မေ၇
ရက်က ဗြိတိန်အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယခု လက်ရှိဝန်ကြီးချုပ်
ဒေးဗစ်ကင်မ ရွန်း ခေါင်းဆောင်သော ကွန်ဆာဗေးတစ်ပါတီ က ညွန့်ပေါင်းတောင်
ဖွဲ့စရာမလိုတော့ဘဲ ခိုင်ခိုင်မာမာ အစိုးရသစ်တစ်ခုကို
ဖွဲ့သွားနိုင်မည့်အခြေအနေရှိသည်။
လွန်ခဲ့သည့်လက ရွေးကောက်ပွဲအကြိုအဖြစ်
ဝန်ကြီးချုပ် နှင့် အတိုက်အခံလေဘာပါတီခေါင်းဆောင် မီလီဘန်းတို့
ရုပ်သံစကားစစ်ထိုးပွဲ လုပ်ခဲ့ကြသည်။ ထိုနေ့က အချေအ တင် ပြောဆိုမှုများ
မစတင်ခင် ဝန်ကြီးချုပ်ပါတီက ၃၆ရာ ခိုင်နှုန်း၊ အတိုက်အခံလေဘာက
၃၄ရာခိုင်နှုန်းနှင့် လူထု ထောက်ခံမှု သူမသာ၊ ကိုယ်မသာ ဖြစ်နေခဲ့သည်။ ကျန်
ပါတီငယ်များက ဆယ်ရာခိုင်နှုန်းပင်မပြည့်ကြ။ အစီအစဉ် အပြီး စစ်တမ်း များကမူ
ဝန်ကြီးချုပ်ဘက်က ၅၄ရာခိုင်နှုန်း နှင့် အတိုက်အခံခေါင်းဆောင်အတွက် ၄၆
ရာခိုင်နှုန်းသို့ အသီးသီးတက်သွားခဲ့ကြသည်။
တစ်ဦးနှင့်တစ်ဦး ပြောင် မြောက်သော ထိုးနှက်ဝေဖန်မှုများ ပြုလုပ်သွားသည်မှာ စိတ်ဝင်စားစရာကောင်းလှ သလို ပရိသတ်ထဲမှ အဖြေခက် သော မေးခွန်းများပစ်လွှတ်သည်ကိုလည်း နိုင်ငံရေးခေါင်း ဆောင်နှစ်ဦးလုံး ပညာသားပါပါ ဖြေကြားသွားခဲ့သည်။ သူတို့မငြင်းခုံခင် ပထမဆုံး အဖွင့်အနေဖြင့် စတင်လိုက် သော စကားများသည် ဗြိတိသျှနိုင်ငံရေးလောက၏ ရင့် ကျက်မှုကို ပြသနေသလိုဖြစ်တော့သည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေးသမားနှစ်ဦးသည် တစ်ယောက်နှင့်တစ် ယောက်မဝေဖန်ခင် ပြိုင်ဘက်၏ လုပ်ဆောင်ချက် တို့အ နက် ကောင်းကွက်များက ဘယ်လိုဖြစ်သည်ဆိုသည်ကို အ ရင်ဆုံးချီးမွမ်းကာ မိမိသာ ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ် ဖြစ်ပါက ထိုလမ်းစဉ်များကို အတုယူသွားမည်ဟု ရိုးသား စွာ ဝန်ခံသွားသောကြောင့်ဖြစ် သည်။
ရင့်ကျက်သော နိုင်ငံရေးအခင်းအကျင်းဖြင့် ပါလီမန် တို့၏ မိခင်ဟု တင်စားရလောက်အောင် သက်တမ်း ကြာ မြင့်နေသည့် လွှတ်တော်စနစ်ကို ကျင့်သုံးနေသော ဗြိတိန် နိုင်ငံသည် မေ၇ရက်တွင် မည်သူက ဝန်ကြီးချုပ်လုပ်ရမည် ဆိုသည်ကို ဆုံးဖြတ်ခဲ့ကြတော့သည်။ သို့ရာတွင် အစိုးရ အဖွဲ့နှင့် ထိုအဖွဲ့ကို ဦးဆောင်သောဝန်ကြီးချုပ်တစ်ယောက် ၏ ရာထူးကံကြမ္မာကို ခပ်သိမ်းသော ကာလတိုင်းတို့ တွင် ရွေးကောက်ပွဲနည်းလမ်း၊ လွှတ်တော်နည်းလမ်းဖြင့်သာ ဆုံးဖြတ်ခဲ့သည်ဟု တစ်ထစ်ချမှတ်ယူ လျှင်တော့ မှားပေ လိမ့်မည်။ ဗြိတိသျှနိုင်ငံရေးသည် ရင့်ကျက်မှုရှိသလို တစ် ဖက်တွင်လည်း ပိရိသေသပ် လှသည်။ သိမ်မွေ့နက်နဲလှ သည်။ ထို့ကြောင့် လွန်ခဲ့သော အနှစ်သုံးလေးဆယ်အတွင်း မှာပင် ဝန်ကြီးချုပ် တစ်ယောက်က တပ်မတော်၏ဖိအား ပေးဖြုတ်ချခြင်းရှိခဲ့ကြောင်း သတိမထားမိကြသူများပေါပေ လိမ့်မည်။ ထိုကိစ္စကိုမပြောမီ ရေကြောင်းချီစစ်သူကြီးလော့ဒ် မောင့်ဘက်တန်အကြောင်းကို ပြန်ကောက်တင်ပြဖို့ လို မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့တံဆိပ်တော် ချီးမြှင့်ခံရသော မောင့်ဘက်တန်။ ၁၉၇၉ ခုနှစ် အိုင်အာရ် အေ သောင်းကျန်းသူတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရချိန် တွင် မြန်မာတစ်နိုင်ငံလုံး သုံးရက်တိတိ အလံတစ်ဝက်ချ ကာ အလေးပြုခဲ့သော မောင့်ဘက်တန်သည် မှန်တာလုပ်ဖို့ ဆိုလျှင် နိုင်ငံရေးသမားများကို မမှုတတ်သူဖြစ်သည်။ ဗြိတိ သျှအစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် တွန့်ဆုတ် နေချိန်တွင် ညစာစားပွဲတစ်ခုကျင်းပစဉ် နောင်တော်ဂျော့ ဘုရင်မင်းမြတ်က မြန်မာနိုင်ငံကို လွတ်လပ်စေချင်သည့် ဆန္ဒတော်ရှိကြောင်း ထုတ်ပြောကာ အစိုးရကို အကျပ်ရိုက် စေခဲ့သူဖြစ်သည်။
ဝန်ကြီးချုပ်ချာချီက မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့်စွဲချက်တင်ရန် စီမံ နေချိန်တွင် မဟာမိတ်တစ်ဦးအဖြစ် လက်တွဲပြခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကို ခင်ဗျားချာချီ လုပ်မှာလား၊ ဝယ်လင်တန်လုပ်မှာလား ပြတ်ပြတ်သားသား ဆုံးဖြတ်ပါဟုလည်း တိုက်တွန်းခဲ့သူဖြစ်သည်။ ချာချီသည် အရပ်သား ဝန်ကြီးချုပ်ခေါင်းဆောင်ကြီးဖြစ်ပြီး ဝယ်လင် တန်မှာမူ စစ်သူကြီးဖြစ်သည်။ အရပ် သားနိုင်ငံရေးခေါင်း ဆောင် လုပ်မှာလား၊ စစ်တပ်ခေါင်းဆောင် လုပ်မှာလား ပြတ်ပြတ်သားသား အရွေး ခိုင်းခြင်းဖြစ်သည်။ အမှန်တော့ သူပြောသောစကားသည် အရပ်သားအုပ်ချုပ်ရေးနှင့် စစ် တပ်ကို ခွဲခြားစေ လို၍ ပြောဟန်ရှိသော်လည်း သူဆိုလို သည့် ရည်ရွယ်ချက်နှင့် သိပ်မကိုက် ဖြစ်နေသည်။
