Monday, May 18, 2015

မြန်မာရေလုပ်သား ၁၂၈ ဦး ထပ်မံရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းများပေါ်တွင် ခေတ်သစ် ကျွန်ပြု စေခိုင်းခံရသည့် မြန်မာရေလုပ်သား ၅၀၀ ကျော် အနက် ၁၂၈ ဦး သည် မေလ ၁၇ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ထပ်မံရောက်ရှိ
လာခဲ့သည်။
မေလ ၁၇ ရက်ညက မြန်မာ ရေလုပ်သား ၁၂၈ ဦးကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် ကမ္ဘောဇအုပ်စုတို့က စင်းလုံးငှားလေယာဉ်ဖြင့် ဒုတိ ယအကြိမ် အခမဲ့ခေါ်ဆောင်ခဲ့ ခြင်း ဖြစ် သည်။ မေလ ၁၄ ရက်က လည်း စင်းလုံးငှားလေယာဉ်ဖြင့် ၁၂၅ ဦး ခေါ်ဆောင်လာခဲ့သည်။

‘‘ဒီနေ့က မြန်မာရေလုပ်သား ၁၂၈ ဦး ပြန်လာတာပါ။ မြန် မာရေ လုပ်သားတွေ ရဲ့ လုပ်အားခလစာတွေ ကိုလည်း ပြန်ရအောင် ဆွေး နွေးနေကြပါတယ်’’ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြော သည်။

‘‘ကျွန်တော့်လုပ်အားခတွေ ဘတ်ငွေတစ်သိန်းသုံးသောင်း လောက်ရစရာ ရှိတယ်။ အခုတော့တစ်ပြားမှ ပါမလာဘူး။ ကျွန်တော်ဘန်ဂျီးနားကျွန်းမှာ လုပ်ခဲ့တာ ၂ နှစ်ကြာခဲ့ပါတယ်’’ဟု မွန်ပြည် နယ် သထုံမြို့နယ်မှ သွားရောက် လုပ်ကိုင်သော ဦးအုန်းသိန်းက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းပေါ်တွင် ကျွန်ပြုစေခိုင်းခံရ သည့် မြန်မာရေလုပ်သား ၁၃ ဦး နှင့် အင်ဒိုနီး ရှားနိုင်ငံ၌ လူကုန် ကူးခံရသော မြန်မာရေလုပ်သား နှစ်ဦး စုစုပေါင်း ၁၅ ဦး မေလ ၉ ရက်၌ ပထမဆုံး အသုတ် ပြန် ရောက်လာခဲ့သည်။  လက်ရှိအချိန်ထိ မြန်မာရေလုပ်သား ၂၈၁ ဦး ပြန်ရောက်လာပြီး မြန် မာရေလုပ် သား ၂၅၁ ဦး ကျန်ရှိနေသေး ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ခုတွင် လူကုန်ကူးခံရသော မြန်မာ ရေလုပ်သားခြောက်ဦးကိုလည်း အင်ဒိုနီးရှား အခြေစိုက်အပြည် ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သား များအဖွဲ့ချုပ်(IOM)က မေလ ၁၂ ရက်တွင် ရန်ကုန်မြို့ သို့ တင်ပို့ပေးလိုက်သည်။ ပြန်လာရန်ကျန်ရှိနေ သော မြန်မာရေလုပ်သား ၂၀၀ကျော်ကိုလည်း အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI )က မေလ ၁၈ နှင့် ၂၂ ရက်တို့တွင် အသီးသီး သွားရောက်ခေါ်ဆောင် မည်ဟု MAI မှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ပြန်ရောက်ရှိလာသော မြန် မာရေလုပ်သားများအား လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့မှ တစ်ဦးလျှင် ကျပ်တစ်သိန်း ထောက်ပံ့ပေးနေကြောင်း ရဲမှူး ချုပ် ဝင်းနိုင်ထွန်းက ပြောသည်။


7Day Daily


No comments:

Post a Comment

My Blog List