Monday, May 18, 2015

ထိုင်းနိုင်ငံ စမွတ်ပကန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဖမ်းဆီးခံခဲ့ရသည့် အထောက်အထားမဲ့ရွှေ့ပြောင်း လုပ်သား၈၅ ဦးတွင် မြန်မာလုပ်သား ၁ဝဦးပါဝင်


စမွတ်ပကန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ တရားမ ဝင်ရွှေ့ပြောင်း လုပ်သား ၈၅ ဦးဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ရွှေ့ပြောင်းလုပ်သားများတွင် မြန်မာလုပ်သား ၁၀ ဦးပါဝင်ကြောင်း သိရသည်။
မေ ၁၆ရက်နံနက်ပိုင်းတွင် မောင်းခရိုင် စမွတ်ပကန်မြို့ရှိ The Miami Bang pu ဆောက်လုပ် ရေးလုပ် ငန်းခွင်သို့ ဘန်ပူရဲစခန်းမှ ရဲအရာရှိများက ဝင်ရောက်စီးနင်း ရာတွင် ယင်းတရားမဝင်အလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးစစ်ဆေးမှုများတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ကမ္ဘောဒီး ယားနှင့်မြန်မာလုပ်သား ၂၀၀ ကျော်ကို ဘန်ပူရဲစခန်းသို့ ခေါ် ဆောင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးမှုအရ မြန်မာလုပ်သား ၁၀ ဦးနှင့် ကမ္ဘောဒီးယားလုပ်သား ၇၅ ဦးတို့ကို အထောက်အထားမဲ့များအဖြစ် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင် ရောက် လာခြင်းဖြစ်သည်ကို စစ်ဆေး တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန က ဖော်ပြထားသည်။

ယခုအချိန်တွင် အဆိုပါ ဖမ်းဆီးရမိခဲ့သူများကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုရန် ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ကျန်အလုပ်သမားများ၏ အလုပ် သမားကတ်များကို အလုပ်ရှင်မှ ရဲ တပ်ဖွဲ့ထံပြ သခဲ့ခြင်းကြောင့် ပြန် လည် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Photo Caption: ဖမ်းဆီးရမိသည့် တရားမ၀င်လုပ်သားများအား တွေ့ရစဉ်။
ဓာတ်ပုံ: Bangkok Post
ZCH,KM
#Democracytoday

No comments:

Post a Comment

My Blog List