အဘယ် ကြောင့်ဆိုသော် ပြင်သစ်ဧကရာဇ်နပိုလီယံကို အနိုင်ရခဲ့ သော စစ်သူကြီး ဝယ်လင်တန်စော်ဘွား ကြီးသည် အရပ် ဘက်အုပ်ချုပ်ရေးတွင်လည်း ဗြိတိန်ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့သူဖြစ်နေသည်။ ဒုတိယ ကမ္ဘာစစ်ပြီးခါစ မောင့်ဘက် တန်ပြောခဲ့သော စစ်တပ်နှင့်နိုင်ငံရေး ခွဲခြားမှုစကားသည် နောက်တွင်သူကိုယ် တိုင် လုပ်ခဲ့သော လုပ်ရပ်တစ်ခုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေမည်ကိုမူ မောင့်ဘက် တန် ရိပ်မိခဲ့ ပုံမပေါ်။
လေဘာပါတီမှ ဗြိတိသျှဝန်ကြီးချုပ် ဟဲရိုးဝီလဆင် သည် ၁၉၇၆ တွင် တာဝန်မှနုတ်ထွက်ခဲ့ရသည်။ သူ နိုင်ငံ ရေးလောကမှ အနားယူချိန်တွင် အသက်မှာ ၆ဝအရွယ် သာရှိသေးသည်။ နိုင်ငံရေးအရ အနာဂတ်များတောက်ပ နေဆဲအချိန်တွင် အများကို အံ့အားသင့်စေခဲ့သော အရွှေ့အပြောင်းတစ်ခုလည်းဖြစ် ခဲ့သည်။ အဘယ်ကြောင့် ထိုကဲ့ သို့ ဗြုန်းစားကြီး နုတ်ထွက်သွားရလေသနည်း။ ဤအဖြေ ကိုဖော်ထုတ်ရန် ဟဲရိုဝီလဆင်တစ်ယောက် သူဦးဆောင် သော လေဘာပါတီ၏ ခေါင်းဆောင်ဖြစ်လာခါနီးအခြေအနေများကို အရင်ဆုံး ပြန်ပြောင်းသုံးသပ်ဖို့ လိုပေလိမ့် မည်။
ရှေးဦးစွာ ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် သတင်း အပြန်အလှန်ဖလှယ်ဖက်ဖြစ်သော အမေရိကန် စီအိုင်အေ တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဂျိမ်းစ်ဂျီးဇတ်အန်ကလင် တန်လက်သို့ ရရှိထားသော သတင်းများကို ဖော်ပြရပေ လိမ့်မည်။ ဆိုဗီယက်တို့ဘက်မှထွက်ပြေးခိုလှုံလာသူ ဗိုလ် မှူးအန်နတိုဗလစ်စီက အနောက်နိုင်ငံ ခေါင်းဆောင်များ ကို ဖယ်ရှားသုတ်သင်ကာ သူတို့မြှုပ်နှံထားသူများဖြင့် အစား ထိုးမည့် အစီအစဉ်ကို စီအိုင်အေအား ပြောပြခဲ့သည်။
ဗြိတိ သျှလေဘာပါတီတွင် ၁၉၅၅ခုနှစ်ကတည်းက ပါတီခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သူ ဟျူးဂိတ်စ ကဲ့လ်သည် ၁၉၆၃ ခုနှစ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကာ ဟဲရိုဝီလဆင် က မမျှော်လင့်ဘဲ ဆက်လက် တာဝန်ယူခဲ့ရသည်။ ကွယ်လွန် သွားသော ပါတီခေါင်းဆောင် ဟျူးဂိတ်စကဲ့လ်သည် မကြာခင်က ဆိုဗီ ယက်ကောင်စစ်ဝန်ရုံးသို့ လက်ဖက်ရည်သောက် သွားရောက်ခဲ့ကာ ဘီစကစ်မုန့်အချို့ကို စားသုံးပြီးနောက် အလွန်ဖြစ်ခေါင့်ဖြစ်ခဲ လူးပတ်စ်ဟုခေါ်သော ရောဂါတစ် မျိုးဖြင့် သေဆုံးခဲ့သည်။ တစ်ဖက်တွင်လည်း ပါတီခေါင်း ဆောင်ဖြစ်လာသော ဟဲရိုဝီလဆင်သည် ဆိုဗီယက်ပြည် ထောင်စုသို့ မကြာခဏ ခရီး သွားရောက်ခဲ့သူလည်း ဖြစ် သည်။ သို့ဖြစ်ရာ အမေရိကန်တို့ထံမှ သတင်းစကားကြို တင်ထားသော ဗြိတိန်တပ်မတော်အနေဖြင့် ဟဲရိုဝီလဆင် အပေါ် သံသယဖြစ်မိသည်မှာလည်း မဆန်းပေ။
