Wednesday, May 20, 2015

ခြောက်ပွင့်ဆိုင် ထပ်မံတွေ့ဆုံရေး အစိုးရ တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ယခုလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကိစ္စကို အစိုးရက တက်တက်ကြွကြွ လုပ်ဆောင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က ပြောကြားသည်။
“တက်တက်ကြွကြွတော့ မမြင်ဘူး။ အန်တီတို့ကတော့ ဆန္ဒအများကြီး ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ပထမအကြိမ်တွေ့ဆုံခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲ ရလဒ်တွင် မေလ အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်လျှင် တွေ့ဖြစ်အောင်စီစဉ်မည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မေလ ၁၁ ရက်က The Voice သို့ ပြောဆိုခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်သည် မေလ ၁၃ ရက် ညနေ ၃ နာရီက ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း ယနေ့ တိုင် တွေ့ဆုံမှုမရှိသေးသောကြောင့် ကြန့်ကြာမှုများ မြင်တွေ့နေရကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ထောက်ပြပြောဆိုလျက် ရှိသည်။

လက်ရှိအခြေအနေတွင် မေလ ၂၂ ရက်၌ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး ဖြစ်လာနိုင်သည် ဟု မျှော်လင့်ကြောင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးတွင် လွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားများ ကိုယ်စား ရွေးချယ်ခံထားရသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ခန့်မှန်းသုံး သပ်သည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် နိုင် ငံတော်သမ္မတ၏ တုံ့ပြန်ချက်သည် ရှင်းလင်းပြတ်သားမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ လ ၁၉ ရက်က ဝေဖန် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List