆိုလိုချင်တာကဗျာ သူ့အရပ်သူ့ ဇာတ်နဲ့ ရွေးကောက်ပွဲတစ်ခု ဒီအတိုင်းပဲ ပြီးသွားခဲ့တယ်။ သိပ်မထူးခြားသော ရွေးကောက်ပွဲတစ်ခု ပေါ်ပေါက်လာတယ်။ ဒါ ၂၀၁၀ ရွေးကောက်ပွဲပေါ့။ ၂၀၁၅ မှာ ဘာကွာလာလဲဆိုတော့။ ကျွန်တော်တို့ နည်းပညာပိုင်းမှာ ကွာဟလာတယ်။ အရင်ကပြောချင်တာ ပြောမယ့်နေရာမရှိဘူး။ သတင်းနဲ့မီဒီယာ ပြီးတော့ ဖေ့ဘွတ်ဆိုတာ လူကြားထဲမှာ ပျံ့နေပြီး။ မက်ဆေ့ တစ်ခု ပို့လိုက်တာနဲ့ ပျံ့သွားပြီ။ အခုနောက်ပိုင်း ဖေ့ဘွတ်ပို့စ်တွေ ကြည့်ရင် နိုင်ငံရေး ပို့စ်တွေ တော်တော်များများ တွေ့လာရတယ်။ လာမယ့် ၂၀၁၅ မှာ အတိုက်အခံပါတီကသာ ၀င်ပြိုင်ခဲ့သည် ရှိသော် ဒီပြိုင်ပွဲ အခြေအနေက ပိုပြီးလှပလာမယ်။ ဒီမိုကရေစီကူးပြောင်းရေးကာလမှာ အရေးအကြီးဆုံးက ပထမဆုံးရွေးကောက်ပွဲ မဟုတ်သေးဘူး။ ပထမရွေးကောက်ပွဲက ဒီလိုပဲသွားမှာပဲ။ ဒုတိယ ရွေးကောက်ပွဲ မှာသာ တကယ်ပြောင်းလဲတဲ့ အပြောင်းအလဲတစ်ခုကို ပြည်သူကသာ ရွေးခြယ်ရင် ပြည်သူကသာ လိုချင် ရင် ပြောင်းလဲနိုင်တဲ့ အခြေအနေရှိတယ်။ အဲတော့ ဒီရွေးကောက်ပွဲက တဆင့် ကျွန်တော်တို့ မျှော်လင့် တဲ့ ပြည်သူက ရွေးခြယ်တဲ့ ဒီမိုကရေစီ အစိုးရ သစ်တစ်ရပ်ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်မယ့်မျှော် လင့်ချက် ရေးရေးတော့မြင်ရပါတယ်။ ၂၀၁၅ မှာ ပြည်သူကရွေးခြယ်တဲ့ အစိုးရသာ ပေါ်ပေါက်လာမယ် ဆိုရင် အများကြီး ပြောင်းလဲ နိုင်တာတွေရှိနိုင်ပါတယ်။
မေး။ ။ အဲဒါက ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ လူငယ်တွေ အတွက် ရိုက်ခတ်လာတဲ့ ကောင်းကျိုးတစ်ခုခု ဆိုရင်ရော ဘယ်ဟာလို့မြင်မိလဲ။
Dr, SMT။ ။ ၂၀၁၀ ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ပိုပြီးသိလာတဲ့ အရာကတော့ မှန်သည်ဖြစ်စေ မှား သည်ဖြစ်စေ လွှတ်တော်ဆိုတာ ကျွန်တော်တို့ မြင်ဖူးလာပြီ။ အမတ် ဆိုတာကို သိလာပြီ။ ပြည်သူ့အသံကို ကိုယ်စားပြုပြီးဖော်ပြလို့ရတာက လွှတ်တော်ပါလားဆိုတာက ပြောခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော်တို့ သိလာတဲ့ ဟာကပေါ့။ နိုင်ငံရေးအပြောင်းအလဲတွေကို သတင်းစာတွေ မီဒီယာတွေကနေ တဆင့် ဖတ်လာရတယ်။ နိုင်ငံရေးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်မယ့် လမ်းကြောင်းတစ်ခု စမြင်လာရ တယ်။