ဟဲရိုဝီလဆင်၏ အကြီးတန်းအတိုင်ပင်ခံအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူ လော့ဒ်ဒေါနေဟျူးက ဝန်ကြီးချုပ် သည် အာဏာမရခင် အတိုက်အခံခေါင်းဆောင်ဘဝ၌ ရန်သူထံမှ တစ်စုံတစ်ခုသော ကျေးဇူးကိုလက်ခံမိ ခဲ့ခြင်း၊ သို့မဟုတ် အားနည်းချက်တစ်ခုခုအတွက် အပေါ်မခံနိုင်ဘဲ အကျပ် ကိုင်ခံထားရခြင်းဖြစ်နေကြောင်း သူ၏ အမူအရာများက အသေအချာကို ပြသနေသည်ဟု နောက်ပိုင်းတွင် ထုတ် ဖော်လာခဲ့သည်။
ထိုသို့သောအခြေအနေတွင် ဘုရင်မ၏ ဘထွေးတော် လည်းဖြစ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လည်းဖြစ်သော လော့ဒ်မောင့်ဘက်တန်နှင့် ခရောမန်တီ စော်ဘွားတို့သည် ဘုရင်မ၏မယ်တော် မိဖုရားကြီးထံ ခစား ဝင်ကာ တိုင်းပြည်၏အခြေအနေများကို ရွှေနားတော် ပေါက်အောင် သံတော်ဦးတင် ကြသည်။ သို့သော် ထိုသို့တင်း မာနေချိန်တွင် နိုင်ငံရေးသုခမိန်တို့သည် လာမည့် ၁၉၇ဝ ရွေးကောက် ပွဲ၌ လေဘာပါတီက ပြန်လည်အနိုင်ရဖွယ် မရှိသဖြင့် ဝန်ကြီးချုပ်ဟဲရိုဝီလဆင်သည် ရာထူးဆက်လက် တည်မြဲရန် အကြောင်းမရှိဟုသုံးသပ်ကြသည်။ သို့ဖြစ်ရာ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ဖို့မလိုဘဲ သည်အတိုင်း ကြည့်နေကြရန် ဆုံးဖြတ်လိုက်ကြသည်။ မှန်းထားသည့် အတိုင်း ရွေးကောက်ပွဲတွင်ရှုံးနိမ့် ကာ သူ့နေရာတွင် ကွန် ဆာဗေးတစ်ပါတီမှ အက်ဒွပ်ဟိသ်က ဝန်ကြီးချုပ်ဖြစ်သွား ခဲ့လေသည်။
နောက်လေးနှစ်အကြာ ၁၉၇၄ခုနစ်တွင် ဟဲရိုဝီလဆင် က နောက်ထပ်တစ်ဖန် ဝန်ကြီးချုပ်ဖြစ်လာပြန်သော အခါ အစိုးရနှင့် စစ်တပ်အသိုင်းအဝိုင်းအကြား စိုးရိမ်ပူပန်မှုများ ဖြစ်လာပြန်သည်။ ဒုတိယအကြိမ် ဝန်ကြီးချုပ်လုပ်နေသည့် ကာလအတွင်း စက်ရုံအလုပ်ရုံသပိတ်များနှင့် အိုင်အာရ် အေသောင်းကျန်းသူ များ၏ ဖောက်ခွဲဖျက်ဆီးမှုများနှင့် လည်း ကြုံတွေ့ရသည်။ နောက်ပိုင်းဝန်ခံချက်များအရ ဗိုလ်မှူး အလက် ဇန္ဒားဂရင်းဝုဒ်က ဗြိတိသျှစစ်တပ်အတွင်း ပြင်ဆင်မှုများကို ၁၉၇၃ လောက်ကတည်းက ပြန်လည်ပြု လုပ်နေပြီဖြစ်ကြောင်း ပြောကြားသွားသည်။
