Tuesday, May 19, 2015

အီဂျစ်သမ္မတဟောင်းမော်စီနှင့် အပေါင်းအပါများ သေဒဏ်ချမှတ်ခံရမှု အီးယူနှင့်အမေရိကန်စိုးရိမ်


ရာထူးမှ ဖြုတ်ချခံထား ရသော အီဂျစ်သမ္မတ မိုဟာမက်မော်စီ၏ မွတ်စလင် ဘရားသား ဟုဒ်အဖွဲ့ အပေါ် ပြတ်ပြတ်သားသား စစ်ကြေညာလိုက်ခြင်းဟုကျွမ်းကျင်သူများက ပြောကြား သော ပြစ်ဒဏ်ချမှတ်မှု အဖြစ် ၎င်းနှင့်အတူ အခြားလူဒါဇင်ပေါင်းများစွာကို သေဒဏ်များ ချမှတ် လိုက်ခြင်းနှင့် ပတ်သက်၍ အမေရိ ကန်နှင့် ဥရောပက စိုးရိမ် ကြောင်း ပြောကြားသည်။

၂၀၁၁ ခုနှစ် ဆူပူအုံကြွမှုအတွင်း ကြီးကျယ်သော ထောင် ဖောက်မှုတွင် ပါဝင်ပတ်သက် ခြင်းအတွက် မေ လ ၁၆ ရက်က သေဒဏ်ချမှတ်ခံရသည့် တရားခံ ၁၀၀ ကျော်၌ မော်စီလည်း ပါဝင်သည်။

ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပွားကာ ထိုစဉ်က စစ်ဘက် ဆိုင်ရာ အကြီးအကဲဖြစ်ခဲ့သူ လက်ရှိသမ္မတ အယ်လ်စီစီသည် ၎င်းကို ဖြုတ်မချမီ မော်စီက တစ် နှစ်မျှသာ အာဏာရခဲ့သည်။

အချိန်ကြာမြင့်စွာ အုပ်ချုပ် ခဲ့သော အာဏာရှင်မူဘာရက်ကို ဆန့်ကျင်သည့် ၂၀၁၁ တော်လှန် ရေးအပြီး လူဦးရေအထူထပ်ဆုံး အာရပ်နိုင်ငံဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေးအခြေအနေ ပရမ်း ပတာဖြစ်ပွားမှု များကို စိတ်ကုန် နေကြသည့် အီဂျစ်နိုင်ငံသားများ ၏ ထောက်ခံမှုဖြင့် အယ်လ်စီစီ သည် ၂၀၁၄ မေလက သမ္မတအ ဖြစ် ရွေးကောက်ခံခဲ့ရသည်။

မေလ ၁၆ ရက် ပြစ်ဒဏ်ချ မှတ်မှုနှင့်ပတ်သက်၍ ၀ါရှင်တန် က စိုးရိမ်ကြောင်း သဘောထား ဖော်ပြပြီး ဥရောပသမဂ္ဂထိပ်တန်း သံတမန် ဖက်ဒရီကာမိုဂါရီနီ ကလည်း ယင်းအမှုတွင် အမှားများ ပါဝင်နေကာ ပြစ် ဒဏ်အတွက် အယူခံဝင်ပါက ပြန်လည်ပယ်ဖျက်ပေးမည်ဟု အီးယူက ယုံကြည် ကြောင်း ပြော ကြားသည်။

အယ်လ်စီစီလက်ထက်တွင် မော်စီ၏ အစ္စလာမ်မစ်ထောက်ခံ သူများကို နှိမ်နင်းပြီး ရာပေါင်း များစွာ သေဆုံး ခဲ့ကာ ထောင် ပေါင်းများစွာ အကျဉ်းချခံခဲ့ရ သည်။

အခြား ဒါဇင်ပေါင်းများစွာ မှာ သေဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းကဲ့သို့ တစ်ကမ္ဘာလုံး၏ ပြစ်တင်ရှုတ်ချမှုကို အီဂျစ်နိုင်ငံ ခြားရေးဝန်ကြီးက ပြစ်တင်ဝေဖန် ပြီးအီဂျစ်ပြည် တွင်းရေး ကိစ္စများ တွင် လက်မခံနိုင်သော ကြားဝင် စွက်ဖက်မှုဖြစ်သည်ဟု ပြောကြားသည်။              

Ref: AFP
7Day News Journal 


No comments:

Post a Comment

My Blog List