Friday, May 22, 2015

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား


ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြု လုပ်မည်ဖြစ် သော်လည်း ယင်းလှေစီးဒုက္ခ သည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက် မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန် က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက် သည်။
မေလ ၂၁ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးတို့ သည် နေပြည်တော် သမ္မတအိမ် တော်တွင် တွေ့ဆုံစဉ် ပင်လယ် တွင်း လှေစီးဒုက္ခသည်များအရေး စိုးရိမ်ကြောင်း ဒုဝန်ကြီး ၏ ပြောကြားချက်အပေါ် သမ္မတ ဦးသိန်းစိန်က ပြန်လည်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပင်လယ်အတွင်းမှ အခြားဒေသသို့ ရောက်ရှိသွားသူများအနက် မြန်မာနိုင်ငံ သားဖြစ်ကြောင်းပြော ဆိုနေသူများကို နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မည်ဖြစ်ပြီး လူမှောင်ခိုကူးမှုနှင့် ပတ်သက်၍ ဒေသတွင်း နိုင် ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတက ကန်ဒုဝန်ကြီးအား ပြောကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်  ဦးရဲထွဋ်က ပြောသည်။

‘‘လှေနဲ့ ရွှေ့ပြောင်းနေသူ တွေက မြန်မာနိုင်ငံကလို့ ပြောရင် ဒုက္ခသည် အဆင့်အလွယ်တကူ ရနိုင်တဲ့အ တွက် လူမှောင်ခိုကူး သူတွေက ဒီစကားလုံး ကို အသုံး ချနေကြောင်း ထောက်ပြတယ်။ ဒါကြောင့် အခုရောက်နေသူတွေ အားလုံးကို မြန်မာကလို့ ပြောတာ မျိုး လက်မခံကြောင်း ပြောခဲ့ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။ အရှေ့တောင်အာရှဒေသ တွင်း ရွှေ့ပြောင်း သူများဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန် မှုများကို ကန်နိုင်ငံခြားရေးဒုဝန် ကြီးက နေပြည်တော်တွင် မျှဝေ ပြောကြားခဲ့ကြောင်း အမေရိကန် သံရုံး(ရန်ကုန်)က ထုတ်ပြန်သည်။

ယခုပြဿနာကို ရင်ဆိုင်ဖြေရှင်းရေး ဒေသတွင်း မိတ်ဖက်များနှင့် အတူတကွ လုပ်ဆောင်ရန် မြန်မာအစိုးရအား ၎င်းက တိုက်တွန်းခဲ့သည်။ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် မျိုးစောင့်ဥပဒေလေးခုတွင် ပါရှိသည့် ၀ိရောဓိများကိုလည်း ဒုဝန်ကြီးက အလေးထား ပြောကြားခဲ့သည်ဟု လည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဒုဝန်ကြီး အန် ထော်နီဘလင်ကင်း ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ် အဖွဲ့သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံ ခဲ့သည်။ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်းနှင့် လှေစီးဒုက္ခသည်များအရေးအပြင်၂၀၁၅ရွေးကောက် ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တပ်မတော်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဟု ပြော ကြားခဲ့သည်ဟုသတင်းရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပင် လယ်အတွင်း မျောနေကြသည့် လှေစီးရွှေ့ပြောင်း ဒုက္ခသည်အ ရေးတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ဒုက္ခသည် များကို လက်မခံနိုင်သဖြင့် ကမ်း ကပ်ခွင့်မပေးဘဲ အစား အစာနှင့် ရေများဖြည့် ဆည်းပေးလျက် ပင် လယ်ပြင်အတွင်း ပြန်လွှတ်ခဲ့ သည်။

ထို့နောက် နိုင်ငံတကာဖိ အားပေးမှုများ မြင့်တက်လာချိန်တွင် မေလ ၂၀ ရက်က မလေးရှားနှင့် အင်ဒိုနီးရှား တို့က ဒုက္ခသည်များကိုယာယီလက်ခံမည် ဖြစ်ကြောင်း နိုင်ငံတကာသို့ ပြောကြားခဲ့သည်။ လှေစီး ဒုက္ခသည် များကို မြန်မာနိုင်ငံသားဖြစ်ပါက ပြန်လည်လက်ခံမည်ဟု အစိုးရ၏ပြောကြားချက်ကို ကြိုဆိုပြီး ရွှေ့ပြောင်း ဒုက္ခသည်များအရေးမှာ တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေရ သည့် ပြဿနာဖြစ်၍ ဒုက္ခသည် များကို အရေးကြုံမှ ကူညီကယ် ဆယ်ခြင်းထက် ဒုက္ခသည်များ ပေါ်ပေါက်ရသည့် ဇာစ်မြစ်ကို ရှာ ဖွေ၍ ထိထိရောက်ရောက် ကိုင် တွယ်ပြုပြင်ရန်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က RFA နှင့် သီးသန့်မေးမြန်းခန်း၌ ပြော ကြားခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List