ဗိုလ်ချုပ်ကြီး ဆာဝေါ်တာဝေါကာက ထိုအဖွဲ့ကို ဦးဆောင်ကာ တိုင်း ပြည်တွင် အစိုးရယန္တရား ရပ်ဆိုင်း သွားသည့်အခါမျိုးတွင် မည်သို့မည်ပုံ ဝင်ရောက်ထိန်းသိမ်းကြမည်ကို တိုင်ပင် ကာ စီမံချက်များ ရေးဆွဲ ထားပြီးဖြစ်သည်။
သူတို့၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးသမား များ မစွမ်းဆောင်နိုင်ချိန်တွင် အရှင်နှင့်နိုင်ငံတော်ကို ကာ ကွယ်စောင့်ရှောက်သွားရန်ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ် ချုပ်ကြီးမောင့်ဘက်တန်က ဗိုလ်ချုပ်ကြီးဝေါကာ ထံသို့ ဖုန်း ဆက်ကာ အကယ်၍ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက် တာ လုပ်ဖို့လိုပြီဆိုလျှင် သူ့ထံ အသိပေးဖို့ ညွှန်ကြားလိုက် သည်။ သို့နှင့် ဗိုလ်ချုပ်ကြီးဝေါကာသည် တပ်မတော်က တာဝန်ယူရသည့် အနေအထားမျိုး ရောက်လာသည့်အခါ တိုင်းသူပြည်သားများအနေဖြင့် တပ်မတော်ကို ဝန်းရံအား ပေးကြရန် တိုက်တွန်းသော ဘုရင်မ၏အရေးပေါ်မိန့်ခွန်း တစ်ရပ်ကိုလည်း အသင့်ရေးသား ပြင်ဆင်ထား လိုက်လေ တော့သည်။
ထိုမတိုင်ခင်က ထောက်လှမ်းရေးတပ်မှူးတစ် ဦးဖြစ်သူ ဘရာယန်ခရိုဇီယာသည် ကွန်မြူနစ်များ၏ ထိုး ဖောက်ဝင်ရောက်နေမှုအန္တရာယ် မြင့်တက်လာပုံနှင့် တိုင်း ပြည်အတွက် အရေးကြီးသည့်အချိန်ရောက် လျှင် တာဝန်ယူဖို့ အသင့်ဖြစ်စေရန် အမြဲတပ်လှန့်ထားဖို့ လိုအပ်ပုံတို့ကို တပ်မတော်အတွင်းအရာရှိစစ် သည်များ သိရှိဆင်ခြင် နိုင်အောင် သင်တန်းများပို့ချကာ ရှင်းပြထားပြီးလည်း ဖြစ် သည်။
စီမံချက်တွင် အဓိကအခန်းကဏ္ဍသုံးမျိုးပါရှိပြီး ပထမ ကဏ္ဍမှာ လန်ဒန်လေဆိပ်ကို ထိန်းသိမ်းရန်၊ ဒုတိယမှာ ဘီ ဘီစီအသံလွှင့်ဌာနကို သိမ်းပိုက်ရန်နှင့် တတိယမှာ ဘက် ကင်ဟန်နန်းတော်ကို အခိုင်အမာ စခန်းချပြီး ဘုရင်မ၏ လုံခြုံရေး အန္တရာယ်မကျရောက်ရေးအတွက် စောင့်ရှောက် ရန်တို့ဖြစ်သည်။ အမ်အိုင်ဖိုက် အကြီးအကဲတစ်ဦးဖြစ်သူ ဆာရော်ဂျာဟောလစ်သည် ဆိုဗီယက်တို့ထံမှ အမေရိက သို့ထွက်ပြေးခိုလှုံ လာသော နောက်ထပ်အရာရှိတစ်ယောက်၏ အစစ်ခံချက်အရ ဟဲရိုဝီလဆင်သည် ဆိုဗီယက်ဘက် တော် သားတစ်ဦးဖြစ်ကြောင်း သတင်းကိုရရှိပြီးဖြစ်သည်။
