Tuesday, May 19, 2015

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်း အိမ်ကွင်းအဖြစ် ရာဇမင်္ဂလာကွင်းကို အသုံးပြုမည်


 မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင် ကစားရာတွင် အိမ်ကွင်းအဖြစ်အသုံးပြု ရန် ထိုင်းဘောလုံး အဖွဲ့ချုပ် မှ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းကို ခွင့်ပြုပေးခဲ့သည်။ ၂၀၁၀ ကမ္ဘာ့ ဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်းတွင် အိုမန်နှင့်ကစားခဲ့သော ပွဲ၌ ပရိသတ်များ အလွန်အကျုးအားပေး မှုကြောင့် အိမ်ကွင်းပိတ်ပြစ် ဒဏ်ကျခံထားရ သဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်များကို ထိုင်းနိုင်ငံတွင် သွားရောက်ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အိမ်ကွင်းပွဲတွေကို ရာဇမင်္ဂလာကွင်းမှာ ကျင်းပဖို့ ထိုင်းဘောလုံး အဖွဲ့ချုပ်နဲ့ ညှိုနှိုင်းမှု အဆင်ပြေပါပြီ။ ထိုင်းဘောလုံး အဖွဲ့ချုပ်က ကျွန်တော်တို့ ကို အများကြီး အကူအညီပေးပါတယ်။ ကျွန်တော် တို့ အခုလို ကိုယ့်နိုင်ငံမှာ အိမ်ရှင်လုပ်ခွင့်မရပဲ သူများနိုင်ငံမှာသွားကစားရတဲ့အတွက် အများကြီး ၀မ်းနည်း ပါတယ်။ ပရိသတ်တွေအနေနဲ့ နောက်ဆိုရင် စည်းကမ်းတကျအားပေးဖို့လည်း တောင်းပန်လိုပါတယ်။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန် ၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ကွင်း၊ အဝေးကွင်းပုံစံကစားရမည်ဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြအဖြစ်ဆားဘီးယား လူမျိုး နည်းပြ အေဗရာမိုဗစ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး ခြေစစ်ပွဲအဖွင့်ပွဲအဖြစ် လာအိုနှင့် မကစားမီ ကမ္ဘောဒီးယားအသင်းနှင့်ခြေစမ်းပွဲကစားရန် စီစဉ် ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List