Friday, May 22, 2015

ဆီးရီးယား ရှေးဟောင်းမြို့ အိုင်အက်စ်လက်ထဲ အလုံးစုံ ကျရောက်







ဆီးရီးယားရဲ့ ရှေးဟောင်းမြို့တော် ပါလ်မိုင်ရာဟာ အစိုးရဘက်က တပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီး အစ္စလာ မ္မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တွေရဲ့လက်ထဲ အလုံးစုံ ကျရောက်သွားပြီး စစ်တပ်လေဆိပ်နဲ့ တဒ်မူရာ အကျဉ်းထောင်လည်း ပါဝင်တယ်လို့ စစ်သွေးကြွအဖွဲ့က တွစ်တာ စာမျက်နှာကနေ  မေ ၂၁ ရက်က ထုတ်ပြန်ပြောဆိုပါတယ်။
ပါလ်မိုင်ရာမြို့ခံတွေ ဘေးကင်းလုံခြုံဖို့ ဆောင်ရွက်ပြီးချိန်မှာ မြို့ကို အစိုးရ ကာကွယ်ရေးတပ်ဖွဲ့တွေ စွန့်ထားခဲ့ရပြီလို့ ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက မေ ၂၁ ရက် နေ့မှာ ကြေညာသွားပါတယ်။

အိုင်အက်စ်အကြမ်းဖက်တွေဟာ မြို့ထဲကို အလုံးအရင်းနဲ့ ၀င်လာပြီး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ ကို ၀င်ရောက်ဖို့ ကြိုးစားလာပါတယ်။

မြို့သူမြို့သားတွေကို သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှု မခံရအောင် ထွက်ပြေး လွတ်မြောက်သွားမှ ဆီးရီးယား အမျိုးသားကာကွယ်ရေးတပ်က မြို့ကို စွန့်ခွာခဲ့တာပါလို့ သတင်းထောက်က ပြောပါတယ်။

ခုဆိုရင် အစ္စလာမ်မ္မနိုင်ငံတော်အဖွဲ့(အိုင်အက်စ်)တွေဟာ ဆီးရီးယားနယ်မြေ တ၀က်ကျော်လောက်ကို ထိန်းချုပ်ထားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောဆိုပါတယ်။

ဒီအစွန်းရောက်အုပ်စုဟာ အီရတ်က ရှေးဟောင်းအမွေအနှစ်တွေနဲ့ သမိုင်းဝင် အထိမ်းအမှတ်တွေကို ဖျက်ဆီးပစ်လိုက်ပြီး ခုတခါ ရှေးဟောင်းကမ္ဘာ့အမွေ အနှစ်နယ်မြေလည်းဖြစ်၊ ရောမခေတ်က အကြွင်း အကျန် လက်ရာတွေကြောင့် နာမည်ကျော်တဲ့ ပြုပြင်ထိန်းသိမ်းထားတဲ့ ဘုရားကျောင်းတွေ၊ တိုင်လုံးတွေ နဲ့ ပြ ဇာတ်ရုံတွေ တည်ရှိရာ ပါလ်မိုင်ရာမြို့ကို ဖျက်ဆီးပစ်မှာကို စိုးရိမ်နေရပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းရေးအဖွဲ့(ယူနက်စကို) ရဲ့ ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာ ဘိုကိုဗာက ကမ္ဘာ့အမွေအနှစ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆို ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List