ယင်းသတင်းကို အမေရိကန်စီအိုင်အေက လွှဲပြောင်းပေးခဲ့ တာဖြစ်သည်။ သို့ရာတွင် အမ်အိုင်ဖိုက်ဘက်က သတင်း ရရှိသော်ငြားလည်း တစ်နည်းနည်းဖြင့် အရေးယူဆောင် ရွက်ခြင်း မပြုနိုင်ဖြစ်နေသောကြာင့် အမေရိကန်တို့သည် ဗြိတိသျှထောက်လှမ်းရေးကွန်ရက်အတွင်းမှာပင် ဆိုဗီယက် သူလျှိုများ ဝင်ရောက်နေ ရာယူထားလေမလားဟု သံသယ ဖြစ်မိသွားသေးသည်။
ထိုအစိုးရသက်တမ်းအတွင်းမှပင်လျှင် ပေါင်ငွေတန် ဖိုးများ လျှော့ချလိုက်ရခြင်းနှင့် ပတ်သက်သော ပြဿနာ များကို ဖြေရှင်းရန် ဝန်ကြီးချုပ်ဟဲရိုဝီလဆင်သည် အမေရိကန်နိုင်ငံကို အကူအညီတောင်းကာ အပြန်အလှန် အား ဖြင့် ဗြိတိန်ကလည်း အမေရိကန်တို့ အခက်အခဲဖြစ်နေ သော ဗီယက်နမ်စစ်ပွဲအတွက် လို အပ်နေသော ပံ့ပိုးကူညီ မှုများကို ပြန်လည်ပေးအပ်မည်ဟု စကားကမ်းလှမ်းထား သည်။ ၁၉၇၆ အရောက် တွင် ကြိုတင်ချမှတ်ထားသော စီမံ ချက်များအတိုင်း လန်ဒန်မြို့ ဟိသရိုးလေဆိပ်ကို တပ်များ ဖြင့် ဝိုင်းရံထား လိုက်ပြီဖြစ်သည်။ ပြည်သူလူထုကမူ ထိုသို့ သော တပ်အပြောင်းအရွှေ့များကို အကြမ်းဖက်မှုကာကွယ် ရေး အတွက် ကြိုတင်ကာ စစ်ရေးလေ့ကျင့်နေခြင်းသာဖြစ်သည်ဟု မှတ်ယူထားခဲ့သည်။ ဝန်ကြီးချုပ်၏အယုံ ကြည်ရဆုံးသော လက်ထောက်ဖြစ်သူ မာစီယာဝီလျံနှင့် ဝန်ကြီး ချုပ်တို့သည် ယခုလို တပ်များ ပြောင်း လဲနေရာချနေခြင်း သည် အများကို ကြေညာထားသကဲ့သို့ အကြမ်းဖက်ရန် ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်နေခြင်းသက်သက် မဟုတ်ကြောင်း ကောင်းကောင်းရိပ်မိကြသည်။
နှစ်ဦးသား ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်တွင် တိုင်းပြည်၌ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်၏ အတိမ်အနက် ကို ဆွေးနွေးကြရင်း သူတို့နှစ်ဦး များမကြာမီ ယခုအတိုင်း ဆက်သွားပါက လန်ဒန်မျှော်စင် သို့ပြောင်းရွှေ့ကာ အချုပ် ကျခံရဖွယ်ရှိကြောင်းလည်း ရိပ်မိလာကြသည်။ များမကြာ မီ ဝန်ကြီးချုပ်သည် အများထင်မထားသည့် မိမိတာဝန်မှ နုတ်ထွက်တော့မည့် လျှောက်လွှာကို ဘုရင်မလက်သို့ ဆက် သွင်းတော့မည်ဟု ကြေညာခဲ့တော့သည်။ ဟဲရိုဝီလဆင်သည် နိုင်ငံရေးသမားတစ်ဦးဖြစ်သလို ရွေးကောက် တင်မြှောက်ထားသော တိုင်းပြည်ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။ ¤င်းကို အင်အားသုံးကာ ဖြုတ်ချ ပါက အခက်အခဲရှိမည်ကိုလည်း ဗြိတိသျှတပ်မတော်အသိုင်း အဝိုင်းက သိနေသည်။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီး တစ်ခုအဖြစ် ရပ်တည်နေသော