Thursday, May 21, 2015

''ပုဒ်မ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်အား ဦးတည်ရေးဆွဲထားခြင်း မဟုတ်ပါ''


ပုဒ်မ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦးတည်ရေးဆွဲထားခြင်း မဟုတ်သော် လည်း အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာ လျာထားခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာသာရရှိ ခဲ့ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေးဝန်ကြီးဦးရဲထွဋ် က မေ ၁၈ ရက် နိုင်ငံရေးပါတီများနှင့် နိုင်ငံတော် သမ္မတတွေ့ဆုံပွဲ၌ ပြောသည်။
ဝန်ကြီးဦးရဲထွဋ်က ''ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်တာကတော့ လူတိုင်းမှာ ကိုယ့်အမြင်သူ့အမြင် ပြောခွင့်ရှိ တယ်။ ဆုံးဖြတ်ခြင်း၊ မဆုံးဖြတ်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်းပဲ လွှတ်တော် မှာ သွားမယ်၊ ပြီးရင် ပြည်သူတွေထံက သွားမယ်။ ဒီလိုပဲသွားရမှာပဲ။ နောက် တစ်ခုက ဒေါ်အောင်ဆန်း စုကြည် ကို ရည်ရွယ်ပြီး ရေးဆွဲတယ်ဆိုတာကို ကျွန်တော် လက်မခံဘူး။ 
အဲဒါကြောင့် ဝန်ကြီးချုပ်ဦးမြင့်ဆွေတောင် ပုဒ်မ ၅၉(စ)နဲ့ငြိလို့ ဒုသမ္မတနေရာ လျာ ထားခြင်းခံရပေမယ့် ရန်ကုန်တိုင်းဝန် ကြီးချုပ်နေရာပဲ ရခဲ့တယ်''ဟု ပြော သည်။

အလားတူ မေ ၁၆ရက် ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြို့လူထု နှင့်တွေ့ဆုံပွဲ၌ ''သမ္မတနေရာက မက်မောလောက်စရာမရှိဘူး။ ဒါပေမဲ့ သမ္မတ နေရာကတော့ လုပ်ပိုင်ခွင့်ရှိတယ်။ ၅၉(စ) ဆိုတာ ကျွန်မကို သမ္မတမဖြစ် အောင် ထည့်သွင်းတားတဲ့ပုဒ်မပါ။ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ သတ္တိရှိရင် ပြောင်း လိမ့်မယ်၊ သတ္တိမရှိရင် မပြောင်းဘူး''ဟု ၄င်း၏အမြင်ကို ပြော ဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ¤င်းတို့ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မှလွဲ၍ ကျန်သော ပါတီကိုယ်စားလှယ်များကို ရွေးချယ်ရန်မရှိဟု ပြောဆိုထားပြီးဖြစ်သည်။

ထို့အတူ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းက ပုဒ်မ၅၉(စ)သည် ပြင်ဆင်ရန် မသင့်သော ပုဒ်မဟု ရန်ကုန်တိုင်းမ်သို့ ပြော ဆိုခဲ့သည်။

#TheYangonTimes

No comments:

Post a Comment

My Blog List