SO။ ။ နိုင်ငံတကာနဲ့ ပိုပြီးထိစပ်မှု အားကောင်းလာတယ်။ နိုင်ငံတကာ ကလူငယ်တွေလည်း ၀င်လာနိုင်ခဲ့ တယ်။ အပြင်မှာရှိတဲ့ မီဒီယာတွေ လည်းဝင်လာနိုင်ခဲ့တယ်။ရွေးခြယ်မှု တွေများလာတယ်။ ဒါတွေကိုတော့ အကျိုးကျေးဇူးလို့မြင်ပါတယ်။
NPL။ ။ ၂၀၁၀ နောက်ပိုင်းက နိုင်ကျဉ်းတွေလွတ်တာ စတဲ့ ပြောင်းလဲမှုတွေ ရှိလာတယ်။ ဒါကြောင့် ပြည် သူ့ အကြား အတိုင်းအတာတစ်ခုတော့ အကြောက်တစ်ရားတွေ လျော့လာတယ်။ ၂၀၁၀ ပြီးပြီးခြင်းနဲ့ ၂၀၁၂ နောက်ပိုင်းတောင်မတူဘူးနော်။ ၂၀၁၂အပြီးမှာ လူထု မျှော်လင့်ချက်တွေ နိုင်ငံရေးမျှော်လင့်ချက်တွေ က မြင့်လာတယ်။ ၂၀၁၅နီးလာတော့ပြန်ကြသွားတယ်၊ အရင်လုံးဝမယုံရာက နည်းနည်းယုံလာတယ်။ အခု ၂၀၁၅ နီးလာတော့ မင်းသားခေါင်းဆောင်း ကျွတ်သွားတယ် အဲလိုမျိုးတွေဖြစ်လာတော့လူထုယုံကြည် မှုတွေက ပြန်ကျ သွားတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာ အဲလိုအနိမ့်အမြင့်တော့ ရှိခဲ့တယ်လို့ သိခဲ့ပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးကြီးတယ်ဆိုတာမျိုး ထောက်ပြပြောဆိုသွားတယ်၊ တကယ့် မြေပြင် မှာ ရှိတဲ့ လူငယ်တွေကို ဒီလိုအရေးကြီးပါတယ်ဆိုတာ သိအောင်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေက ဘာလုပ်သင့်လဲ။
NPL။ ။ တာဝန်ရှိတယ် ဆိုတာ မကွဲပြားသေးဘူးဗျ။အစိုးရ ဆိုတာရှိတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ရှိတယ်။ သူတို့က ဘာဘက်မှ မရှိဘဲပြည်သူက ရွေးကောက်ပွဲဆိုတာ သိအောင် လုပ်ရမှာပေါ။ ဒါပေမယ့် အခုဟာကသူတိုရဲ့ နေရာကို မကွဲပြားနိုင်ဘဲနဲ့ ငါတို့ ဘယ်ပါတီက လာတာလဲဆိုတာမျိုး အဲဒါကြောင့်လည်း သမ္မတ ဖြစ်သွားရင် ပါတီကရပ်စဲရတယ်ဆိုတာမျိုး ဥပဒေရှိရတယ်ပေါ့။ သမ္မတဆိုလည်း အဲဒီအတိုင်းပဲ
ရွေးကောက်ပွဲကော်မရှင်ဆိုလည်း အဲဒီအတိုင်းပဲ။ ဒါပေမယ့် အဲဒီနေရာမှာတာဝန်ယူနေတဲ့ သူတွေက ဘက်တွေကင်းပြီးတော့ တကယ်ပဲပြည်သူလူထုအတွက် လုပ်လားဆိုတော့ အဲဒါမျိုး မေးခွန်းထုတ်စရာတွေ ရှိတယ်။ တကယ့်ပြည်သူလူထုကို မှန်မှန်ကန်ကန် မဲထည့်ဖို့ ကိစ္စ လိုက်ပြောနေတဲ့သူတွေက အန်ဂျီအိုတွေ ပဲ ဖြစ်နေတယ်။ နောက်တစ်ခုက ပညာရေးစနစ်ပေါ့။ တကယ်တန်းကျ ဒီvoter education က ပညာရေး စနစ်က ပဲလုပ်ပေးရမှာ။ အဲဒီဟာတွေကို ကောင်းကောင်းမပြတ်သေးဘူးလို့မြင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပညာပေးတဲ့ကိစ္စတွေက မရှင်းဘူးလို့မြင်တယ်။