ဗြိတိန်အဖို့ ဖြေရှင်းရခက် သော အနေအထား တွင်ရောက်ခဲ့ပြီဖြစ်သည်။ အခက်အခဲ အဖြစ်ရဆုံးမှာ အနောက်အုပ်စုနှင့် ကွန်မြူနစ်များ စစ်အေး တိုက်ပွဲအားဖြင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရချိန်ဖြစ် သောကြောင့် လုံခြုံရေးနှင့်သက်ဆိုင်သော ထောက် လှမ်းရေး အချက်အလက်များမှာ အများမြင်သာအောင် ချပြရန်ဖို့ လက်တွေ့တွင် မည်သို့မျှမဖြစ်နိုင်သော အနေအထားဖြစ် သည်။
နောက်ဆုံးတွင် ဗြိတိသျှတို့၏ ထုံးစံအတိုင်း သိက္ခာ ရှိရှိဖြင့် ပိပိရိရိဖြေရှင်းသွားကြသည်။ ရလဒ်အားဖြင့် ဝန် ကြီးချုပ်ကို တပ်ကအင်အားသုံးကာဖြုတ်ချပြီး မူလအစီ အစဉ်အတိုင်း ဗိုလ်ချုပ်ကြီး မောင့်ဘက် တန်ခေါင်းဆောင် သော ပါတီနိုင်ငံရေးသမားများမပါသည့် အရေးပေါ်အစိုးရ တစ်ရပ်ကို ဘုရင်မ၏ တစ်ချက်လွှတ်အမိန့်ဖြင့် ဖွဲ့စည်း သည့်အခြေအနေအထိ မရောက်လိုက်ရဘဲ ဝန်ကြီးချုပ် ကိုယ်တိုင်က နုတ် ထွက်လွှာကို ဆက်သွင်းသွားတော့သည်။ သို့ရာတွင် မည်သို့မည်ပုံ တိုက်တွန်းမှု၊ ညှိနှိုင်းမှုများကြောင့် နုတ် ထွက်သွားရသည် ဆိုသည်ကိုကား ယနေ့တိုင်း သဲသဲ ကွဲကွဲ မသိရသေးချေ။
ကမ္ဘာပေါ်ရှိ အထင်ကရ ဒီမိုကရေစီနိုင်ငံကြီးများသည် ပင်လျှင် သူတို့နိုင်ငံရေးအခက်အခဲ ကြုံတွေ့သည့် အခါ ခပ် သိမ်းသောကာလ၌ အများထင်သလို သမားရိုးကျနည်း လမ်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်မ ဟုတ်ကြောင်း တွေ့နိုင်ပေ သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ချာချီလုပ်မ လား၊ ဝယ်လင်တန်လုပ် မလားဟု မေးခွန်းထုတ်ခဲ့သူ မောင့် ဘက်တန်သည် နောင်အနှစ်သုံးဆယ်လောက် ကြာသည့် အခါတွင် ဗြိတိန်နိုင်ငံရှိ ဝန်ကြီးချုပ်တစ်ဦးကို တပ်မတော် မှ ဖြုတ်ချနိုင်ခဲ့သည့် လှုပ်ရှားမှုကြီးတွင် အရေးအကြီးဆုံး နေ ရာမှ ကိုယ်တိုင်ပါဝင်ရလိမ့်မည်ကို မရိပ်မိမှာ သေချာ သလောက်ရှိသည်။
သို့သော် နောက်ပိုင်း အမှန်တကယ် စစ်တပ်မှ နိုင်ငံရေး၏အဓိကကျသောပြောင်းလဲမှုကို မဖြစ် မနေ ဝင်ရောက်လုပ်ကိုင်သော အချိန်တွင်မူကား တစ်ချိန် က ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့မိသည့်စကား အား ပြန် လည် အောက်မေ့ကောင်း အောက်မေ့နေပေလိမ့်မည်ဖြစ် တော့သည်။ ။
အေးနေဝင်း
#TheYangonTimes

No comments:
Post a Comment