Friday, May 22, 2015

အမျိုးသားပညာရေးဥပဒေရေးဆွဲရာတွင် မည်သူ့ကိုမျှ သဘောကျအောင် လုပ်ရန်မလို၊ အကောင်းဆုံးဖြစ်ရန်သာလိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော


အမျိုးသားပညာ ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်ပတ်သက်ပြီး မည်သူ့သဘော ကျမျှလုပ်မည် မဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ကျောင်း သား၊ ကျောင်းသူများကို ပြော ကြားခဲ့သည်။
မေ ၂၁ရက်တွင် လွှတ်တော်သို့ လာရောက်လေ့လာသော ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သန်လျင်နည်း ပညာတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများကို ဒေါ်အောင် ဆန်းစုကြည်က ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တွေ့ချင်တယ်။ တွေ့ချင်တယ်ဆိုတာက အမျိုးသားပညာ ရေး ဥပဒေက ပြီးသွားရင် အဆင့် မြင့်ပညာရေးဥပဒေကိုဆွဲရမှာ။ အဲဒီ တော့ အဆင့်မြင့် ပညာရေးဥပဒေ ဆွဲ တဲ့ ကော်မတီရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်ဆိုတော့ ဒီဟာတွေကိုလဲ ဆွေးနွေးချင်တယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့လဲ အခုပြည်ထောင်စု လွှတ် တော်အဆင့်ကို ရောက်မှာပေါ့ ။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် ရမှာပေါ့။ ဟိုဘက် ဒီဘက်အမြင်တွေ ကိုလဲ ဖလှယ်ဖို့လိုတယ်။ အမေတို့က တော့ ရှင်းရှင်းလင်းလင်းပဲ။ ဒီဥပ ဒေကို ဆွဲတဲ့နေရာမှာ ဘယ်သူ့ကိုမှ သဘောကျအောင် လုပ်ဖို့မလိုဘူး။ အကောင်းဆုံးဖြစ်ဖို့ပဲလိုတယ်။ အခု ကအစုအဖွဲ့တွေရှိတယ်။ ကျောင်း သားတွေရှိတယ်။ NNER ရှိတယ်။ပညာရေးဝန်ကြီးဌာနရှိတယ်။ အဲဒီတော့ အမေတို့အမြင်ကတော့ အ ကောင်းဆုံး ဥပဒေဖြစ် ဖို့အဓိကထား တယ်။ အကောင်းဆုံးဆိုတာ နိုင်ငံ အတွက် သင့်တော်ရမယ်။ ရေရှည်အတွက်လဲ အဆင်ပြေ ရမယ်။နောက် ပြီးတော့ ဖြစ်နိုင်ခြေလဲ ရှိရမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ် လောင်း ပြောကြားခဲ့ သည်။

ထို့အပြင်ကျောင်းသားသမဂ္ဂ ဝင်မှ ကျောင်းသားကိုယ်စားလှယ် ဖြစ်ရမည်ဟု သဘောထားသည်မှာ မမျှတ ဘဲ သမဂ္ဂဝင် မဟုတ်ပါကလည်း ကျောင်းသားကိုယ်စားလှယ် ဖြစ်ခွင့်ရှိရမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်း စုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ''အခုချိန်မှာ သမဂ္ဂကိစ္စဆိုရင်အများ ကြီး ပြောကြတယ်။ သမဂ္ဂဆိုတာ ကိုယ်ဝင် ချင်ရင်ဝင်နိုင်တယ်။မဝင် ချင်ရင် မဝင်ဘဲနေနိုင်တယ်။တခြား ဒီမိုကရေစီနိုင်ငံတွေမှာလဲ ဒီအတိုင်းပဲ။ အခွင့် အရေးဆိုတာကျောင်းသား အားလုံးမှာ တန်းတူညီတူ ရှိတယ်။သမဂ္ဂဝင်မှ ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုရင် ဒါဟာအမေတို့အမြင်မှာတော့ မမျှတဘူး။ အားလုံးမှာအခွင့်အရေးရှိတယ်။ ကျောင်းသားကိုယ်စားလှယ် ရွေး တယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူ ကလဲ အရွေးခံပိုင်ခွင့်ရှိရမယ်။သမဂ္ဂ ဝင်ကလဲ အရွေးချယ်ခံပိုင်ခွင့် ရှိရမယ်။ အများကြိုက်တဲ့လူဖြစ်ရမှာပေါ့။ ဒီလို စိတ်ဓာတ်တွေဖြစ်စေချင်တယ်။ အ မြင်ကျယ်ကျယ်နဲ့ကြည့်စေချင် တယ်''ဟု ကျောင်းသား၊ ကျောင်းသူများကို ပြောကြားခဲ့သည်။

ယင်းအပြင် ဥပဒေဆိုသည်မှာ သက်ရောက်မှု၊ လက်တွေ့ကျမှုရှိရ မည်ဖြစ်ပြီး စိတ်ကူးယဉ် အိပ်မက်အ ဆင့်ဖြင့်မဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က တက္ကသိုလ်ကျောင်း သူ၊ ကျောင်းသားများအား ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ''ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ စကြ ဝဠာကြီးမှာ အကောင်းဆုံးဆိုတဲ့ ဥပ ဒေဆွဲပြီးတော့ ဒီနိုင်ငံမှာ သက် ရောက်မှု မရှိနိုင်တဲ့အခြေအနေမရှိ ရင် အလကားပဲ။

ဥပဒေဆိုတာသက် ရောက်မှုရှိဖို့လိုတယ်။ လက်တွေ့ကျရမယ်။ စိတ်ကူးယဉ် အိပ်မက်အဆင့် နဲ့ ပြီးလို့မဖြစ် ဘူး။ ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင်စဉ်းစားပြီး တော့ ပါဝင်စေချင်တယ်။ကိုယ် တိုင်စဉ်းစား ပြီးတော့ ပါဝင်စေချင် တယ်ဆိုတာက ဘယ်အစုအဖွဲ့ဘယ် နိုင်ငံရေးပါတီရဲ့ သဘောထားတွေကို ကြည့် ပြီးတော့မှ မဟုတ်ဘဲနဲ့ကိုယ့်ဘာ သာကိုယ် သုံးသပ်လေ့လာစေချင်တယ်''ဟု ကျောင်းသားကျောင်းသူ များကို ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားကျောင်းသူဘဝမှာ ပျမ်းမျှလေးနှစ်သာရှိသော်လည်းအချို့မှာအသက် ခြောက် ဆယ် ကျော်သွားသော်လည်း ကျောင်းသားပဲဖြစ်နေသည်ကိုတွေ့ရှိရသည့်အတွက် ရင့်ကျက်မှုရှိဖို့ လိုနေပြီဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၏ လက်ရှိအခြေ အနေမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အတည် ပြုချက်သဘောထားများမှ ကွဲလွဲ လျက်ရှိသဖြင့် ပြည်ထောင်စုလွှတ်
 တော်တွင် ဆုံးဖြတ်အတည်ပြုတော့ မည့်အချိန်ဖြစ်သည်။

လက်ရှိပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်တွင် လည်း ကျောင်းသားအဖွဲ့အစည်းများ အကြားသဘောထားကွဲလွဲ ချက် အချို့ ရှိနေကြောင်း သိရသည်။

YM, MO
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List