Monday, May 18, 2015

NLD အစိုးရဖြစ်ပါက ပြည်သူ့ကံကြမ္မာ ပြည်သူဖန်တီးနိုင်အောင် လုပ်ဆောင်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရတစ်ရပ် ဖြစ်လာပါက ပြည်ထောင်စု နိုင်ငံသူ၊ နိုင်ငံသားများ၏ ကံကြမ္မာကို ပြည်ထောင်စု နိုင်ငံ သူ၊ နိုင်ငံသားများကိုယ်တိုင် ဖန်တီးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဓနသဟာယ စစ်သင်္ချိုင်း၌ မေလ ၁၇ ရက်က ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အခမ်းအနား ၌ ပြောကြားသည်။

“အဖွဲ့ချုပ်က အစိုးရဖြစ်ရင် မိမိတို့ရဲ့ စွမ်းအားတွေကို အသားကုန်သုံးပြီးတော့ လုပ်နိုင်တဲ့ နိုင်ငံရေးအခင်း အကျင်း ဖြစ်အောင် လုပ်ပေးသွားမယ်။ ပြည်သူလူထုက ကိုယ့်ရဲ့ကံကြမ္မာတွေ ကိုယ့်ဟာကိုယ် ဆောက် တည်နိုင်တဲ့ အခြေအနေ ဖြစ်အောင်တော့ လုပ်ပေးပါမယ်။ နောက်ဆုံး ဒီနိုင်ငံတိုး တက်အောင် လုပ်ရ မှာ ပြည်သူတွေပဲ ဖြစ်ပါတယ်လို့ ပြောချင်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ဗမာ့နိုင်ငံရေးကို ပြုလုပ်မည် မဟုတ်ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံအရေးကို ပြုလုပ် သွားရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုက မိမိလူမျိုးအတွက် ဦးစားပေးဆောင် ရွက်ရမည် ဆိုသည့် စိတ်ထားထက် ပြည်ထောင်စုနိုင်ငံသား အားလုံးအတွက် လုပ်ဆောင်ရမည်ဆိုသည့် စိတ်ဓာတ်ကို မွေးမြူနိုင်ပါက မြန်မာနိုင်ငံသည် ကြွယ်ဝချမ်းသာမှု၊ တိုးတက်နိုင်မှုကို ပိုမိုမြန်ဆန်စေ မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် မှန်ကန်တရားမျှတမှုဖြင့် ယှဉ်ပြိုင်နိုင်မှသာ စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်လာမည်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်လိုခြင်းဖြစ်ပြီး ရွေးကောက်ပွဲယှဉ်ပြိုင်မှုတွင် မှန်ကန်တရားမျှတမှုဖြင့် ယှဉ်ပြိုင်၍ မရသည့် စည်း မျဉ်း၊ စည်းကမ်းဖြင့် ရွေးကောက်ပွဲကျင်းပခြင်းသည် စစ်မှန်သည့် ဒီမိုကရေစီစနစ် မဟုတ်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ထင်မြင်သုံးသပ်မိကြောင်း ၎င်းက ပြောဆိုသည်။

The Voice Weekly 


No comments:

Post a Comment

My Blog List