Dr, SMT။ ။ ကျွန်တော့်မှာတော့ စကားလုံး တစ်လုံးပဲ ရှိပါတယ်။ စိတ်ရင်း စေတနာ မှန်ဖို့လိုပါတယ်။ ရွေးကောက်ပွဲမှာ လူငယ်တွေရော ပြည်သူတွေ ရောပါဝင်ဖို့ ကျင်းပချင်တဲ့ စိတ်ရှိဖို့လိုပါတယ်။ ဥပမာ - ပြီးခဲ့တဲ့ရက်တွေက မဲစာရင်းကြေညာတယ်။ သူတို့ပြောခဲ့တာက ပြည်သူတွေ အလွယ်တကူကြည့်နိုင်တဲ့နေရာမှာ ကပ်မယ်ဆိုပြီးပြောခဲ့တယ်။ တကယ့်တကယ် သွားရောက် လေ့လာတဲ့အချိန်မှာ တချို့ဟာတွေက ကပ်ထားတာရှိတယ်။ တချို့ကကပ်ပြီးစာအုပ်ထဲမှာ ထည့်ထားတာရှိတယ်။ စာအုပ်လှန်ကြည့်ရတယ်။ သူတို့ပြောတဲ့မူဝါဒအရ ပြည်သူတွေကို အဆင်ပြေအောင် စီစဉ်ထားမယ်လို့ပြောတယ်။ တကယ့်တကယ်မှာတော့ အခက်အခဲတွေ အများကြီးရင်ဆိုင်ရပါတယ်။ တချို့ဆိုမဲစာရင်း ကတ်လို့ကပ်မှန်းတောင် မသိတဲ့သူတွေရှိတယ်။ ရွေးကောက်ပွဲရဲ့ ပထမ အဆင့်ဖြစ်တဲ့ မဲစာရင်းကိုတောင် ပြည်သူက မကြည့်ဘူးဆိုရင် မဲပေးတဲ့ အချိန်မှာ သူတို့နာမည်မပါရင် တကယ့် ရွေးကောက်ပွဲမှာ ဆုံးရှုံးမယ်။ အဲတော့ မဲစာရင်းမှာ ပါမပါကြည့်သင့်တယ်ဆိုတာ ပညာပေးလုပ်ငန်းတွေ လုပ်သင့်တယ်။
မေး။ ။ ရွေးကောက်ပွဲ ကော်မရှင်က ဒီဟာတွေလုပ်နေပေမယ့် လုပ်ကိုင်တဲ့ စွမ်းအားနည်းနေတာလား။
Dr, SMT။ ။ တကယ်ပဲ လူငယ်တွေ၊ ပြည်သူလူထုတွေကို ပါဝင်စေချင်တာလား။ ဒါမှ မဟုတ် မပါဝင်စေချင် တာလား သူတို့ပဲသိမှာပေါ့နော်။ဒါပေမယ့် ဒါကိုသိအောင်ကျိုးစားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း တွေရှိ တယ်ဆိုတာတော့ တွေ့ရတာပေါ့နော်။ သူတို့ရဲ့ အခက်အခဲကို နားလည်ပါတယ်။ ဒါကတစ်နိုင်ငံလုံး အတိုင်းအတာ အရ သူတို့မှာလည်း အခက်အခဲရှိတယ်ပေါ့။ ဒါပေမယ့် ဒီထက်ပိုပြီး အားစိုက်သင့်တယ်။ ဒီထက်ပိုပြီးသူတို့ရဲ့စိတ်ရင်းစေတနာကိုပြသင့်တယ်။
မေး။ ။ ကိုစိုင်းဦး အနေနဲ့ကော တိုင်းရင်းသားလူငယ်တွေရွေးကောက်ပွဲမှာ ပါဝင်လာအောင် တာဝန်ရှိ သူတွေက ဘယ်လိုမျိုးလုပ်ပေးသင့်တယ် ထင်သလဲ။
SO။ ။ အားလုံးပါဝင်ဖို့လိုတယ်။ သက်ဆိုင်တဲ့တာဝန်ရှိသူတွေလည်း တစ်ဦးချင်း တာဝန်ကိုယူတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။အစိုးရသက်တမ်းကုန်ခါနီးမှာ ဖြစ်သလိုလုပ်သွားတာမျိုး ဖြစ်စေချင် တယ်။ ကိုယ့်ရဲ့သမိုင်းကိုကိုယ် ထပ်မရေးကြနဲ့ပေါ့ဗျ။ လှလှပပလေးနဲ့ အဆုံးသတ်ပြီး လှလှပပလေး ကမ္ဘာ ကိုပြသွားစေချင်တယ်။ တန်းတူညီမျှမှုတွေဟာလည်း ပိုပြီးချစ်ခင်မှုတွေ ရှိလာပါမယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List